What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 January 2020 14:41

စိတ်ကျရောဂါ ကုသရန် ပိုမိုနီးစပ်လာသည့် Psilocybin (ဆိုက်လိုဆိုက်ဘင်န်) မှိုမျိုးစိတ် တစ်မျိုး

စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းအများဆုံးပါဝင်တဲ့ Psilocybin က စိတ်ကျရောဂါကုသမှုအတွက် အဓိကကျလာမည်လို့ Truththeory သတင်းဌာန ကဖော်ပြခဲ့ပါတယ်။

အဆိုပါ မှိုကို FDA ကထောက်ခံချက်ပေးခဲ့ပြီး လွန်ခဲ့သော ၂ နှစ်ခန့်က စတင် စမ်းသပ်နေပြီး ယခုအခါမှာ ဆေးဝါးအဖြစ် အသုံးပြုရန်အတွက် ပိုမိုနီးစပ်လာတော့မှာလည်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာလုပ်ဆောင်လေ့ရှိသော Compass Pathways လို ကုမ္ပဏီမျိုးပါဝင်လာခြင်းကြောင့်လည်း အဆိုပါ မှို ကို ပိုမိုလူစိတ်ဝင်စားမှုများပြားလာခဲ့ပြီး ယင်းကုမ္ပဏီက အဆိုပါစမ်းသပ်ချက်တွေမှာ ရှေ့ဆုံးကို ရောက်နေခဲ့ပါတယ်။ Compass Pathways ၏ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Peter Theil က Pay Pal ၏ ပူးတွဲတည်ထောင်သူတစ်ဦလည်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ လ က တင်ပြချက်မှာ အမေရိကန် Neuropsychopharmacology ၏ အမေရိကန်ကောလိပ် (ACNP) နှစ်ပတ်လည်အစည်းအဝေးတွင် Compass Pathways သည် London ရှိ King's College တွင် psilocybin စမ်းသပ်မှု၏ ရလဒ်များကိုကြေငြာခဲ့ပါတယ်။ ဤလေ့လာမှုတွင် စေတနာ့ ဝန်ထမ်း ၈၉ ယောက်ပါ ဝင်ပြီး ၁၀ မီလီဂရမ် နှင့် ၂၅ မီလီဂရမ်ဆေးများကို ရလဒ်များ နှင့် နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ လေ့လာမှုအတွင်း ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ၊ သိမြင်မှု နှင့် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာများ အပေါ် ဆိုးကျိုး သက်ရောက်ခြင်း မရှိကြောင်း တွေ့ခဲ့ရပါတယ်။

 

ဒေါက်တာ James Rucker၊ က Compass Pathways ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ပြီး စိတ်ပညာနှင့်အာရုံကြော သိပ္ပံရှိ စိတ်ကြွဆေးဝါးဗေဒဆိုင်ရာအကြီးတန်း ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ လေ့လာမှု၏ ရလဒ်များက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများရဲ့ ကုသမှုတွေမှာ ခံနိုင်ရည်ရှိကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါ ကဲ့သို့သော လူနာများအတွက် ကုသမှုတစ်ခုအနေဖြင့် psilocybin က ဖွံ့ဖြိုး တိုးတတ်လာတော့မှာ ဖြစ်ပါတယ်။

 

Compass Pathways က စိတ်ကျရောဂါကုသမှု အနေဖြင့် လုံခြုံမှု နဲ့ ထိရောက်မှုကို သက်သေပြရန်ဖို့အတွက် အခြားလေ့လာမှုများ ဆက်လျက်လုပ်ဆောင်လျက် ရှိပါတယ်။ ထိုတွေ့ရှိချက်တွေအပေါ် မူပိုင်ခွင့်ကို လျှောက်ထားနေတယ်လို့လည်း ဆိုပါတယ်။

Written By Aung Win (Health Products Directory)

ဆီးချိုသွေးချို လူနာတွင် ရောဂါပိုးဝင်ခြင်း

ဆီးချိုသွေးချို လူနာတွင် ရောဂါပိုးဝင်ခြင်း

{Zawgyi}

======


 


 


 


 




ဆီးချိုသွေးချို လူနာတွင် ရောဂါပိုးဝင်ခြင်း

Read times
Rate this item
(1 Vote)