နေ့စဉ်စားသုံးနေတဲ့ အစာတွေထဲမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်တယ်ဆိုပေမယ့် ကိုယ့်အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင် အနေအထားကို လိုက်ပြီး ရွေးချယ်စားသုံးသင့်ပါတယ်။
တချို့အစားအစာတွေက ရောဂါပိုတိုးစေပေမယ့် တချို့့ကတော့ ကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။ ဟင်းသီးဟင်းရွက်၊ လတ်ဆတ်တဲ့သစ်သီးတွေ၊ အခွံမာသီးတွေနဲ့ အစေ့အဆံ အစရှိတဲ့ အစားအစာတွေကတော့ ကိုယ်တွင်းအဆိပ်တွေကို ချေဖျက်ပေးပြီး ပြင်ပရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။
အာလူးချောင်းကြော်၊ ရေခဲမုန့်၊ ဟမ်ဘာဂါ အစရှိတဲ့ အစားအစာတွေဟာ အာဟာရဓာတ် များစွာပါပေမယ့် ကျန်းမာရေးနဲ့တော့ မညီညွတ်ပါဘူး။ ပြန်လည် ပြုပြင်ထုပ်ပိုးထားတဲ့ အစားအသောက်တွေ၊ အသင့်စား အစားအသောက်တွေကတော့ အကျိုးပြု အာဟာရဓာတ် အလွန်နည်းပါးပြီး ရေရှည် စားသုံးရင် သွေးတိုး၊ ဆီးချို လေဖြတ်ခြင်းများအပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုပါ မြင့်တက်စေပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟော့ပေါ့ ဖတ်ရှုရန် နှိပ်ပါ။
(Zawgyi)
----------
အစားအစာတွေဆီကရတဲ့ ကောင်းကျိုး ၄ ချက်