What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 July 2019 10:03

မှို ဆိပ်သင့်ခြင်း လက္ခဏာများ နှင့် သတိပြုရမည့်အချက်များ

မှိုများတွင် အန္တရာယ်ကင်းစွာ စားသုံးနိုင်သော မှိုအမျိုးအစားများ ရှိသလို အဆိပ်ရှိတဲ့ မှိုတွေလည်း ရှိပါတယ်။

အဆိပ်ရှိတဲ့ မှိုတွေထဲက အချို့သောမှိုတွေက ပြင်းထန်စွာ အဆိပ်သင့်စေပြီး အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

အဆိပ်ရှိ မှိုများ၏ လက္ခဏာများကတော့

(၁) မှိုပွင့်၏ အခြေတွင် အခွက်ပါရှိခြင်း

(၂) မှိုပွင့်၏ ရိုးတံတွင် ခြေချင်းပါရှိခြင်း

 

(၃) မှိုထီးရွက်ပေါ်တွင် အကြေးဖတ်ငယ်များ ပြန့်ကျဲပါရှိခြင်း

(၄) မှိုထီးရွက်အောက်ဘက်ရှိ ပါးဟက်များသည် အဖြူရောင် ဖြစ်နေတတ်ခြင်း

(၅) မှိုထီးရွက်သည် အရောင်အဆင်းတောက်ပ၍ လှနေတတ်ခြင်း

(၆) အစိမ်းရောင် မှိုမျိုးမှုန်များ ထုတ်လွှတ်တတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား ဖတ်ရှုရန် နှိပ်ပါ။

မျက်နှာပေါ်က အဆီဖုတွေကြောင့် စိတ်ညစ်နေရလား

 

မှို ဆိပ်သင့်ခြင်း ဖြစ်ပေါ်စေသော လက္ခဏာများ

(၁) မှိုစားပြီး မိနစ်၂၀ မှ (၄) နာရီအတွင်း မူးဝေအော့အန်ခြင်း ၊

(၂) ဗိုက်အောင့် ၊ ဗိုက်နာခြင်း ၊ ဝမ်းသွားခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ခြင်း

(၃) ဦးနှောက်နှင့် အာရုံကြော အဆိပ်သင့်ပြီး စိတ်အာရုံခြောက်ခြားခြင်း ၊ အလွန်အမင်း နိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 


မှို ဆိပ်သင့်ခြင်း မဖြစ်ပွားအောင် သတိပြုရန် အချက်များ

(၁) မိမိစားနေကျ ၊ စားဖူးသော မှိုများကိုသာ စားပါ။

(၂) အများစားသုံးသော မှိုများကိုသာ စားပါ။

 

(၃) အဆိပ်ရှိသည်ဟု သံသယဖြစ်သော မှိုများ၊ သေချာစွာ မသိသော မှိုများ၊ မစားဖူးသော မှိုများကို မစားပါနှင့်။

(၄) မှိုဆိပ်သင့် လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံသို့ ချက်ချင်းသွားရောက် ကုသမှုခံယူရန်ဖို့ လိုအပ်ပါတယ်။

 

အရေးပေါ်လူနာတင်ယာဉ်များကို ဆက်သွယ်နိုင်မည့် အချက်အလတ်များ

Image result for Ambulance

 

မှို များတွင် အဆိပ်ရှိ မရှိ စမ်းသပ်ရန် နည်းလမ်းများ

(၁) မှိုကို လက်ဖြင့် ညှစ်ကြည့်ပါက အညိုကွက်များ ဖြစ်ပေါ်လာခြင်းနှင့် ချေကြည့်ပါက သွေးရောင်ထွက်လာခြင်း

(၂) မှိုဟင်းအတွင်း စတီဇွန်း(သို့) ဓါးဖြင့် မွှေကြည့်ပါက မှိုဟင်းမဲသွားခြင်း

 

(၃) မှိုဟင်းအတွင်း ကြက်သွန်နီဥ ထည့်လိုက်ပါက ကြက်သွန်နီဥ မဲသွားခြင်း

(၄) မှိုကို ဆားရည်တွင် စိမ်လိုက်ပါက အရောင်မဲလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အခုပြောပြပေးလိုက်တာကတော့ မှို ကြိုက်နှစ်သတ်တဲ့သူများ အတွက် သတိပြုသင့်တဲ့ အချက်များဘဲ ဖြစ်ပါတယ်။

 

Ministry of Health and Sports, Myanmar

Read times Last modified on Friday, 26 July 2019 10:33
Rate this item
(1 Vote)