What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 September 2019 17:44

ပိန်သွယ်စေမယ့် သစ်သီးလေးများ…

သစ်သီးအချို့က ကိုယ်အလေးချိန် လျော့ကျစေ တယ်ဆိုတာကို သိပါသလား။

အချို့ သစ်သီး တွေကတော့ အမျှင်ဓာတ်နဲ့ ပက်တင်တို့ ြွကယ်ဝစွာ ပါဝင် တာကြောင့် သဘာဝ အဆီကျဆေးလို့ တင်စား နိုင်သလို ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း ပိုကောင်းစေပါသ တဲ့။ အချို့သစ်သီးတွေကတော့ အချိုဓာတ် လျော့နည်း ပြီး အာဟာရတန်ဖိုး မြင့်မားကြပါတယ်။ ဒီတော့ ကျန်းမာရေးအတွက်လည်း ပိုကောင်းစေပြီး ဝိတ်ကျ ပိန်သွယ်စေမယ့် သစ်သီးလေးတွေကို မျှဝေပါရစေ။

 

ပန်းသီး

ပန်းသီးဟာ သစ်သီးတွေထဲမှာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အကောင်းဆုံး သစ်သီးတစ်မျိုး ပါ။ အမျှင်ဓာတ် ြွကယ်ဝစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုက နည်းစေသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် ပိန်သွယ်လိုသူတွေအနေနဲ့ ပန်းသီး တစ်နေ့ တစ်လုံး မှန်မှန်စားပေးနော်။

 

ဘယ်ရီသီးများ

ဘယ်ရီသီးတွေကတော့ Antioxidant ြွကယ်ဝ တဲ့ သစ်သီးတွေပါ။ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေ လို့ အင်ဆူလင် ဟော်မုန်းပမာဏကို မှန်ကန်စေပြီး သွေးတိုး၊ အဝလွန်နဲ့ ကိုလက်စထရောများတဲ့ ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းဓာတ် ြွကယ်ဝတဲ့ ဒိန်ချဉ်နဲ့ ဘယ်ရီသီးကို တွဲစားရင်တော့ အကောင်း ဆုံးပေါ့။

 

တလည်းသီး

တလည်းသီးမှာ ဓာတ်တိုး ဆန့်ကျင်ဓာတ် စသူပစ့နညသျူ ပါဝင်တဲ့အတွက် ဇီဝဖြစ်စဉ်ကို ပိုကောင်း စေပါတယ်။ သွေးတွင်း အဆီဖြစ်ပေါ်မှုကို ဟန့်တား ပေးပြီး အစားစားချင်စိတ်ကို လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန လျော့ကျစေဖို Super Fruit ပေါ့။ တလည်းသီးက LDL ကိုလက်စထရောကို လျော့ကျ စေပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေး နိုင်သလို သွေးစီးဆင်းလည်ပတ်မှုကိုလည်း ပိုကောင်း စေပါသတဲ့။ တလည်းသီးက စားရခက်တယ်ထင်ရင် ဖျော်ရည် လုပ်သောက်ကြည့်နော်။

 

မက်မွန်သီး

ကယ်လိုရီပါဝင်မှုနည်းတဲ့ မက်မွန်သီးဟာ အမျှင် ဓာတ်နဲ့ ပိုတက်ဆီယမ် မြင့်မားစွာ ပါဝင်ပြီး ဗီတာမင် မျိုးစုံလည်း အပြည့်အဝပါပဲ။ ဗီတာမင်စီ ပါဝင်မှု များပြားတဲ့ သစ်သီးဖြစ်လို့ လှပတဲ့ ပိန်သွယ်သွယ်ကိုယ် အလှကို ပိုင်ဆိုင်နိုင် အောင် ကူညီပေးနိုင်တယ်နော်။

 

ကီဝီသီး

ကီဝီသီးကို အခွံခွာစားရင် ချိုတဲ့အရသာနဲ့ ချဉ်တဲ့ အရသာကို တစ်ပြိုင်နက်တည်း တွဲစပ် ပါဝင်ပါတယ်။ သူ့မှာ အမျှင်ဓာတ် ြွကယ်ဝတဲ့အတွက်ကြောင့် ကိုယ် အလေးချိန် လျော့ကျစေတဲ့ သစ်သီးပါ။ ကီဝီသီးထဲက အမည်းရောင်အစေ့လေးတွေမှာ မပျော်ဝင်တဲ့ အမျှင် ဓာတ်တွေ ပမာဏ ကောင်းကောင်း ပါဝင်တာကြောင့် အစာခြေဖျက်အား ကောင်းစေပါတယ်။ ဒါ့အပြင် ပျော်ဝင် အမျှင်ဓာတ်တွေကိုလည်း ပေးစွမ်းနိုင်တဲ့ ကီဝီသီးက ဗိုက်ပြည့်တင်းစေတဲ့ ခံစားချက်ပေးတာကြောင့် ကိုယ် အလေးချိန် လျော့ကျစေဖို့ တာဝန် ယူနိုင်ပါတယ်။

 

လိမ္မော်သီး

ဗီတာမင်စီ ြွကယ်ဝတဲ့ လိမ္မော်သီး ဟာ ဇီဝကမ္မ ဖြစ်စဉ်ကို တိုးမြင့်ပေးတဲ့ သစ်သီး ဖြစ်ပြီး သိုင်ရာမင်နဲ့ ဖောလိတ်ဓာတ်လည်း ပါဝင်ပါတယ်။ သဘာဝ လိမ္မော်သီးကို အရည် ညှစ်ထားတဲ့ ခွက်တစ်ခွက်စာ မှာ ၈၅ ကယ်လိုရီနဲ့ အမျှင်ဓာတ် ၅ ဂရမ် ပါဝင်တယ်လို့ ဆိုပါတယ်။

 

သရက်သီး

သရက်သီးမှာ အခြား သစ်သီးတွေထက် သကြား ဓာတ်နည်းနည်းပဲ ပါဝင်တာကြောင့် ကျန်းမာ ရေးအတွက် အကောင်းဆုံး သစ်သီးပါ။ ကယ်လိုရီ ၁၃၀ ပါဝင်ပြီး အမျှင်ဓာတ် ၃ ဂရမ် အပြင် ဗီတာမင် စီ၊ အေနဲ့ ကယ်ဆီယမ်ဓာတ်တို့ ပါဝင်ပါတယ်။ ကိုယ် ကာယ သွယ်လျလိုသူတွေအတွက် အကောင်းဆုံး အမျှင် ဓာတ် အရင်းအမြစ်ဖြစ်တဲ့ သရက်သီးကလည်း အရေး ပါတဲ့ သစ်သီးတစ်မျိုးပါ။

 

ငှက်ပျောသီး

ငှက်ပျောသီးမှာ ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့အပြင် အရသာလည်းကောင်း သယ်ရ စားရ လို့ လွယ်ပြီး အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ြွကယ်ဝစွာ ပါဝင်တာကြောင့် ဝိတ်ကျ စေတယ်လေ။ ဗီတာမင် ဘီ ၆ ဓာတ် အများဆုံးပါဝင်တဲ့ အသီးဖြစ်လို့ ကိုယ်ခံ အားကို တိုးစေပြီး နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျ စေပါသတဲ့။ ခါးသေး ရင်ချီ ကျစ်လျစ်စေဖို့နဲ့ ကိုယ်ခံ အားစနစ်ကောင်းစေဖို့ ငှက်ပျောသီးကို မနက်စာ အဖြစ် စားပေးပါတဲ့။

 

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ အဆီလောင်ကျွမ်းမှုနဲ့ ဇီဝ ကမ္မဖြစ်စဉ်ကို ပိုကောင်းစေတဲ့ အဒီပိုနက်တင်နဲ့ လက်တင်ဟော်မုန်းတွေရဲ့ ထုတ်လုပ်မှုကို တိုးစေလို့ ကိုယ်အလေးချိန် လျော့ကျစေတဲ့ အကျိုးပြုသစ်သီး တစ်မျိုးပါ။ စတော်ဘယ်ရီမှာ ရောင်ရမ်းကျစေတဲ့ အင်ဇိုင်းတွေ ပါဝင်လို့ ကိုယ်တွင်းအနာဒဏ်ရာတွေနဲ့ တစ်သျှူး ပျက် စီးမှုကို ပြန်လည်ကောင်းမွန်စေဖို့ ကူညီနိုင်ပါသတဲ့။

 

အုန်းသီး

အုန်းသီးဟာ ချိုလွန်းတဲ့ အရသာကြောင့် သွားရည်စာအဖြစ် လူတိုင်း နှစ်သက်ကြပါတယ်။ အုန်းသီး ကို အုန်းဆီ၊ အုန်းရည်၊ အုန်းနို့၊ အုန်းသီး အရသာမှုန့် အပြင် အခြောက် လုပ်ပြီးလည်း စားသုံးလေ့ ရှိကြပါ တယ်။ အုန်းသီးမှာပါတဲ့ ထရိုင်ဂလစ် စရွိုက် အဆီဟာ အသည်းရဲ့ ဇီဝဖြစ်ပျက် နှုန်းကို ၃၀ ရာခိုင်နှုန်း ပိုတိုးစေလို့ ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီ ပေးနိုင်ပါသတဲ့။ ကျန်းမာရေး အတွက်လည်း ပိုကောင်းစေချင်၊ ဝိတ်လည်း ကျချင်ရင် တော့ လတ်ဆတ်တဲ့ အုန်းရည်က အကောင်းဆုံးပါပဲ နော်။

 

ဂရိတ်ဖရုသီး

ဂရိတ်ဖရုဟာ အဆီတိုက်ဖျက်ပေးတဲ့ သစ်သီး တစ်မျိုးပါတဲ့လေ။ အစာ မစားမီ ဂရိတ်ဖရု တစ်ခြမ်း လောက် မှီဝဲစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန် ကျတာ ပိုကောင်းစေလာ မှာပါ။ ပြီးတော့ ဂရိတ်ဖရုမှာ ကယ်လိုရီ ၃၇ သာပါပြီး အမျှင်ဓာတ် ြွကယ်ဝတာ ကြောင့် ဇီဝကမ္မ ချေဖျက်နှုန်း ကောင်းစေဖို့နဲ့ ကိုယ် အလေးချိန် လျော့ကျစေဖို့ မေ့ထားလို့ မရတဲ့ အသီးပါ။

 

သစ်တော်သီး

ဘယ်သစ်သီးနဲ့ယှဉ်ယှဉ် သစ်တော်သီးရဲ့ အမျှင် ဓာတ်က ပထမတန်းပါ။ ဝမ်းဗိုက် ပြည့်တင်းစေတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတဲ့အတွက် ဝိတ်ကျဖို့ ကူညီ ပေးနိုင်တဲ့ အသီးပေါ့။ ဒါ့အပြင် ပိုတက်ဆီယမ် ပါဝင် တာကြောင့် ကိုလက်စထရောကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကို ကောင်းစေတယ်လေ။

 

(Zawgyi)

-----------

ပိန္သြယ္ေစမယ့္ သစ္သီးေလးမ်ား…

သစ္သီးအခ်ိဳ႕က ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစ တယ္ဆိုတာကို သိပါသလား။ အခ်ိဳ႕ သစ္သီး ေတြကေတာ့ အမွ်င္ဓာတ္နဲ႔ ပက္တင္တို႕ ျြကယ္ဝစြာ ပါဝင္ တာေၾကာင့္ သဘာဝ အဆီက်ေဆးလို႔ တင္စား ႏိုင္သလို ဇီဝကမၼ ျဖစ္စဥ္ကိုလည္း ပိုေကာင္းေစပါသ တဲ့။ အခ်ိဳ႕သစ္သီးေတြကေတာ့ အခ်ိဳဓာတ္ ေလ်ာ့နည္း ၿပီး အာဟာရတန္ဖိုး ျမင့္မားၾကပါတယ္။ ဒီေတာ့ က်န္းမာေရးအတြက္လည္း ပိုေကာင္းေစၿပီး ဝိတ္က် ပိန္သြယ္ေစမယ့္ သစ္သီးေလးေတြကို မွ်ေဝပါရေစ။

 

ပန္းသီး

ပန္းသီးဟာ သစ္သီးေတြထဲမွာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ဖို႔အတြက္ အေကာင္းဆံုး သစ္သီးတစ္မ်ိဳး ပါ။ အမွ်င္ဓာတ္ ျြကယ္ဝစြာ ပါဝင္ၿပီး ကယ္လိုရီပါဝင္မႈက နည္းေစသလို ဗီတာမင္နဲ႔ သတၲဳဓာတ္ေတြလည္း ပါဝင္တာေၾကာင့္ ပိန္သြယ္လိုသူေတြအေနနဲ႔ ပန္းသီး တစ္ေန႔ တစ္လံုး မွန္မွန္စားေပးေနာ္။

 

ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြကေတာ့ Antioxidant ျြကယ္ဝ တဲ့ သစ္သီးေတြပါ။ ဇီဝျဖစ္စဥ္ေတြကို ေကာင္းမြန္ေစ လို႔ အင္ဆူလင္ ေဟာ္မုန္းပမာဏကို မွန္ကန္ေစၿပီး ေသြးတိုး၊ အဝလြန္နဲ႔ ကိုလက္စထေရာမ်ားတဲ့ ေရာဂါ ေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ပရိုတင္းဓာတ္ ျြကယ္ဝတဲ့ ဒိန္ခ်ဥ္နဲ႔ ဘယ္ရီသီးကို တြဲစားရင္ေတာ့ အေကာင္း ဆံုးေပါ့။

 

တလည္းသီး

တလည္းသီးမွာ ဓာတ္တိုး ဆန္႔က်င္ဓာတ္ စသူပစ့နညသ်ူ ပါဝင္တဲ့အတြက္ ဇီဝျဖစ္စဥ္ကို ပိုေကာင္း ေစပါတယ္။ ေသြးတြင္း အဆီျဖစ္ေပၚမႈကို ဟန္႔တား ေပးၿပီး အစားစားခ်င္စိတ္ကို ေလ်ာ့နည္းေစတာေၾကာင့္ ကိုယ္အေလးခ်ိန ေလ်ာ့က်ေစဖို Super Fruit ေပါ့။ တလည္းသီးက LDL ကိုလက္စထေရာကို ေလ်ာ့က် ေစၿပီး အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပး ႏိုင္သလို ေသြးစီးဆင္းလည္ပတ္မႈကိုလည္း ပိုေကာင္း ေစပါသတဲ့။ တလည္းသီးက စားရခက္တယ္ထင္ရင္ ေဖ်ာ္ရည္ လုပ္ေသာက္ၾကည့္ေနာ္။

 

မက္မြန္သီး

ကယ္လိုရီပါဝင္မႈနည္းတဲ့ မက္မြန္သီးဟာ အမွ်င္ ဓာတ္နဲ႔ ပိုတက္ဆီယမ္ ျမင့္မားစြာ ပါဝင္ၿပီး ဗီတာမင္ မ်ိဳးစံုလည္း အျပည့္အဝပါပဲ။ ဗီတာမင္စီ ပါဝင္မႈ မ်ားျပားတဲ့ သစ္သီးျဖစ္လို႕ လွပတဲ့ ပိန္သြယ္သြယ္ကိုယ္ အလွကို ပိုင္ဆိုင္ႏိုင္ ေအာင္ ကူညီေပးႏိုင္တယ္ေနာ္။

 

ကီဝီသီး

ကီဝီသီးကို အခြံခြာစားရင္ ခ်ိဳတဲ့အရသာနဲ႔ ခ်ဥ္တဲ့ အရသာကို တစ္ၿပိဳင္နက္တည္း တြဲစပ္ ပါဝင္ပါတယ္။ သူ႔မွာ အမွ်င္ဓာတ္ ျြကယ္ဝတဲ့အတြက္ေၾကာင့္ ကိုယ္ အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ သစ္သီးပါ။ ကီဝီသီးထဲက အမည္းေရာင္အေစ့ေလးေတြမွာ မေပ်ာ္ဝင္တဲ့ အမွ်င္ ဓာတ္ေတြ ပမာဏ ေကာင္းေကာင္း ပါဝင္တာေၾကာင့္ အစာေျခဖ်က္အား ေကာင္းေစပါတယ္။ ဒါ့အျပင္ ေပ်ာ္ဝင္ အမွ်င္ဓာတ္ေတြကိုလည္း ေပးစြမ္းႏိုင္တဲ့ ကီဝီသီးက ဗိုက္ျပည့္တင္းေစတဲ့ ခံစားခ်က္ေပးတာေၾကာင့္ ကိုယ္ အေလးခ်ိန္ ေလ်ာ့က်ေစဖို႔ တာဝန္ ယူႏိုင္ပါတယ္။

 

လိေမၼာ္သီး

ဗီတာမင္စီ ျြကယ္ဝတဲ့ လိေမၼာ္သီး ဟာ ဇီဝကမၼ ျဖစ္စဥ္ကို တိုးျမင့္ေပးတဲ့ သစ္သီး ျဖစ္ၿပီး သိုင္ရာမင္နဲ႔ ေဖာလိတ္ဓာတ္လည္း ပါဝင္ပါတယ္။ သဘာဝ လိေမၼာ္သီးကို အရည္ ညႇစ္ထားတဲ့ ခြက္တစ္ခြက္စာ မွာ ၈၅ ကယ္လိုရီနဲ႔ အမွ်င္ဓာတ္ ၅ ဂရမ္ ပါဝင္တယ္လို႔ ဆိုပါတယ္။

 

သရက္သီး

သရက္သီးမွာ အျခား သစ္သီးေတြထက္ သၾကား ဓာတ္နည္းနည္းပဲ ပါဝင္တာ
ေၾကာင့္ က်န္းမာ ေရးအတြက္ အေကာင္းဆံုး သစ္သီးပါ။ ကယ္လိုရီ ၁၃၀ ပါဝင္ၿပီး အမွ်င္ဓာတ္ ၃ ဂရမ္ အျပင္ ဗီတာမင္ စီ၊ ေအနဲ႔ ကယ္ဆီယမ္ဓာတ္တို႔ ပါဝင္ပါတယ္။ ကိုယ္ ကာယ သြယ္လ်လိုသူေတြအတြက္ အေကာင္းဆံုး အမွ်င္ ဓာတ္ အရင္းအျမစ္ျဖစ္တဲ့ သရက္သီးကလည္း အေရး ပါတဲ့ သစ္သီးတစ္မ်ိဳးပါ။

 

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ က်န္းမာေရး အက်ိဳးေက်းဇူး ေတြရွိတဲ့အျပင္ အရသာလည္းေကာင္း သယ္ရ စားရ လို႕ လြယ္ၿပီး အမွ်င္ဓာတ္နဲ႔ ပိုတက္ဆီယမ္ ျြကယ္ဝစြာ ပါဝင္တာေၾကာင့္ ဝိတ္က် ေစတယ္ေလ။ ဗီတာမင္ ဘီ ၆ ဓာတ္ အမ်ားဆံုးပါဝင္တဲ့ အသီးျဖစ္လို႕ ကိုယ္ခံ အားကို တိုးေစၿပီး ႏွလံုးေရာဂါ ျဖစ္ႏႈန္းကို ေလ်ာ့က် ေစပါသတဲ့။ ခါးေသး ရင္ခ်ီ က်စ္လ်စ္ေစဖို႔နဲ႔ ကိုယ္ခံ အားစနစ္ေကာင္းေစဖို႔ ငွက္ေပ်ာသီးကို မနက္စာ အျဖစ္ စားေပးပါတဲ့။

 

စေတာ္ဘယ္ရီသီး

စေတာ္ဘယ္ရီသီးမွာ အဆီေလာင္ကြ်မ္းမႈနဲ႔ ဇီဝ ကမၼျဖစ္စဥ္ကို ပိုေကာင္းေစတဲ့ အဒီပိုနက္တင္နဲ႔ လက္တင္ေဟာ္မုန္းေတြရဲ႕ ထုတ္လုပ္မႈကို တိုးေစလို႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ အက်ိဳးျပဳသစ္သီး တစ္မ်ိဳးပါ။ စေတာ္ဘယ္ရီမွာ ေရာင္ရမ္းက်ေစတဲ့ အင္ဇိုင္းေတြ ပါဝင္လို႔ ကိုယ္တြင္းအနာဒဏ္ရာေတြနဲ႔ တစ္သွ်ဴး ပ်က္ စီးမႈကို ျပန္လည္ေကာင္းမြန္ေစဖို႔ ကူညီႏိုင္ပါသတဲ့။

 

အုန္းသီး

အုန္းသီးဟာ ခ်ိဳလြန္းတဲ့ အရသာေၾကာင့္ သြားရည္စာအျဖစ္ လူတိုင္း ႏွစ္သက္ၾကပါတယ္။ အုန္းသီး ကို အုန္းဆီ၊ အုန္းရည္၊ အုန္းႏို႔၊ အုန္းသီး အရသာမႈန္႔ အျပင္ အေျခာက္ လုပ္ၿပီးလည္း စားသံုးေလ့ ႐ွိၾကပါ တယ္။ အုန္းသီးမွာပါတဲ့ ထ႐ိုင္ဂလစ္ စရြိဳက္ အဆီဟာ အသည္းရဲ႕ ဇီဝျဖစ္ပ်က္ ႏႈန္းကို ၃၀ ရာခိုင္ႏႈန္း ပိုတိုးေစလို႔ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစဖို႔ ကူညီ ေပးႏိုင္ပါသတဲ့။ က်န္းမာေရး အတြက္လည္း ပိုေကာင္းေစခ်င္၊ ဝိတ္လည္း က်ခ်င္ရင္ ေတာ့ လတ္ဆတ္တဲ့ အုန္းရည္က အေကာင္းဆံုးပါပဲ ေနာ္။

 

ဂရိတ္ဖရုသီး

ဂရိတ္ဖ႐ုဟာ အဆီတိုက္ဖ်က္ေပးတဲ့ သစ္သီး တစ္မ်ိဳးပါတဲ့ေလ။ အစာ မစားမီ ဂရိတ္ဖ႐ု တစ္ျခမ္း ေလာက္ မွီဝဲစားသံုးေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ က်တာ ပိုေကာင္းေစလာ မွာပါ။ ၿပီးေတာ့ ဂရိတ္ဖ႐ုမွာ ကယ္လိုရီ ၃၇ သာပါၿပီး အမွ်င္ဓာတ္ ျြကယ္ဝတာ ေၾကာင့္ ဇီဝကမၼ ေခ်ဖ်က္ႏႈန္း ေကာင္းေစဖို႔နဲ႔ ကိုယ္ အေလးခ်ိန္ ေလ်ာ့က်ေစဖို႔ ေမ့ထားလို႔ မရတဲ့ အသီးပါ။

 

သစ္ေတာ္သီး

ဘယ္သစ္သီးနဲ႔ယွဥ္ယွဥ္ သစ္ေတာ္သီးရဲ႕ အမွ်င္ ဓာတ္က ပထမတန္းပါ။ ဝမ္းဗိုက္ ျပည့္တင္းေစတဲ့ ခံစားခ်က္ကို ျဖစ္ေပၚေစတဲ့အတြက္ ဝိတ္က်ဖို႔ ကူညီ ေပးႏိုင္တဲ့ အသီးေပါ့။ ဒါ့အျပင္ ပိုတက္ဆီယမ္ ပါဝင္ တာေၾကာင့္ ကိုလက္စထေရာကို ေလ်ာ့နည္းေစၿပီး ႏွလံုးက်န္းမာေရးကို ေကာင္းေစတယ္ေလ။

Read times Last modified on Friday, 07 February 2020 14:42
Rate this item
(2 votes)