What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 13:44

မနက္စာအတြက္ အာဟာရျပည့္ဝေစတဲ့ ၾကက္ဥ

လူတိုင္း မနက္မိုးလင္ရင္ မနက္စာကို စားသံုးၾကရပါတယ္။

မနက္စာဟာ လူေတြအတြက္ အေရးၾကီးတဲ့ ပထမဆံုး အစားခ်ိန္တစ္ခု ျဖစ္ပါတယ္။ မနက္စာစားၿပီး ေန႔တစ္ေန႔အတြက္ ခြန္အားေတြကုိ ျဖည့္ဆည္းကာ အလုပ္လုပ္ၾကရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူတိုင္းအတြက္ မနက္စာဟာ အာဟာရျပည့္ဝတဲ့ အစားအစာျဖစ္ေစဖို႔ လိုအပ္ပါတယ္။ ၾကက္ဥဟာ မနက္စာအတြက္ အာဟာရျပည့္ဝေစတဲ့ အစားအစာတစ္ခုအျဖစ္ က်န္းမာေရး အက်ဳိးေက်းဇူးမ်ားပံုကုိ ေလ့လာသူေတြက အခုလို ေဖာ္ျပထားၾကပါတယ္။

 

ၾကက္ဥဟာ ဗိုက္ျပည့္ေစၿပီး အဆာခံပါတယ္

ၾကက္ဥမွာပါတဲ့ ပရိုတင္းနဲ႔ အသားဓာတ္ေတြက လူေတြအတြက္ စြမ္းအင္ေတြကို သိုေလွာင္ထိန္းသိမ္းေပးသလို အဆာခံေစၿပီး ဗိုက္ျပည့္တင္းေစပါတယ္။ မနက္စာစားတဲ့အခါ ၾကက္ဥေလးတစ္လံုးေလာက္ ပါဝင္ျဖည့္စြက္လိုက္ျခင္းျဖင့္ ေန႔လည္စာစားခ်ိန္မတိုင္မွီ ေစာစီးစြာ ဆာေလာင္ျခင္းတို႔ ကင္းေဝးေစပါတယ္။

 

ကိုယ္အေလးခ်ိန္ကို ပံုမွန္ျဖစ္ေစပါတယ္

ေလ့လာသူတို႔ရဲ႕ ေတြ႔ရိွခ်က္အရ မနက္စာကို ၾကက္ဥေလးနဲ႔ ပံုမွန္စားသူေတြဟာ ေပါင္မုန္႔ေတြ၊ ဂ်ဳံေတြကို စားသံုးသူေတြနဲ႔ ႏိႈင္းစာရင္ ကိုယ္အေလးခ်ိန္မတက္ဘဲ ဝိတ္က်ေစေၾကာင္း ေဖာ္ျပထားၾကပါတယ္။

 

ၾကက္ဥမွာ ပရိုတင္းဓာတ္ ၾကြယ္ဝစြာ ပါဝင္ပါတယ္

ၾကက္ဥမွာ အၾကြယ္ဝဆံုးအရာက ပရိုတင္းဓာတ္ျဖစ္ျပီး အသားဓာတ္ျဖစ္ေစတဲ့ အမီႏိုအက္စစ္ ေပါမ်ားစြာ ပါဝင္ေနျခင္းဘဲ ျဖစ္ပါတယ္။

>>>ေသာက္ေဆး ႏွင့္ တြဲဖက္မစားသင့္ေသာ္ အစားစာမ်ား<<<

ေသာက္ေဆး ႏွင့္ တြဲဖက္မစားသင့္ေသာ္ အစားစာမ်ား

 

လြယ္ကူသက္သာစြာ စားသံုးႏိုင္ျခင္း

ၾကက္ဥဟာ လူတိုင္းစားႏိုင္တဲ့ အစားအစာတစ္မ်ဳိးျဖစ္သလို အနီေရာင္ အသားေတြလိုမ်ဳိး ပရိုတင္းဓာတ္ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ေစ်းသက္သက္သာသာနဲ႔ အလြယ္တကူ ဝယ္ယူစားသံုးႏိုင္တဲ့ အာဟာရဓာတ္ျပည့္ဝတဲ့ အစားအစာျဖစ္တာေၾကာင့္ မနက္စာအတြက္ အထူးသင့္ေတာ္ျခင္းဘဲ ျဖစ္ပါတယ္။

 

ၾကက္ဥက ဦးေႏွာက္နဲ႔ မွတ္ဥာဏ္စြမ္းအားကို ဖြံ႔ၿဖိဳးေစပါတယ္

ၾကက္ဥမွာ လူေတြအတြက္ မရိွမျဖစ္လိုအပ္တဲ့ အာဟာရတစ္မ်ဳိး ပါဝင္ေနတာကို ေတြ႔ရျပီး အဲဒီအာဟာရဓာတ္ တစ္မ်ဳိးဟာ ဦးေႏွာက္ကို မ်ားစြာ ဖြံ႔ၿဖိဳးေစေၾကာင္း ေလ့လာေတြ႔ရိွသူေတြက ေဖာ္ျပထားပါတယ္။

 

မ်က္စိအျမင္အားကို ေကာင္းေစပါတယ္

ၾကက္ဥမွာ ပါဝင္တဲ့ အာဟာရဓာတ္ႏွစ္မ်ဳိးဟာ မ်က္လံုးအျမင္အာရံု ပ်က္စီးမႈတို႔ကို ကာကြယ္ေပးျပီး ၾကက္ဥကို စားေပးျခင္းျဖင့္ အသက္အရြယ္ ၾကီးရင့္လာတဲ့အခါ ၾကံဳေတြ႔ရတဲ့ အျမင္အာရံု ခ်ဳိ႕တဲ့ျခင္းကို ေလ်ာ့က်ကင္းေဝးေစႏိုင္ေၾကာင္း ေဖာ္ျပထားၾကပါတယ္။

 

source; photutaw

 

{Unicode}

======

မနက်စာအတွက် အာဟာရပြည့်ဝစေတဲ့ ကြက်ဥ

လူတိုင်း မနက်မိုးလင်ရင် မနက်စာကို စားသုံးကြရပါတယ်။ မနက်စာဟာ လူတွေအတွက် အရေးကြီးတဲ့ ပထမဆုံး အစားချိန်တစ်ခု ဖြစ်ပါတယ်။ မနက်စာစားပြီး နေ့တစ်နေ့အတွက် ခွန်အားတွေကို ဖြည့်ဆည်းကာ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအတွက် မနက်စာဟာ အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်စေဖို့ လိုအပ်ပါတယ်။ ကြက်ဥဟာ မနက်စာအတွက် အာဟာရပြည့်ဝစေတဲ့ အစားအစာတစ်ခုအဖြစ် ကျန်းမာရေး အကျိုးကျေးဇူးများပုံကို လေ့လာသူတွေက အခုလို ဖော်ပြထားကြပါတယ်။

 

ကြက်ဥဟာ ဗိုက်ပြည့်စေပြီး အဆာခံပါတယ်

ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အသားဓာတ်တွေက လူတွေအတွက် စွမ်းအင်တွေကို သိုလှောင်ထိန်းသိမ်းပေးသလို အဆာခံစေပြီး ဗိုက်ပြည့်တင်းစေပါတယ်။ မနက်စာစားတဲ့အခါ ကြက်ဥလေးတစ်လုံးလောက် ပါဝင်ဖြည့်စွက်လိုက်ခြင်းဖြင့် နေ့လည်စာစားချိန်မတိုင်မှီ စောစီးစွာ ဆာလောင်ခြင်းတို့ ကင်းဝေးစေပါတယ်။

 

ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်စေပါတယ်

လေ့လာသူတို့ရဲ့ တွေ့ရှိချက်အရ မနက်စာကို ကြက်ဥလေးနဲ့ ပုံမှန်စားသူတွေဟာ ပေါင်မုန့်တွေ၊ ဂျုံတွေကို စားသုံးသူတွေနဲ့ နှိုင်းစာရင် ကိုယ်အလေးချိန်မတက်ဘဲ ဝိတ်ကျစေကြောင်း ဖော်ပြထားကြပါတယ်။

 

ကြက်ဥမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်

ကြက်ဥမှာ အကြွယ်ဝဆုံးအရာက ပရိုတင်းဓာတ်ဖြစ်ပြီး အသားဓာတ်ဖြစ်စေတဲ့ အမီနိုအက်စစ် ပေါများစွာ ပါဝင်နေခြင်းဘဲ ဖြစ်ပါတယ်။

>>>သောက်ဆေး နှင့် တွဲဖက်မစားသင့်သော် အစားစာများ<<<

ေသာက္ေဆး ႏွင့္ တြဲဖက္မစားသင့္ေသာ္ အစားစာမ်ား

 

လွယ်ကူသက်သာစွာ စားသုံးနိုင်ခြင်း

ကြက်ဥဟာ လူတိုင်းစားနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်သလို အနီရောင် အသားတွေလိုမျိုး ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာဖြစ်တာကြောင့် မနက်စာအတွက် အထူးသင့်တော်ခြင်းဘဲ ဖြစ်ပါတယ်။

 

ကြက်ဥက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းအားကို ဖွံ့ဖြိုးစေပါတယ်

ကြက်ဥမှာ လူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး ပါဝင်နေတာကို တွေ့ရပြီး အဲဒီအာဟာရဓာတ် တစ်မျိုးဟာ ဦးနှောက်ကို များစွာ ဖွံ့ဖြိုးစေကြောင်း လေ့လာတွေ့ရှိသူတွေက ဖော်ပြထားပါတယ်။

 

မျက်စိအမြင်အားကို ကောင်းစေပါတယ်

ကြက်ဥမှာ ပါဝင်တဲ့ အာဟာရဓာတ်နှစ်မျိုးဟာ မျက်လုံးအမြင်အာရုံ ပျက်စီးမှုတို့ကို ကာကွယ်ပေးပြီး ကြက်ဥကို စားပေးခြင်းဖြင့် အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရတဲ့ အမြင်အာရုံ ချို့တဲ့ခြင်းကို လျော့ကျကင်းဝေးစေနိုင်ကြောင်း ဖော်ပြထားကြပါတယ်။

Read times
Rate this item
(0 votes)