What's New




Sunday, 11 June 2023 10:30

ဂျပန်တွင် ရာသီတုပ်ကွေး ကူးစက်မှု ပြင်းထန်သဖြင့် ကျောင်းများပိတ်

ဂျပန်တွင် ရာသီတုပ်ကွေး ကူးစက်မှု ပြင်းထန်သဖြင့် ကျောင်းများပိတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရာသီတုပ်ကွေးရောဂါ ကူးစက်မှုများ ပြင်းထန်သောကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းအများအပြားကို ပိတ်ထားခဲ့ရသည်။

 တုပ်ကွေးရာသီ မဟုတ်ဘဲ ရာသီတုပ်ကွေး ကူးစက်မှု များပြားခဲ့ခြင်း ဖြစ်သည်။

 .

COVID-19 ဖြစ်ပွားချိန်မှစ၍ တုပ်ကွေးကာကွယ်ဆေး ထိုးနှံသည့် အရေအတွက် ကျဆင်းသွားကြောင်းနှင့် တုပ်ကွေးရောဂါအတွက် ယေဘုယျကိုယ်ခံစွမ်းအား အားနည်း‌ေနကြောင်း ကျွမ်းကျင်သူအချို့က သတိပေးထားသည်။

.

မေလ ၂၂ ရက်မှ ၂၈ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်ထားသော ဆေးဘက်ဆိုင်ရာဌာနပေါင်း ၅,၀၀၀ ခန့်တွင် အစီရင်ခံတင်ပြထားသည့် လူနာဦးရေသည် ပျမ်းမျှအားဖြင့် ဌာန တစ်ခုလျှင် လူနာဦးရေ ၁.၆၂ ဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

.

ဖေဖော်ဝါရီလ ပထမလဝက်တွင် ဖြစ်ပွားမှုအရေအတွက် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးတဖြည်းဖြည်း ပြန်လျော့နည်းလာခဲ့သည်။သို့သော် အရေအတွက်သည်  သာမန်ပျံ့နှံ့မှု စံနှုန်းအထက်တွင် ဆက်လက်ရှိနေပါသည်။

.

နိုင်ငံတစ်ဝှမ်းတွင် စာသင်ကျောင်း ၃၂၅ ကျောင်းနှင့် အခြားသော ပညာသင်သည့်နေရာများက

ယာယီပိတ်ထားရန် သို့မဟုတ် ကျောင်းသားအချို့ကို အိမ်တွင် ထားရန် ဆုံးဖြတ်ခဲ့သည်။

မေလလယ်တွင် မီယာဇာကီမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် အားကစားပွဲတော်အပြီးတွင် တုပ်ကွေးရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့သည်။

ကျောင်းတွင် ကူးစက်ခံရသူ ဦးရေသည် မေလအစောပိုင်းကတည်းက တဖြည်းဖြည်း တိုးလာခဲ့သည်။

အားကစားပွဲတော်ကို မေ ၁၂ ရက်က ကျင်းပခဲ့ပြီး လေးရက်အကြာတွင် ဆရာ ဆရာမ ၁၅ ဦးအပါအဝင် လူပေါင်း ၄၉၀ ခန့် ကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။

ကျောင်းမှ တာဝန်ရှိသူများက တစ်ပတ်ခန့် ကျောင်းပိတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

.

မေလအစောပိုင်းက Oita မြို့ရှိ အထက်တန်းကျောင်းတွင် အားကစားပွဲတော်အပြီး  အစုလိုက်အပြုံလိုက် ကူးစက်မှု ဖြစ်ပွားခဲ့သည်။

ကျောင်းမှ ကျောင်းသား ၂၀၀၀ ခန့်တွင် ၅၀၀ ခန့် သို့မဟုတ် လေးဦးတွင် တစ်ဦး ကူးစက်ခဲ့ပြီး ကျောင်းပိတ်ခဲ့ရသည်။

.

တုပ်ကွေးကူးစက်မှု  နေရာတော်တော်များများမှာ ဖြစ်ပွားနေခဲ့သည်။ တိုကျိုတွင် တုပ်ကွေးကူးစက်မှု ပြင်းထန်သဖြင့် မေလ ၂၂ ရက်မှ ၂၈ ရက်အထိ ကျောင်း ၃၀ ပိတ်ထားခဲ့သည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Sunday, 11 June 2023 10:32
Rate this item
(0 votes)