What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 July 2020 19:28

အစာအစားများတွင် တွဲကပ်နေတတ်သော Aflatoxin မှိုအဆိပ် အန္တရာယ်

အစားအစာနှင့် ကောက်ပဲသီးနှံများတွင် မှိုအမျိုးမျိုးတက်ရာမှတစ်ဆင့် အဆိုပါမှိုများတွင်ပါရှိသော Aflatoxin မှိုအဆိပ် တစ်မျိုးသည် လူနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေကာ အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါသည်။

 

Aspergillus flavus နှင့် Aspergillus paragiticus မှိုမျိုးစိတ်များမှ Aflatoxin မှိုအဆိပ်အများဆုံး ထွက်ရှိကာ မြန်မာနိုင်ငံအပါအဝင် အပူချိန်မြင့်မားပြီး စိုထိုင်းဆမြင့်မားသော အပူပိုင်းဇုံနှင့် သမပိုင်းဇုံ များတွင် အဆိုပါမှိုအဆိပ်ကြောင့် နောက်ဆက်တွဲ‌ရောဂါအများအပြား ဖြစ်ပွားလေ့ရှိပါသည်။

 

Aflatoxin မှိုအဆိပ် မျိုးစိတ်ခွဲများစွာရှိသည့်အနက် Aflatoxin B1, B2, G1 နှင့် G2 တို့မှာ အထူးသဖြင့် ပဲအမျိုးမျိုးနှင့် ပဲထွက်ပစ္စည်း (ဥပမာ- မြေပဲ)၊ ကောက်နှံ၊ စပါး၊ ပြောင်း စသည့် ကောက်ပဲသီးနှံများနှင့် ငရုတ်သီးစို၊ ငရုတ်သီးခြောက်များ၊ အသားနှင့် နို့ထွက်ပစ္စည်းများတွင် အများဆုံးပါဝင်လေ့ရှိသည်ကို တွေ့ရှိရပြီး ကောက်နှံရိတ်သိမ်းခြင်း မပြုခင်နှင့် ရိတ်သိမ်းပြီး ကောင်းမွန်စွာ ထိန်သိမ်းသိုလှောင်မှု မရှိခြင်းကြောင့် မှိုတက်ခြင်းမှတစ်ဆင့် အစားအသောက်များတွင် Aflatoxin မှိုအဆိပ်ပါဝင်ခြင်း ဖြစ်ပွားပါသည်။

 

Aflatoxin မှိုအဆိပ်ကြောင့် ခန္ဓာကိုယ်တွင်း ကလီစာများတွင် ကင်ဆာရောဂါအမျိုးမျိုး (ဥပမာ- အသည်း/ ကျောက်ကပ်ကင်ဆာများ) ဖြစ်စေပါသည်။ မွေးစကလေးများ Aflatoxin မှိုအဆိပ်သင့် ခြင်းကြောင့် မွေးရာပါချို့ယွင်းမှုဖြစ်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း (စကားထစ်ခြင်း၊ ဒယီး ဒယိုင်ဖြစ်ခြင်း) ဖြစ်စေပါသည်။ Aflatoxin မှိုအဆိပ်သည် ကိုယ်ခံအားစနစ်အား လျော့ကျစေခြင်း ကြောင့် ရောဂါခုခံစွမ်းအားကျဆင်းခြင်းကို ဖြစ်စေပါသည်။

 

Aflatoxin မှိုအဆိပ်တက်ခြင်းမှ ကာကွယ်ရန် (လတ်ဆတ်မှုမရှိသော၊ အရောင်ပြောင်းသော၊ မှိုတက် နေသော အစားအသောက်များ၊ ကောက်ပဲသီးနှံများ၊ ငရုပ်သီးစို၊ ငရုပ်သီးခြောက်များနှင့် အသင့်စား အစာများ) စားသုံးခြင်းမှ လုံးဝရှောင်ကြဉ်ပါ။

 

"အစားအသောက်ထုတ်လုပ်သိုလှောင်ရောင်းချသူများအနေနှင့် Aflatoxin မှိုအဆိပ်ပါဝင်စေခြင်း မရှိအောင် အထူးဂရုပြုကြပါရန်နှင့် စားသုံးသူများနေအနှင့်လည်း သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကိုသာ အထူးဂရုပြု ဝယ်ယူစားသုံးကြရမည်ဖြစ်ပါသည်။"

Image may contain: text

MOHS

Read times Last modified on Monday, 13 July 2020 19:38
Rate this item
(1 Vote)