What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 June 2019 12:43

သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသမှုအစီအစဉ်

ကမ္ဘောဇအုပ်စုနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မွေးရာပါ နှုတ်ခမ်းကွဲအာခေါင်ကွဲ ကလေးငယ် အယောက် ၅၀၀ ကျော်ကို ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် အောင်မြင်စွာ အခမဲ့ ခွဲစိပ်ကုသပေးခဲ့သည်မှာ ၆ ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။

ယခုအခါတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှကြီးမှူး၍ ကမ္ဘောဇအုပ်စု ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း(BFM) နှင့် Smile Asia Medical Mission တို့ ပူးပေါင်း၍ သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးများအတွက် အခမဲ့ ခွဲစိတ်ကုသမှုအစီအစဉ်ကို ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့် မေးရိုးဌာနတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)အနေဖြင့် လူနာများခွဲစိပ်ကုသမှုခံယူနေစဉ် တစ်လျောက်လုံးလူနာများ၏ စာရင်းများကောက်ယူခြင်း၊ လူနာနှင့် မိသားစုအတွက် အသွားအပြန်ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း ၊ လူနာများနှင့် မိသားစုဝင်များအတွက် နေထိုင်စားသောက်ရေးများစရိတ်ငြိမ်း အခမဲ့ စီစဉ်ပေးခြင်းတို့ကို ကုသမှုခံယူနေချိန်အတွင်းအစအဆုံးကူညီပေးသွားမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနေရာအနှံ့အပြား ပြည်နယ်နဲ့ တိုင်းအသီးသီးက မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး/ လူကြီးများအား လက်ခံ ခွဲစိပ် ပေးသွားမှာဖြစ်ပြီး၊ လူဦးရေ အကန့်အသတ်ရှိတာကြောင့် ဖုန်းနံပါတ် ( ၀၉- ၄၂၇ ၅၆ ၂၀၀၃ နှင့် ၀၉-၄၂၇ ၅၆ ၂၀၀၄ ) များသို့ အမြန်ဆုံး ဆက်သွယ် စာရင်းပေးသွင်းကြဖို့ တိုက်တွန်းပါရစေ။

 

ထပ်မံသတိပြုရန်မှာ - Comment များမှ စာရင်းပေးသွင်းမှုကို လက်ခံဖြေကြားသွားမှာ မဟုတ်ဘဲ ဖုန်းဆက် စာရင်းပေးသွင်းမှုများကိုသာ လက်ခံသွားမှာ ဖြစ်ပါသည်။

 

မိမိအနီးတ၀ိုက်မှာ အလားတူဝေဒနာကို ခံစားနေရသော ဝေဒနာရှင်ကလေးများရှိခဲ့လျှင် သတင်းကောင်း ပါးပေးပြီး ကုသိုလ်ယူလိုက်ကြပါစို့။ လောကကြီးကို အပြုံးပန်းလေးများနဲ့ အလှဆင်ကြပါစို့။

 

ဆက်သွယ်ရမည့် ဖုန်းနံပါတ် ( ၀၉- ၄၂၇ ၅၆ ၂၀၀၃ နှင့် ၀၉-၄၂၇ ၅၆ ၂၀၀၄ )

 

Read times
Rate this item
(1 Vote)