What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 October 2022 10:47

အူလမ်းကြောင်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်

အူလမ်းကြောင်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ ရှားစောင်းလက်ပတ်ဖျော်ရည် Cleveland Clinic

ရှားစောင်းလက်ပတ်ဖျော်ရည်သည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တစ်ခုလုံးအတွက် “အာဟာရပြည့်၀ ပေးစွမ်းနိုင်တယ်” လို့ Ayurvedic ကျန်းမာရေး ကျွမ်းကျင်သူ ဒေါက်တာ Ashutosh Gautam က ဆိုပါတယ်။

 

ရှားစောင်းလက်ပတ်က ကျန်းမာရေးနှင့်အညီညွတ်ဆုံးပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေး ပညာရှင်များ၏ အဆိုအရ ရှားစောင်းလက်ပတ်တွင် ဗီတာမင်များ၊ အင်ဇိုင်းများ၊ သတ္တုဓာတ်များ၊ ဆာလစ်ဆီလစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ်နှင့် အခြားအရာများ ပါဝင်ပြီး ကျန်းမာရေးကို အလုံးစုံ အကျိုးပြုပေးပါတယ်။ ရှားစောင်းလက်ပတ်နဲ့ ပတ်သက်ပြီး အာဟာရပညာရှင် Lovneet Batra က ၎င်းရဲ့ Instagram မှာ "ရှားစောင်းလက်ပတ်က နေလောင်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အနာကျက်ခြင်း" တို့ကို ကုသပေးနိုင်တယ်လို့ တင်ခဲ့ပြီးနောက် လူသိများလာခဲ့ပါတယ်။

 

အဆိုပါ ရှားစောင်းလက်ပတ်ရဲ့ ဇီဝဖြစ်တည်မှုကို ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်း ၊ ရေဓာတ်ခန်းခြောက်ခြင်း စတဲ့ ပြဿနာများကို ဖယ်ရှားပေးနိုင်တဲ့ အင်ဇိုင်းများ ပါရှိပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည် နဲ့ အာဟာရဗေဒပညာရှင် Batra က အူလမ်းကြောင်း ကျန်းမာရေး ရဲ့ အဓိက အကျိုးကျေးဇူး သုံးချက်ကို ထောက်ပြခဲ့ပါတယ်။

 

အဆိုပါ ကျန်းမာရေး အကျိုးကျေးဇူး ၃ မျိုးကတော့

၁။ Prebiotic အဖြစ် အသုံးပြုနိုင်ခြင်း

ရှားစောင်းလက်ပတ်တွင် acemanane၊ glucomannan၊ mannose polymers (accemannose)၊ ဗီတာမင် A၊ ဗီတာမင် B1၊ B6 နှင့် vitamin C တို့ပါဝင်ပြီး အူးအတွင်းရှိ ကောင်းသော ဘက်တီးရီးယားများကို ထိန်းသိမ်းပေးတဲ့ အကျိုးကျေးဇူးများပါဝင်ပါတယ်။

 

၂။ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

ရှားစောင်းလက်ပတ်တွင် ဝမ်းနုတ်ဆေးအာနိသင်ရှိတဲ့ aloin ပါရှိပြီး အူမကြီးကို ကျုံ့ခြင်းကို နှိုးဆွပေးပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

၃။ အူလမ်းကြောင်း ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ခြင်း

ရှားစောင်လက်ပတ်က အကိုက်အခဲပျောက်စေတဲ့ အာနိသင်များပါဝင်တဲ့အတွက် အစာခြေစနစ်အားနည်းခြင်း ၊ အူလမ်းကြောင်းရောင်ရမ်းတို့ကိုလည်း လျော့ပါးစေနိုင်ပါတယ်။

 

Source: Food. Ndtv

Aung Win (Myanmar Health Products Guide)

Read times
Rate this item
(0 votes)