What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 November 2017 14:32

ဓမ္မတာနောက်ကျရခြင်း အကြောင်းရင်း (၅) ချက်

ဓမ္မတာနောက်ကျရခြင်း အကြောင်းရင်း (၅) ချက် google.com

မကြာခင်မှာ မိခင်ဖြစ်ဖို့ အစီအစဉ် မရှိသေးတဲ့ အမျိုးသမီးများအတွက် ဓမ္မတာ နောက်ကျခြင်းက ကြောက်စရာ အကောင်းဆုံး အတွေ့အကြုံ တစ်ခု ဖြစ်စေနိုင်ပါတယ်။

ပုံမှန်အကြောင်းရာတွေကြောင့်လည်း နောက်ကျတာလည်း ဖြစ်နိုင်ပါတယ်။

ထို့ကြောင့် ရာသီနောက်ကျခြင်းအကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ရာသီစက်ဝန်းက တစ်လနဲ့ တစ်လမတူပါဘူး

ဒီလမှာ ရာသီစက်ဝန်းက ၂၄ ရက်ကြာပေမယ့် နောက်တစ်လမှာတော့ ၃၂ ရက် ကြာတတ်တာလည်း ရှိပါတယ်။ ရာသီသွေးလာမယ်လို့ ထင်တဲ့ရက်မှာ မလာရတဲ့ အကြောင်းရင်းကတော့ ရာသီစက်ဝန်းတစ်ပတ် မပြည့်သေးလို့ဖြစ်ပါတယ်။

READ - ပျိုမေတို့သိမှတ်ဖွယ်ရာ ရာသီလာချိန်အတွင်း စားသင့်သောအစားအစာ

၂. စိတ်ဖိစီးမှုကြောင့် သားဥကြွေချိန် ပုံမှန် ထက် နောက်ကျတတ်ပါတယ်။

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် သားအိမ်အတွင်းမှ သားဥတစ်လုံးက အချိန်တန်တဲ့အခါမှာ ထုတ်ပေးလေ့ရှိပါတယ်။ ကိုယ့်မှာ စိုးရိမ်ပူပန်စရာ၊ စိတ်ညစ်စရာ တစ်ခုခုကြုံရတဲ့အခါ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်နိုင်မယ့် စိတ်ခံစားမှု အသင့်ဖြစ်မယ့် အချိန်ကို စောင့်လေ့ရှိတဲ့အတွက် ပုံမှန်ထက် နောက်ကျရခြင်းဖြစ်ပါတယ်။

၃. နေမကောင်းဖြစ်တာ၊ ထိခိုက်ဒဏ်ရာရတာကြောင့်လည်း နောက်ကျတတ်ပါတယ်။

ခန္ဓာကိုယ် မကျန်းမာတဲ့အခါ ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်တဲ့အတွက် ပြန်လည်ကျန်းမာလာတဲ့ အထိစောင့်ပြီးမှ သားဥကြွေတတ်ပါတယ်။ ထို့ကြောင့် ရာသီသွေး နောက်ကျတာ၊ ရပ်ဆိုင်းသွားတာ ဖြစ်နိုင်ပါတယ်။

၎. အာဟာရမပြည့်ဝတာ၊ ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တာကြောင့် နောက်ကျတတ်ပါတယ်။

ဒါတွေကလည်း ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် ခန္ဓာကိုယ် ကျန်းမာလာပြီလို့ မခံစားရသရွှေ့ သားဥမကြွေတဲ့အတွက် ရာသီနောက်ကျတာ၊ မူမမှန်တာ၊ ပျောက်သွား တာတွေ ဖြစ်တတ်ပါတယ်။

၅. ဆေးဝါးများ သောက်သုံးရခြင်း

အခြားရောဂါတစ်ခုခုကြောင့် သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်လည်း နောက်ကျတတ်ပါတယ်။

READ - ဓမ္မတာလာစဉ်ခံစားရတဲ့ဝေဒနာတွေက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ

Source: healthcare

Read times Last modified on Monday, 20 November 2017 14:36
Rate this item
(1 Vote)