What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 October 2019 17:02

ဆီးခ်ိဳေရာဂါနဲ႔ အရိုးအဆစ္အတြက္ အေကာင္းဆံုး ေဆးဆရာ ရံုးပတီသီး

ရံုးပတီသီးဟာ လူတိုင္းသိတဲ့အတိုင္း က်န္းမာေရးေကာင္းက်ိဳးေတြ အမ်ားၾကီးရွိတဲ ့အသီးအနွံ တစ္မ်ိဳးပါ။ ပံုမွန္စားသံုးျခင္းျဖင့္ သင့္ရဲ႕ခႏၶာကိုယ္တြင္းမွာ ေျပာင္းလဲမႈေတြမ်ားစြာကို ျပဳလုပ္သြားနိုင္ပါတယ္။

သင္ဟာ ရံုးပတီသီးစားရတာ မၾကိဳက္တဲ့သူဆိုရင္ေတာ့ ေအာက္ကအခ်က္ေတြကို ေသခ်ာျပန္ဖတ္ျပီး စားသင့္၊မစားသင့္ကို ျပန္လည္ဆံုးျဖတ္ၾကည္ပါေနာ္။ 

 

၁။ရံုးပတီသီးဟာ အမွ်င္ဓါတ္ အလြန္ၾကြယ္ဝစြာ ပါဝင္ျပီး သူ႔ရဲ႕ဓါတ္ေတြဟာ ခႏၶာကိုယ္တြင္း ေကာင္းစြာ စုပ္ယူူျပီး ျပဳျပင္ေျပာင္လဲမႈမ်ား လုပ္ေပးနိုင္ပါတယ္။ အထူးသျဖင့္ အစာေျခစနစ္အတြက္ အထူး အက်ိဳးေက်းဇူးမ်ား ေပးစြမ္းပါတယ္။

 

၂။ဆီးခ်ိဳသမားမ်ားအတြက္လည္း Glucose level ကို ထိန္းခ်ဳပ္ေပးပါတယ္။ သူ႔မွာပါဝင္တဲ ့ဓါတ္က ေသြးတြင္းသၾကားဓါတ္ကို လိုတာထက္ ပိုမမ်ားေအာင္ ထိန္းခ်ဳပ္ေပးပါတယ္။ ရံုးပတီသီးဟာ ဆီးခ်ိဳသမားမ်ားအတြက္ နတ္ေဆးဆရာ တစ္ပါးပါပဲ။

 

၃။ေဖာလစ္အက္ဆစ္ေတြ ၾကြယ္ဝစြာပါဝင္တဲ့ ရံုးပတီသီးဟာ ကိုယ္ဝန္ေဆာင္မ်ား စားသံုးသင့္တဲ့ အရာထဲမွာ ပါဝင္ပါတယ္။ ဒါ့အျပင္ ပံုမွန္မဟုတ္တဲ့ ေမြးဖြားမႈေတြ ၊ သားအိမ္တြင္းရွိ သေႏၶသား ကိုယ္လက္အဂၤါ ခ်ိဳ႕ယြင္းမႈေတြမျဖစ္ေအာင္လည္း စြမ္းေဆာင္ေပးနိုင္ပါတယ္။

 

၄။ရံုးပတီသီးမွာပါဝင္တဲ့ ဗီတာမင္ K နွင့္ ေဖာလစ္အက္ဆစ္က အရိုးကို သန္မာေအာင္ အားေပးျပီး အရိုးပြျခင္းမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အရိုး၏ သိပ္သည္းဆကိုလည္း ေကာင္းမြန္ေစပါတယ္။

 

၅။ဗီတာမင္ C နွင့္ အျခားေရာဂါ ကာကြယ္ေလ်ာ့ေပါ့ေပးနို္င္တဲ့ စြမ္းရည္မ်ားေၾကာင့္ ကင္ဆာျဖစ္ေစနိုင္တဲ့ ဓါတ္ေတြမွ ကာကြယ္ေပးပါတယ္။ဒါ့အျပင္ ေလ့လာေတြ႕ရွိမႈေတြအရ ပန္းနာရင္ၾကပ္သမားေတြကို အထူးသက္သာေစနိုင္တယ္လို႔ ဆိုပါတယ္။

 

၆။ရံုးပတီသီးမွာပါဝင္တဲ့ အမွွ်င္ဓါတ္က ေရဓါတ္ကို မဆံုးရႈံးေအာင္ ထိန္းသိမ္းေပးနိုင္သလို ခြ်ဲက်ိက်ိျဖစ္ေစတဲ့ အရာက အစာေျခစနစ္နွင့္ ဆိုင္ေသာ ကိုယ္တြင္းအစိတ္အပိုင္းကို ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ ဝမ္းခ်ဳပ္တတ္သူမ်ားအတြက္ သဘာဝ ဝမ္းနႈတ္ေပးနိုင္တဲ့ စားစရာတစ္ခုဆိုလည္း မမွားပါဘူး။

 

၇။အမွ်င္ဓါတ္ၾကြယ္ဝတာေၾကာင့္ အူနွင့္ပတ္သက္ေသာ ေရာဂါဘယမ်ားမွ နည္းပါေစသည့္အျပင္ အူလမ္းေၾကာင္းကိုလည္း သန္႔စင္ေပးနိုင္တယ္လို႔ ဆိုပါတယ္။

 

၈။ရံုးပတီသီးမွာ ကယ္လိုရီ လံုးဝမပါဝင္ေသာ္လည္း သင့္ကို ဗိုက္ျပည့္ေနသလို ခံစားရေစပါတယ္။ ဒါေၾကာင့္ အလြန္အကြ်ံ အစားအေသာက္ မစားမိေအာင္ ထိန္းေပးျပီး သင့္ရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ကို မပိုေစေတာ့ပါဘူး။

 

၉။ခႏၶာကိုယ္တြင္းရွိ မေကာင္းေသာ ကိုလက္စထေရာမ်ားကိုလည္း ေလ်ာ့က်ေစပါတယ္။

 

၁၀။မေကာင္းေသာ ကိုလက္စထေရာမ်ား မရွိျခင္းေၾကာင့္ အဆိပ္အေတာက္ကင္းကာ အသားအေရကို ၾကည္လင္ေစပါတယ္။

 

၁၁။ရံုးပတီသီးစားသံုးျခင္းက ဆံသားကို ေပ်ာ့ေျပာင္းေစသည့္အျပင္ ဦးေရျပားကို က်န္းမာေစကာ ေဗာက္မ်ားကိုလည္း ကင္းစင္ေစပါတယ္။

 

၁၂။ေရာဂါပုိးေတြ မဝင္နုိင္ေအာင္ ၊ ကင္ဆာဆဲလ္ေတြ ျဖစ္မလာေအာင္လည္း တိုက္ထုတ္ေပးနိုင္လို႔ ကိုယ္ခံအားေကာင္းကာ က်န္းမာေစပါတယ္။

 

၁၃။ပရိုတိန္းဓါတ္ၾကြယ္ဝလို႔ သက္သက္လြတ္သမားေတြအတြက္လည္း အဆင္ေျပေစပါတယ္။

 

CHAN (ေရႊအင္းေလး) Health Guide

(Unicode)

======

ဆီးချိုရောဂါနဲ့ အရိုးအဆစ်အတွက် အကောင်းဆုံး ဆေးဆရာ ရုံးပတီသီး

 

ရုံးပတီသီးဟာ လူတိုင်းသိတဲ့အတိုင်း ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတဲ့အသီးအနှံ တစ်မျိုးပါ။ ပုံမှန်စားသုံးခြင်းဖြင့် သင့်ရဲ့ခန္ဓာကိုယ်တွင်းမှာ ပြောင်းလဲမှုတွေများစွာကို ပြုလုပ်သွားနိုင်ပါတယ်။ သင်ဟာ ရုံးပတီသီးစားရတာ မကြိုက်တဲ့သူဆိုရင်တော့ အောက်ကအချက်တွေကို သေချာပြန်ဖတ်ပြီး စားသင့်၊မစားသင့်ကို ပြန်လည်ဆုံးဖြတ်ကြည်ပါနော်။

 

၁။ရုံးပတီသီးဟာ အမျှင်ဓါတ် အလွန်ကြွယ်ဝစွာ ပါဝင်ပြီး သူ့ရဲ့ဓါတ်တွေဟာ ခန္ဓာကိုယ်တွင်း ကောင်းစွာ စုပ်ယူူပြီး ပြုပြင်ပြောင်လဲမှုများ လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အစာခြေစနစ်အတွက် အထူး အကျိုးကျေးဇူးများ ပေးစွမ်းပါတယ်။

 

၂။ဆီးချိုသမားများအတွက်လည်း Glucose level ကို ထိန်းချုပ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့ဓါတ်က သွေးတွင်းသကြားဓါတ်ကို လိုတာထက် ပိုမများအောင် ထိန်းချုပ်ပေးပါတယ်။ ရုံးပတီသီးဟာ ဆီးချိုသမားများအတွက် နတ်ဆေးဆရာ တစ်ပါးပါပဲ။

 

၃။ဖောလစ်အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ရုံးပတီသီးဟာ ကိုယ်ဝန်ဆောင်များ စားသုံးသင့်တဲ့ အရာထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ မွေးဖွားမှုတွေ ၊ သားအိမ်တွင်းရှိ သန္ဓေသား ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုတွေမဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

 

၄။ရုံးပတီသီးမှာပါဝင်တဲ့ ဗီတာမင် K နှင့် ဖောလစ်အက်ဆစ်က အရိုးကို သန်မာအောင် အားပေးပြီး အရိုးပွခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အရိုး၏ သိပ်သည်းဆကိုလည်း ကောင်းမွန်စေပါတယ်။

 

၅။ဗီတာမင် C နှင့် အခြားရောဂါ ကာကွယ်လျော့ပေါ့ပေးနိုင်တဲ့ စွမ်းရည်များကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတ်တွေမှ ကာကွယ်ပေးပါတယ်။ဒါ့အပြင် လေ့လာတွေ့ရှိမှုတွေအရ ပန်းနာရင်ကြပ်သမားတွေကို အထူးသက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

 

၆။ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓါတ်က ရေဓါတ်ကို မဆုံးရှုံးအောင် ထိန်းသိမ်းပေးနိုင်သလို ချွဲကျိကျိဖြစ်စေတဲ့ အရာက အစာခြေစနစ်နှင့် ဆိုင်သော ကိုယ်တွင်းအစိတ်အပိုင်းကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်သူများအတွက် သဘာဝ ဝမ်းနှုတ်ပေးနိုင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

 

၇။အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူနှင့်ပတ်သက်သော ရောဂါဘယများမှ နည်းပါစေသည့်အပြင် အူလမ်းကြောင်းကိုလည်း သန့်စင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၈။ရုံးပတီသီးမှာ ကယ်လိုရီ လုံးဝမပါဝင်သော်လည်း သင့်ကို ဗိုက်ပြည့်နေသလို ခံစားရစေပါတယ်။ ဒါကြောင့် အလွန်အကျွံ အစားအသောက် မစားမိအောင် ထိန်းပေးပြီး သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို မပိုစေတော့ပါဘူး။

 

၉။ခန္ဓာကိုယ်တွင်းရှိ မကောင်းသော ကိုလက်စထရောများကိုလည်း လျော့ကျစေပါတယ်။

 

၁၀။မကောင်းသော ကိုလက်စထရောများ မရှိခြင်းကြောင့် အဆိပ်အတောက်ကင်းကာ အသားအရေကို ကြည်လင်စေပါတယ်။

 

၁၁။ရုံးပတီသီးစားသုံးခြင်းက ဆံသားကို ပျော့ပြောင်းစေသည့်အပြင် ဦးရေပြားကို ကျန်းမာစေကာ ဗောက်များကိုလည်း ကင်းစင်စေပါတယ်။

 

၁၂။ရောဂါပိုးတွေ မဝင်နိုင်အောင် ၊ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင်လည်း တိုက်ထုတ်ပေးနိုင်လို့ ကိုယ်ခံအားကောင်းကာ ကျန်းမာစေပါတယ်။

 

၁၃။ပရိုတိန်းဓါတ်ကြွယ်ဝလို့ သက်သက်လွတ်သမားတွေအတွက်လည်း အဆင်ပြေစေပါတယ်။

Read times
Rate this item
(0 votes)