What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 03 February 2020 12:00
သင့် ကျန်းမာရေးကို အံ့သြစရာကောင်းလောက်အာင် အထောက်အကူဖြစ်စေမယ့် အစာအစားများ
အစားအစာဆိုသည်မှာ လူတို့နေ့စဉ် စားသုံးနေတဲ့ အဓိကစားသောက်မှုပုံစံများဖြစ်သည့် နံနက်စာ၊နေ့လယ်စာ နှင့် ညနေစာများသာမက၊ကြားအချိန်များတွင်ပါ စားသုံးသည့် သားရေစာများ၊ မုန့်များ၊ အသီးအနှံများပါ ပါဝင်ပါတယ်။
ကျန်းမာနေဖို့ဆိုတာ အစားအသောက်က တစ်ဖက်တစ်လမ်းကနေ အရေးပါလှပါတယ်။ မိမိအနေနဲ့လည်း ကျန်းမာနေဖို့အတွက် အစားသောက်တွေကို ကာကွယ်ပြီး ဂရုစိုက်ဖို့ကလည်း အရေးကြီးလှပါတယ်။ ကျန်းမာနေလူတစ်ယောက်ဖြစ်ဖို့အတွက် အစားသောက်နဲ့လည်း အထောက်အအကူပြုနိုင်ပြီး စားသုံးပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Red Meat - အနီရောင်အသား
Related image
အနီရောင်အသား ပြောလိုက်တာနဲ့ သင့်အနေဖြင့် နည်းနည်းတော့ ထူးစမ်းနေပါလိမ့်မယ်။ ဆိုလိုတာကတော့ အနီရောင်အသားဆိုတာက အနီရောင်အသားတွေဖြစ်တဲ့ ဝက်သား ၊ ဆိတ်သား ၊ အမဲသား စတာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအနီရောင် အသားတွေက ပရိုတိန်းဓာတ်ကို ရရှိတဲ့ အဓိက နေရာအရင်းအမြစ် တစ်ခုလည်းဖြစ်ပါတယ်။ ဒီအနီရောင်အသားတွေမှာ ကျန်းမာရေးကို အထောက်အကူဖြစ်တဲ့ omega (ခေါ်) အဆီဓာတ်အက်စစ်(၃) မျိုး ၊ ဗီတာမင် ဘီဓာတ်များ ၊ ဇင့် နှင့် သံဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ထိုအာဟာရ ဓာတ်များက လူ့ခန္ဓာကိုယ်၏ LDL ၊ ကိုလတ်စထရောဓာတ် အားနည်နေခြင်း စတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့အပြင် တခြားသော ကျန်းမာရေး ပြဿနာများအတွက်ပါ အထောက်အကူဖြစ်စေနိုင်တဲ့ အသားများဘဲ ဖြစ်ပါတယ်။
Honey - ပျားရည်
honeycombs on plate
သဘာဝရေချိုုလို့ တင်စားခေါ်ဝေါ်လို့ရတဲ့ ပျားရည်မှာ antioxidant ဓာတ်များ အာနည်းခြင်းကို ပြည့်ဝစေတဲ့အပြင် လူ့ခန္ဓာကိုယ်ဆဲများနှင့် ခန္ဓာကိုယ်ဖောရောင်ခြင်းများအတွက် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပျားရည်မှာ လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဘတ်တီးရီးယားများ နဲ့ အစာခြေစနစ်ကောင်းမွန်စေခြင်း ၊ ခန္ဓာကိုအတွက် လိုအပ်တဲ့ အဟာရဓာတ်များရရှိခြင်းအတွက် အလွန်ကောင်းမွန်သော သာဘဝဆေး တစ်ခွက်မျိုးဘဲ ဖြစ်ပါတယ်။
Chocolate - ချောကလက်
split bar of dark chocolate
လူတိုင်းနီးပါးအကြိုက်တဲ့ အစားတစ်ခုဆိုလည်း မမှားပါဘူ။ ချောကလက်စားခြင်းကလည်း ခန္ဓာကိုယ်က ဆဲ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားနည်းခြင်း၊ သွေးတိုးခြင်း ၊ နှလုံး နှင့် နှလုံးဆိုင်ရာ ရောဂါများဖြစ်ပွား ခြင်းကိုလည်း လျော့ချနိုင်ပါတယ်။ ချောကလက်မှာဆိုရင် ချောကလက် အရောင်ရင့်ရင့် လေးဆိုရင် ပိုပြီး ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းချောကလက်များမှ flavonoids ဓာတ် နှင့် သကြားဓာတ်နည်းပြီး cocoa ဓာတ်အများဆုံး ပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ချောကလက်များကို နည်းနည်းဘဲစားဖို့လိုတယ် များများစားစား ရင်တော့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။
Eggs - ဥ အမျိုးမျိုး
breakfast eggs on plate
ဥ တွေမှာဆိုရင် ဗီတာမင် ဘီ နှင့် အမိုက်နိုအက်စစ် ပြည့်ဝစွာ ပါဝင်တဲ့ အတွက် ပရိုတိန်းဓာတ်များကို ကောင်းစွာအထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် သဘာဝ အစားအစာများထဲကမှ မရရှိနိုင်တဲ့ စယ်လီနီယမ်ဓာတ် နဲ့ ဗီတာမင် ဒီ တို့ကို ရရှိနိုင်ပါတယ်။ ဥ အမျိုးမျိုး စားသုံးခြင်းကလည်း ခန္ဓာကိုယ် အတွင်းရှိ လိုအပ်သော အားအင် တွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။
Dark Meat Chicken - ကြက်မဲအသား
roast chicken legs
ကြက်မဲအသား မှာဆိုရင် စိုစိုပြေရှိတဲ့ အဆီဓာတ်များစွာပါဝင်ပါတယ်။ ကြက်သား စားသုံးခြင်းက သံဓာတ် ၊ ဇင့် ၊ စယ်လီနီယမ်ဓာတ် နှင့် ဗီတာမင် အေ ၊ ဘီ ၊ ကေ တို့ပါဝင်ပါတယ်။ ဒါပေမဲ့ကြက်မဲအသားမှာ ဆာလဖာ များစွာများပါဝင်ပြီး မလိုအပ်တဲ့ အဆီဓာတ်များစွာ လွန်ကဲခြင်းကို လျော့ကျပေးတဲ့အပြင် ခန္ဓာကိုယ် ဖော်ရောင်ခြင်း နှင့် သွေးတိုးခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။
Written By Health Products Directory
Ref; WebMD
(Zawgyi)
----------
Red Meat - အနီရောင်အသား
Related image
Honey - ပျားရည်
honeycombs on plate
Chocolate - ချောကလက်
Eggs - ဥ အမျိုးမျိုး
roast chicken legs
Ref; WebMD
Read times
Rate this item
(1 Vote)