What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 May 2019 18:01

စားတက်ရင် ဆေး ၊ မစားတက်ရင် ဘေးဆိုတဲ့ ဒူးရင်းသီး

ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ ဘုရင်လို့ ဒူးရင်းသီး ကြိုက်သူများက တင်စားခေါ်ဝေါ်ကြပါတယ်။

ဒူးရင်းသီးကို ကျန်းမာရေးရူထောင့်က ကြည့်မယ်ဆိုရင် ဒူးရင်းသီးထဲမှာ သကြား၊ ဗီတာမင်၊ ပိုတတ်စီယမ်၊ အမိုင်နို အက်စစ်တွေ ပါဝင်ပါတယ်။ တခြားသောဓာတ်များလည်း များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ဒူးရင်းသီးက ဘာတွေကောင်းပြီး ၊ ဘယ်အရာတွေက မကောင်းစေတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

ဒူးရင်းသီးမှာ သကြားပါဝင်မှု မြင့်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ သတိထားပြီး စားသောက်ဖို့လိုပါတယ်။ သကြားဓာတ်ပါဝင်မှုများတဲ့အတွက် မစားသင့်တဲ့အသီးထဲ မှာပါပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားတာက အကောင်းဆုံးပါပဲ။

 

ဒူးရင်းသီးမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့ အတွက် ဝမ်းသွားခြင်းဆိုင်ရာစနစ်ကို ကောင်းမွန်းစေပါတယ်။ ဒါ့အပြင် ဒူးရင်သီးမှာ အရိုးသန်မာစေခြင်း ၊ သွေးအားနည်းရောဂါကာကွယ်ပေးခြင်း ၊ ကင်ဆာကာကွယ်ပေးနိုင်တဲ့ ဓာတ်များလဲ ပါဝင်နေပါတယ်။

Read More : ကိုင်လန် စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ကိုင်လန် စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

 

လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစာနေတာတစ်ခုကတော့ ဒူးရင်းသီးစားရင် သွေးတိုးတယ်ဆိုတာပါပဲ။ တကယ်တမ်းကျတော့ ဒူးရင်းသီးမှာ ပိုတက်ဆီယမ်ဓာတ်များ ပါဝင်တဲ့အတွက် သွေးတိုးခြင်းမဖြစ်စေနိုင်ပါဘူး။


အ့ချို့သောလူတွေက ဒူးရင်းသီးကို စားပြီးရင် အိပ်ငိုက်တတ်လေ့ရှိပါတယ်။ ဒူးရင်းသီးမှာ အဆီဓာတ် အရမ်းများတဲ့အတွက် စားပြီးတာနဲ့ အဆီဓာတ်တွေ ခန္ဓာကိုယ်ထဲ ရောက်ရှိလာပြီး အိပ်ငိုက်စေခြင်းကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဒူးရင်းသီးမှာ အထူးသတိထားဖို့ လိုတဲ့အချက်များလည်း ရှိနေပါတယ်။ အ့ဒါတွေကတော့ ဒူးရင်းသီးကို ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုလာ ၊ အရက် ၊ ဘီယာ စတာတွေ နဲ့ တွဲပြီး မစားသောက်သင့်ပါဘူး။ အကြောင်းကတော့ ဒူးရင်းသီးမှာ ပါဝင်တဲ့ Sulphur နဲ့ ဓာတ်ပြုပြီး သင့်ကို ဒုက္ခရောက်စေနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။

 

Ref: Dr.Nyi Nyi Kyaw

Read times Last modified on Wednesday, 15 May 2019 18:06
Rate this item
(0 votes)