What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 June 2019 16:46

လှည်းကူးပြည်သူ့ဆေးရုံမှာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ပြုလုပ်ပေး

လှည်းကူးမြို့နယ်ကျန်းမာရေးဦးစီးဌာနနဲ့ လှည်းကူးမြို့နယ်နေ ရပ်မိရပ်ဖတို့ ပူးပေါင်းပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခမဲ့ ပြုလုပ်ပေးနေပါတယ်။

လှည်းကူးမြို့နယ်အတွင်းမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေကို စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့နေထိုင်နိုင်အောင် ၊ ကုသရင်းနဲ့ ကျန်းမာရေးဗဟုသုတတွေသိရှိအောင် စတဲ့ ရည်ရွယ်ချက်နဲ့ အခုလို သက်ကြီးရွယ်အို ဘိုးဘွားစောင့်ရှောက်မှုအစီအစဉ်ကို ပြုလုပ်ပေးနေဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးရာမှာ မနက်(၆)နာရီကစပြီး သက်ကြီးဘိုးဘွားတွေကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ပြုလုပ်စေခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတွေအပြင် ဆီးချို၊ သွေးတိုးမရှိ စစ်ဆေးပေးတာတွေကို ပြုလုပ်ပေးနေပါတယ်။

 

ကျန်းမာရေးစစ်ဆေးမှုလာရောက်ခံယူကြတဲ့ အဘိုး ၊ အဘွားတွေဟာ အသက်(၆၀)မှ အသက် (၈၀)ကျော် အဘိုးအဘွားတွေဖြစ်ပါတယ်။ ဒီအဘိုးအဘွားတွေရဲ့သက်ကြီးစောင့်ရှောက်မှုတွေကို တစ်ပတ်တစ်ခါ ပြုလုပ်ပေးခြင်းဖြင့် အဘိုး၊ အဘွားတွေရဲ့ ရောဂါတွေက ထပ်မံမဖြစ်ပွားတော့ဘဲ လျော့နည်းလာတယ်လို့ သိရပါတယ်။

 

သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုမှာ လာရောက်ကြတဲ့ ဘိုးဘွားတွေအနေနဲ့ လှည်းကူးမြို့နယ်အတွင်းကရွာတွေ အဘိုးအဘွားတွေအပြင် ပဲခူး၊ အင်းတကော်၊ အင်းစိန်၊ မင်္ဂလာဒုံ အစရှိတဲ့ မြို့နယ်တွေကပါ လာရောက် ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။

 

လှည်းကူးမြို့နယ်မှာ ရပ်ကွက်ပေါင်း (၅)ခုရှိပြီး ရွာပေါင်း (၁၉၃)ရွာရှိပါတယ်။ လူဦးရေအနေနဲ့ (၂၀၁၈)ခုနှစ် ဒီဇင်ဘာလက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ကောက်နှုတ်ချက်အရ လူဦးရေ နှစ်သိန်းလေးသောင်းကျော်နေထိုင်နေတယ်လို့ သိရပါတယ်။

 

Source : mrtv4

Read times
Rate this item
(1 Vote)