What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 15:49

နွားဦးနှောက် နှင့် ဆိတ်ဦးနှောက် စားသုံးသူများ သတိပြုသင့်

နွားဦးနှောက်၊ ဆိတ်ဦးနှောက် အစရှိသော တိရစ္ဆာန် ဦးနှောက်များကို အသေအချာ ကျက်အောင် မချက်ဘဲ စားသုံးခြင်းသည် အန္တရာယ် ရှိကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာန (CDC) က ပြောကြားခဲ့ပါတယ်။

၎င်းတို့မှ နေ၍ အလွန် ရှားပါးပြီး ပြင်းထန်သည့် Prion Diseases ဟု ခေါ်သော ရောဂါတစ်ရပ်ကို ဖြစ်ပွားစေနိုင်လို့ ဆိုပါတယ်။

 

Prion Diseases ၌ Creutzfeldt Jakob Diseases၊ နာတာရှည် ကြွက်သား ချည့်နဲ့သော ရောဂါ၊ Bovine Spongiform encephalopathy (ဦးနှောက်ရောင် ရောဂါ တစ်မျိုး) တို့ ပါဝင်ပြီး နွားရူးရောဂါဟု လူသိများပါတယ်။

 


၎င်းအပြင် ယခု နောက်ဆုံး တွေ့ရှိချက်အရ တောတွင်း သမင်၏ အသားကို စားခြင်းသည်လည်း လူကို ကူးစက်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။ Prion Diseases သည် လူ၌ ဖြစ်ပွားမှု နည်းပါးသော်လည်း ရောဂါ ဖြစ်ပွားပါက အသက် သေဆုံးနိုင်ခြေ လွန်စွာ များပြားတယ်လို့ ဆိုပါတယ်။

 

အမေရိကန် ပြည်ထောင်စုတွင် ကော်လိုရာဒို ပြည်နယ် အရှေ့မြောက်ပိုင်း၊ ဝိုမင်းပြည်နယ် အရှေ့တောင်ပိုင်းနှင့် နီဘရာစကား ပြည်နယ် အနောက်တောင်ပိုင်း တို့တွင် သမင်နှင့် ဒရယ်တို့ကို အမဲလိုက်ကာ စားသုံးသည့် အလေ့အထ ရှိသောကြောင့် နာတာရှည် ကြွက်သား ချည့် နဲ့ သည့် ရောဂါ အတွေ့ရများတယ်လို့ ဆိုပါတယ်။

 

Prion Diseases ကို ဖြစ်ပွားစေသော ရောဂါပိုးသည် တော်ရုံ အပူချိန်ဖြင့် မသေနိုင်သောကြောင့် တိရစ္ဆာန် ဦးနှောက်များကို မကျက်တကျက် စားသုံးခြင်းသည် လွန်စွာ အန္တရာယ်များပါတယ်။ ရောဂါ လက္ခဏာမှာလည်း ချက်ချင်း မပြဘဲ အဆိုပါ ပိုးမွှား၏ ဗီဇကို ဖော်ထုတ်နိုင်ခြင်း မရှိသေး၍ ကာကွယ်ဆေးလည်း မရှိသေးကြောင်း သိရပါတယ်။

 

Ref:HealthDay (yatanarpon)

Health Products Directory

Read times Last modified on Friday, 01 March 2019 15:59
Rate this item
(1 Vote)