What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 January 2019 14:15

လေဒီယာမှ မိတ်ဆက်လာတဲ့ သားဆက်ခြားပစ္စည်း (Implant) အမျိုးအစားအသစ် Implanex II

မြန်မာနိုင်ငံတွင် ဈေးနှုန်းအသက်သာဆုံး လေဒီယာ လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း (Implant) အမျိုးအစားအသစ် Implanex II ကို စတင်မိတ်ဆက်မည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ Wyndham Grand Hotel ရှိ အင်းလျားနှင့် အင်းလေးခန်းမတွင် နေ့လယ် ၂ နာရီ မှ ၄ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါ။

အခမ်းအနားတွင် Implanex II ၏ သာလွန်ကောင်းမွန်သည့် အရည်အသွေးများအကြောင်း အများပြည်သူ အားလုံးသိရှိနားလည်နိုင်ရန် မိတ်ဆက်ရှင်းလင်းမည် ဖြစ်ပါသည်။ ထို့အပြင် သားဆက်ခြားခြင်း၏ အကျိုးကျေးဇူးများ၊ မိသားစုစီမံကိန်း ရေးဆွဲခြင်းအကြောင်းနှင့် လက်မောင်း တွင်းထည့် သားဆက်ခြားပစ္စည်းတစ်ခု ထည့်သွင်းခြင်းစသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးပြောကြားသွားမည်ဖြစ်ပါသည်။

 

DKT International (မြန်မာ) သည် အမြတ်အစွန်းအတွက် မရည်ရွယ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (၄၂) နိုင်ငံတွင် လုပ်ကိုင် လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ DKT အင်တာနေရှင်နယ် အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲကမ္ဘာကြီးတွင် မိသားစုစီမံကိန်း ရေးဆွဲခြင်းကို ပိုမိုနားလည်လာကြစေရန် အပါအဝင် သားဆက်ခြားထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ကူညီထောက်ပံ့ပေးလျက်ရှိသော အကြီးမားဆုံးအဖွဲ့အစည်းများအတွင်း တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စုံတွဲပေါင်း ၃၆.၆ သန်းအား ဝန်ဆောင်မှု ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် DKT International (မြန်မာ) သည် Modern Choice Experts Limited မှ ထုတ်လုပ်သည့် Implanex II အတွက် မြန်မာနိုင်ငံဈေးကွက်တွင်း လူမှုဈေးကွက်ချဲ့ထွင်ရေးအပိုင်းအား တာဝန်ယူလုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

 

နေ့ရက် - ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်၊ သောကြာနေ့

အချိန် - နေ့လယ် ၂ နာရီ မှ ၄ နာရီ အထိ နေရာ - Wyndham Grand Hotel (အင်းလျား နှင့် အင်းလေးခန်းမ)

ဆက်သွယ်ရန် - မနှင်းနုလွင် ( ၀၉ ၄၅၂၂ ၃၃၃၀၅ )

 

Read: စပ်ဆေးများမသုံးရန်နှင့် ရောင်းချမှုများရပ်ဆိုင်းရန် ထုတ်ပြန်

စပ်ဆေးများမသုံးရန်နှင့် ရောင်းချမှုများရပ်ဆိုင်းရန် ထုတ်ပြန်

Read times Last modified on Thursday, 17 January 2019 14:27
Rate this item
(1 Vote)