What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 15 June 2019 16:56

ဆီးမထိန္းႏိုင္ျခင္းကို ေလ်ွာ့ခ်ေပးမည့္ နည္းလမ္းေကာင္းမ်ား

ဆီးမထိန္းႏိုင္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္မည့္ နည္းလမ္းမ်ား ေရေသာက္ျခင္းကို ေလွ်ာ့ခ်ေပးပါ ေရသည္ လူ႔ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္ေသာ အရာတစ္ခုျဖစ္ၿပီး တစ္ေန႔လွ်င္ ပ်မ္းမွ်ေရရွစ္ခြက္ခန႔္ ေသာက္သုံးေပးရန္ လိုအပ္ပါသည္။

သို႔ရာတြင္ အစည္းအေဝးတက္ခါနီး၌ ေရအမ်ားႀကီး မေသာက္သုံးဘဲ အနည္းငယ္သာေသာက္သုံးေပးသင့္ပါသည္။ အစည္းအေဝးျပဳလုပ္ခ်ိန္အတြင္း၌လည္း အာစြတ္႐ုံသာ ေသာက္သုံးေပးသင့္ပါသည္။အနက္ေရာင္ဝတ္စုံကို ဝတ္ဆင္ေပးပါအစည္းအေဝးတြင္ ေဆြးေႏြးတင္ျပရမည့္သူ (သို႔မဟုတ္) ကုမၸဏီပိုင္ရွင္ သူေဌးႏွင့္ ေတြ႕ဆုံေဆြးေႏြးရာ၌ အနက္ေရာင္ဝတ္စုံကို ဝတ္ထားသင့္ပါသည္။

 

အကယ္၍ ဆီးမထိန္းႏိုင္မည္ကို စိုးရိမ္ေနပါက နာဗ့္မ်ားကို ကေတာက္ကဆျဖစ္ေစသျဖင့္ ဆီးပိုမိုထြက္က်ေစႏိုင္ပါသည္။ ထို႔ေၾကာင့္ စိတ္ကို သက္ေတာင့္ သက္သာထားၿပီး အနက္ေရာင္စကတ္၊ ေဘာင္းဘီတို ဝတ္ဆင္ေပးျခင္းသည္ အနည္းငယ္ ဆီးယိုစိမ့္မႈကို ဖုံးလႊမ္းထားေစႏိုင္သည္။ ထို႔အျပင္ ေအာက္ခံအတြင္းခံ ႏွစ္ထပ္ဝတ္ဆင္ျခင္း၊ ေပါင္လယ္အထိ ဖုံးသည့္အေပၚကုတ္အက်ႌဝတ္ဆင္ေပးျခင္းမ်ားသည္ စိုးရိမ္ပူပန္မႈကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး အလုပ္၌ယုံၾကည္မႈ ပိုမိုရရွိေစႏိုင္ပါသည္။

 

ေကာ္ဖီကို ေရွာင္ၾကဥ္ေပးပါ။ အခ်ိန္ၾကာျမင့္စြာ ျပဳလုပ္သည့္ အစည္းအေဝးပြဲမ်ားတြင္ ကဖင္းဓာတ္သည္ လူကို လန္းဆန္းတက္ႂကြေအာင္ ျပဳလုပ္ေပးႏိုင္ေသာ္လည္း အခ်ိဳ႕သူမ်ား၌ ကဖင္းသည္ ဆီးအိမ္ကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ၿပီး ဆီးသြားခ်င္စိတ္ ျဖစ္ေပၚေစႏိုင္ပါသည္။ကီဂမ္ Kegels ေလ့က်င့္ခန္း ျပဳလုပ္ေပးပါတင္ပဆုံေအာက္ပိုင္း ႂကြက္သားသန္မာေအာင္ ျပဳလုပ္ေပးသည့္ ေလ့က်င့္ခန္းမ်ားသည္ ဆီးမထိန္းႏိုင္ျခင္း၊ ဆီးယိုစိမ့္ျခင္းမ်ားကို သက္သာေစႏိုင္ပါသည္။ ဆီးသြားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္ရန္ သုံးစကၠန႔္ ႂကြက္သားမ်ားကို ညႇစ္၍ ေအာင့္ထားေပးၿပီး ျပန္လည္ေျဖေလ်ာ့ေပးပါ။ အဆိုပါနည္းလမ္းအတိုင္း ေလ့က်င့္ေပးပါက ဆီးယိုစိမ့္၊ ဆီးမထိန္းႏိုင္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္မည္ ျဖစ္သည္။

အလုပ္၌လည္း စားပြဲခုံ၌လည္း ထိုင္ေနရင္းႏွင့္ပင္ တင္ပဆုံေအာက္ပိုင္း သန္မာေအာင္ ကီဂမ္ေလ့က်င့္ခန္းကို ျပဳလုပ္ေပးႏိုင္ပါသည္။ဆီးယိုစိမ့္ျခင္းကို သက္သာေစမည့္ Pessary ကြင္းထည့္ေပးပါေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ ရယ္ေမာျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းမ်ားတြင္ ဆီးယိုစိမ့္ထြက္က်သည္ကို ႀကဳံေတြ႕ရပါက သင့္တြင္ Stress Incontinece ဆီးမထိန္းႏိုင္ျခင္းေၾကာင့္ ျဖစ္ေစႏိုင္ပါသည္။

 

ထိုကဲ့သို႔ ဆီးယိုစိမ့္မႈမ်ိဳးကို အမ်ိဳးသမီးမိန္းမကိုယ္ထဲသို႔ Pessary ထည့္ေပးျခင္းျဖင့္ ေလွ်ာ့ခ်ေပးႏိုင္သည္။ Pessary ကြင္းသည္ လႈပ္လႈပ္ရွားရွား ျပဳလုပ္ရေသာသူမ်ားတြင္ ဆီးယိုစိမ့္ထြက္က်ျခင္းကို အလြန္အေထာက္အကူေပးပါသည္။ ကြင္းထည့္ျခင္းကို တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္ႏွင့္သာ ျပဳလုပ္ေပးသင့္ပါသည္။အရည္အေသြးျမင့္မားသည့္ ေသးခံ၊ အတြင္းခံ အသုံးျပဳေပးပါဆီးမထိန္းႏိုင္သူမ်ားအတြက္ အထူးထုတ္လုပ္ထားေသာ စုပ္ယူမႈ အားေကာင္းသည့္ ေသးခံ၊ အတြင္းခံကို ဝတ္ဆင္ေပးသင့္ပါတယ္။ ဒီဇိုင္းအမ်ိဳးမ်ိဳး ရရွိႏိုင္ၿပီး မိမိႏွင့္သက္ေတာင့္သက္သာရွိသည့္ ေသးခံ၊ အတြင္းခံကို ေ႐ြးခ်ယ္ေပးသင့္ပါသည္။

 

သန႔္စင္ခန္းသြားရမည့္ အခ်ိန္ကို ပုံမွန္သတ္မွတ္ေပးပါ။ဆီးမထိန္းႏိုင္ျခင္းကို ေလွ်ာ့ခ်ေပးႏိုင္မည့္ နည္းလမ္းတစ္ခုမွာ သန႔္စင္ခန္း သြားရမည့္အခ်ိန္ကို သတ္မွတ္ေပးျခင္း ျဖစ္သည္။ ဆီးသြားခ်င္သည္ျဖစ္ေစ၊ မသြားခ်င္သည္ျဖစ္ေစ တစ္နာရီျခားတစ္ခါ (သို႔) ႏွစ္နာရီျခားတစ္ခါ သန႔္စင္ခန္းသြားေပးသည့္ အေလ့အက်င့္ကို ျပဳလုပ္ေပးသင့္ပါသည္။ ထို႔အျပင္ ဟန္းဖုန္း၌လည္း သန႔္စင္ခန္းသြားေပးရမည့္ အခ်ိန္ကို alarm ျပဳလုပ္ထားေပးသင့္သည္။ဆီးအိမ္ကို ထိန္းခ်ဳပ္ႏိုင္ေအာင္ ေလ့က်င့္ေပးပါ။ဆီးအိမ္ကို ထိန္းခ်ဳပ္ႏိုင္ေအာင္ အခ်ိန္ေပးၿပီး ေလ့က်င့္ေပးသင့္ပါသည္။ မထိန္းခ်ဳပ္ႏိုင္ေအာင္ ဆီးသြားခ်င္သည္ဟု ခံစားရေသာအခါ သန႔္စင္ခန္းမသြားမီ တစ္မိနစ္၊ ႏွစ္မိနစ္ခန႔္ ေအာင့္ထားၿပီး ေလ့က်င့္ေပးသင့္ပါသည္။ ထို႔အျပင္ အသက္ျပင္းျပင္းရွဴျခင္းႏွင့္ တျခားစိတ္ သက္သာရာရေအာင္ ျပဳလုပ္ျခင္းနည္းလမ္းမ်ားျဖင့္ ဆီးသြားခ်င္သည့္စိတ္ကို အေလ့အက်င့္ျပဳလုပ္ေပးႏိုင္ပါသည္။

 

သန႔္စင္ခန္းသို႔ အခ်ိန္မီ မေရာက္ခင္ ေအာက္ပါနည္းလမ္းအတိုင္း ျပဳလုပ္ေပးပါ။

– မတ္တပ္ရပ္ေပးပါ (သို႔မဟုတ္) ၿငိမ္ၿငိမ္ထိုင္ေပးပါ။- တင္ပဆုံေအာက္ပိုင္းႂကြက္သားကို သုံးႀကိမ္မွ ငါးႀကိမ္ခန႔္ ညႇစ္ထားေပးပါ။

– အသက္ျပင္းျပင္းကို ရွဴသြင္းေပးပါ။

– ဆီးယိုစိမ့္ထြက္က်ျခင္းကာကြယ္ရန္ စိတ္ကိုသက္ေတာင့္သက္သာထားေပးၿပီး အသက္ရွဴျခင္း၌ မွတ္ထားေပးပါ။

 

– ဆီးအနည္းငယ္ယိုစိမ့္ထြက္က်ေနသည္ဟု ခံစားရပါကလည္း သန႔္စင္ခန္းသို႔ေရာက္ေအာင္ သြားေပးသင့္ပါသည္။

– ဆရာဝန္ႏွင့္ တိုင္ပင္ျပသေပးပါ ဆီးမထိန္းႏိုင္ျခင္းသည္ ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားႏွင့္ အလုပ္မ်ားပ်က္သည္အထိ ထိခိုက္လာပါက ဆရာဝန္ႏွင့္ တိုင္ပင္ျပသကာ ကုသမႈ ခံယူသင့္ပါသည္။

 

Source: Dr.ျဖဴစင္

(Unicode)

======

ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးမည့် နည်းလမ်းကောင်းများ

 

ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးနိုင်မည့် နည်းလမ်းများ ရေသောက်ခြင်းကို လျှော့ချပေးပါ ရေသည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှရေရှစ်ခွက်ခန့် သောက်သုံးပေးရန် လိုအပ်ပါသည်။

 

သို့ရာတွင် အစည်းအဝေးတက်ခါနီး၌ ရေအများကြီး မသောက်သုံးဘဲ အနည်းငယ်သာသောက်သုံးပေးသင့်ပါသည်။ အစည်းအဝေးပြုလုပ်ချိန်အတွင်း၌လည်း အာစွတ်ရုံသာ သောက်သုံးပေးသင့်ပါသည်။အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ပေးပါအစည်းအဝေးတွင် ဆွေးနွေးတင်ပြရမည့်သူ (သို့မဟုတ်) ကုမ္ပဏီပိုင်ရှင် သူဌေးနှင့် တွေ့ဆုံဆွေးနွေးရာ၌ အနက်ရောင်ဝတ်စုံကို ဝတ်ထားသင့်ပါသည်။

 

အကယ်၍ ဆီးမထိန်းနိုင်မည်ကို စိုးရိမ်နေပါက နာဗ့်များကို ကတောက်ကဆဖြစ်စေသဖြင့် ဆီးပိုမိုထွက်ကျစေနိုင်ပါသည်။ ထို့ကြောင့် စိတ်ကို သက်တောင့် သက်သာထားပြီး အနက်ရောင်စကတ်၊ ဘောင်းဘီတို ဝတ်ဆင်ပေးခြင်းသည် အနည်းငယ် ဆီးယိုစိမ့်မှုကို ဖုံးလွှမ်းထားစေနိုင်သည်။

 

ထို့အပြင် အောက်ခံအတွင်းခံ နှစ်ထပ်ဝတ်ဆင်ခြင်း၊ ပေါင်လယ်အထိ ဖုံးသည့်အပေါ်ကုတ်အကျႌဝတ်ဆင်ပေးခြင်းများသည် စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပြီး အလုပ်၌ယုံကြည်မှု ပိုမိုရရှိစေနိုင်ပါသည်။

 

ကော်ဖီကို ရှောင်ကြဉ်ပေးပါ။ အချိန်ကြာမြင့်စွာ ပြုလုပ်သည့် အစည်းအဝေးပွဲများတွင် ကဖင်းဓာတ်သည် လူကို လန်းဆန်းတက်ကြွအောင် ပြုလုပ်ပေးနိုင်သော်လည်း အချို့သူများ၌ ကဖင်းသည် ဆီးအိမ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဆီးသွားချင်စိတ် ဖြစ်ပေါ်စေနိုင်ပါသည်။

 

ကီဂမ် Kegels လေ့ကျင့်ခန်း ပြုလုပ်ပေးပါတင်ပဆုံအောက်ပိုင်း ကြွက်သားသန်မာအောင် ပြုလုပ်ပေးသည့် လေ့ကျင့်ခန်းများသည် ဆီးမထိန်းနိုင်ခြင်း၊ ဆီးယိုစိမ့်ခြင်းများကို သက်သာစေနိုင်ပါသည်။ ဆီးသွားချင်စိတ်ကို ထိန်းချုပ်နိုင်ရန် သုံးစက္ကန့် ကြွက်သားများကို ညှစ်၍ အောင့်ထားပေးပြီး ပြန်လည်ဖြေလျော့ပေးပါ။ အဆိုပါနည်းလမ်းအတိုင်း လေ့ကျင့်ပေးပါက ဆီးယိုစိမ့်၊ ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

 

အလုပ်၌လည်း စားပွဲခုံ၌လည်း ထိုင်နေရင်းနှင့်ပင် တင်ပဆုံအောက်ပိုင်း သန်မာအောင် ကီဂမ်လေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါသည်။ဆီးယိုစိမ့်ခြင်းကို သက်သာစေမည့် Pessary ကွင်းထည့်ပေးပါလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ရယ်မောခြင်းနှင့် ချောင်းဆိုးခြင်းများတွင် ဆီးယိုစိမ့်ထွက်ကျသည်ကို ကြုံတွေ့ရပါက သင့်တွင် Stress Incontinece ဆီးမထိန်းနိုင်ခြင်းကြောင့် ဖြစ်စေနိုင်ပါသည်။

 

ထိုကဲ့သို့ ဆီးယိုစိမ့်မှုမျိုးကို အမျိုးသမီးမိန်းမကိုယ်ထဲသို့ Pessary ထည့်ပေးခြင်းဖြင့် လျှော့ချပေးနိုင်သည်။ Pessary ကွင်းသည် လှုပ်လှုပ်ရှားရှား ပြုလုပ်ရသောသူများတွင် ဆီးယိုစိမ့်ထွက်ကျခြင်းကို အလွန်အထောက်အကူပေးပါသည်။

 

ကွင်းထည့်ခြင်းကို တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်သာ ပြုလုပ်ပေးသင့်ပါသည်။အရည်အသွေးမြင့်မားသည့် သေးခံ၊ အတွင်းခံ အသုံးပြုပေးပါဆီးမထိန်းနိုင်သူများအတွက် အထူးထုတ်လုပ်ထားသော စုပ်ယူမှု အားကောင်းသည့် သေးခံ၊ အတွင်းခံကို ဝတ်ဆင်ပေးသင့်ပါတယ်။ ဒီဇိုင်းအမျိုးမျိုး ရရှိနိုင်ပြီး မိမိနှင့်သက်တောင့်သက်သာရှိသည့် သေးခံ၊ အတွင်းခံကို ရွေးချယ်ပေးသင့်ပါသည်။

 

သန့်စင်ခန်းသွားရမည့် အချိန်ကို ပုံမှန်သတ်မှတ်ပေးပါ။ဆီးမထိန်းနိုင်ခြင်းကို လျှော့ချပေးနိုင်မည့် နည်းလမ်းတစ်ခုမှာ သန့်စင်ခန်း သွားရမည့်အချိန်ကို သတ်မှတ်ပေးခြင်း ဖြစ်သည်။ ဆီးသွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ တစ်နာရီခြားတစ်ခါ (သို့) နှစ်နာရီခြားတစ်ခါ သန့်စင်ခန်းသွားပေးသည့် အလေ့အကျင့်ကို ပြုလုပ်ပေးသင့်ပါသည်။

 

ထို့အပြင် ဟန်းဖုန်း၌လည်း သန့်စင်ခန်းသွားပေးရမည့် အချိန်ကို alarm ပြုလုပ်ထားပေးသင့်သည်။ဆီးအိမ်ကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးပါ။ဆီးအိမ်ကို ထိန်းချုပ်နိုင်အောင် အချိန်ပေးပြီး လေ့ကျင့်ပေးသင့်ပါသည်။ မထိန်းချုပ်နိုင်အောင် ဆီးသွားချင်သည်ဟု ခံစားရသောအခါ သန့်စင်ခန်းမသွားမီ တစ်မိနစ်၊ နှစ်မိနစ်ခန့် အောင့်ထားပြီး လေ့ကျင့်ပေးသင့်ပါသည်။ ထို့အပြင် အသက်ပြင်းပြင်းရှူခြင်းနှင့် တခြားစိတ် သက်သာရာရအောင် ပြုလုပ်ခြင်းနည်းလမ်းများဖြင့် ဆီးသွားချင်သည့်စိတ်ကို အလေ့အကျင့်ပြုလုပ်ပေးနိုင်ပါသည်။

 

သန့်စင်ခန်းသို့ အချိန်မီ မရောက်ခင် အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ပေးပါ။

 

– မတ်တပ်ရပ်ပေးပါ (သို့မဟုတ်) ငြိမ်ငြိမ်ထိုင်ပေးပါ။- တင်ပဆုံအောက်ပိုင်းကြွက်သားကို သုံးကြိမ်မှ ငါးကြိမ်ခန့် ညှစ်ထားပေးပါ။

 

– အသက်ပြင်းပြင်းကို ရှူသွင်းပေးပါ။

 

– ဆီးယိုစိမ့်ထွက်ကျခြင်းကာကွယ်ရန် စိတ်ကိုသက်တောင့်သက်သာထားပေးပြီး အသက်ရှူခြင်း၌ မှတ်ထားပေးပါ။

 

– ဆီးအနည်းငယ်ယိုစိမ့်ထွက်ကျနေသည်ဟု ခံစားရပါကလည်း သန့်စင်ခန်းသို့ရောက်အောင် သွားပေးသင့်ပါသည်။

 

– ဆရာဝန်နှင့် တိုင်ပင်ပြသပေးပါ ဆီးမထိန်းနိုင်ခြင်းသည် နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အလုပ်များပျက်သည်အထိ ထိခိုက်လာပါက ဆရာဝန်နှင့် တိုင်ပင်ပြသကာ ကုသမှု ခံယူသင့်ပါသည်။

Source: Dr.ဖြူစင်

Read times Last modified on Thursday, 26 December 2019 19:07
Rate this item
(0 votes)