What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 May 2018 11:35

ဆောင်ရန်၊ ရှောင်ရန် healthy tips များ (၆)

ဆောင်ရန်၊ ရှောင်ရန် healthy tips များ (၆) google.com

ဂေါ်ရခါးသီး၏ ကျန်းမာရေးကောင်းကျိုးများ

ဂေါ်ရခါးသီးကို လူတိုင်းစားဖူးကြမှာပါ။ လူတိုင်းစားဖူးနေကြတဲ့ ဂေါ်ရခါးသီးမှာပါဝင်နေတဲ့ ကျန်းမာရေးဂုဏ်သတ္တိတွေကို သူတိုင်းနည်းပါးပါတယ်။

ဒါကြောင့် ဂေါ်ရခါးသီးကို ဘာကြောင့် စားသင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

Image result for ဂေါ်ရခါးသီး

 

ဂေါ်ရခါးသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် ဓာတ်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တဲ့အတွက် နေ့စဉ်မဖြစ်မနေစားသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ကယ်လိုရီနဲ့ အဆီဓာတ်တွေလည်း နည်းပါးတယ်၊ ဒါကြောင့် ကိုယ်အလေးချိန်ချနေတဲ့ သူတွေအတွက် အလွန်အသုံးဝင်တဲ့အစားအစာ တစ်ခုပါ။ ဂေါ်ရခါးသီးမှာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း၊ အရွယ်တင်နုပျိုခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း၊ မွေးကင်းစကလေးတွေ မှာ အာရုံကြောချို့ယွင်းချက် မဖြစ်အောင် ကာကွယ်နိုင်ခြင်း၊ အရိုးသန်မာခြင်း၊ ဝမ်းမချုပ်အောင်ကာကွယ်ခြင်းစတဲ့ ကောင်းကျိုးတွေ များစွာပေးနိုင်ပါတယ်။

ရင်သားကင်ဆာက အမျိုးသမီးတွေ ရာသီသွေးလာတဲ့အပေါ်မှာ ဆက်စပ်နေလား

Image result for ရင်သားကင်ဆာ

စောစောစီးစီး ရာသီသွေးလာပြီး နောက်ကျမှ ရာသီသွေးဆုံးတဲ့အမျိုးသမီးတော်တော်များများမှာ အီစထရိုဂျင် ဟော်မုန်းနဲ့ ထိတွေ့ရမှုများတဲ့အတွက် ရင်သားကင်ဆာဖြစ်နိုင်ခြေရာခိုင်နှုန်း များပါတယ်။ ကလေးတစ်ခါမှ မမွေးဖူးတဲ့သူ၊ ကလေးမွေးထားရင်တောင် အသက် ၃၀ ကျော်မှ သားဦးမွေးတာ၊ ကလေးကို နို့တိုက်ကျွေးခြင်း မရှိတဲ့သူတွေ၊ သွေးဆုံးပြီးအမျိုးသမီးတွေ ဟော်မုန်းအစားထိုးကုထုံးခံယူဖူးတယ်ဆိုရင် အဲ့လူတွေမှာ ကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။

အအေးမိတုပ်ကွေးရောဂါ ခံစားနေရလျှင်

Image result for အအေးမိတုပ်ကွေး

တုပ်ကွေးအအေးမိဖြစ်နေရင် ရေဓာတ်မခန်းခြောက်အောင် ရေများများသောက်ပါ။ သစ်သီးဖျော်ရည်၊ ဆိုဒါ၊ သံပရာရနံ့ထည့်ထားတဲ့ရေ စတာတွေ သောက်ပါ။ ကဖင်းဓာတ်ပါတဲ့အရည်တွေ က ဆီးရွှင်စေတာကြောင့် ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ကြက်သားစွပ်ပြုတ်သောက်တာက အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းအထက်ပိုင်း ပိုးမွှားကူးစက်မှုကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေမှာပါ။

Source: ပြည်မြန်မာ

Read: ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၅)

ဆောင်ရန်၊ ရှောင်ရန် Healthy Tips များ (၅)

Read times Last modified on Wednesday, 09 May 2018 11:46
Rate this item
(0 votes)