What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 October 2019 17:11

နံနက္စာ ေကာင္းေကာင္းမစားရင္ ဘာေတြျဖစ္လာႏိုင္လဲ

တစ္ေန႔တာမွာ နံနက္စာဟာ အလြန္အေရးၾကီးလွပါတယ္။

နံနက္စာကို ေကာင္းေကာင္းနဲ႔ အာဟာရ ျပည့္ဝေအာင္စားေပးမွ တစ္ေနကုန္ အလုပ္လုပ္ရတာ လန္းဆန္းေနမွာပါ။ ဒါေၾကာင့္ နံနက္စာကို ေကာင္းေကာင္းမစားတဲ့အခါ ဘာေတြျဖစ္လာမလဲ? ဘယ္လိုဆိုးက်ိဳးေတြရွိလာႏိုင္မလဲ? စတဲ့ နံနက္စာ မစားျခင္းရဲ႕ ဆိုးက်ိဳးေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) Gym ေဆာ့ေပမယ့္ ကိတ္မလာေတာ့ဘူး

နံနက္စာစားတဲ့အခါ ႂကြက္သားေတြဟာ သိသိသာသာဖြံ႔ၿဖိဳးပါတယ္။ ဒါေၾကာင့္ gym ကစားတဲ့သူေတြဟာ အာဟာရအျပည့္နဲ႔ နံနက္စာကို စားေပးရပါတယ္။ မစားဘူးဆိုရင္ေတာ့ သင္လိုခ်င္တဲ့ အကိတ္ goal နဲ႔ ေဝးသြားမွာ ျဖစ္ပါတယ္။

 

(၂) ဦးေႏွာက္မေကာင္းေတာ့ဘူး

နံနက္စာ စားေပးတဲ့အခါ ဦးေႏွာက္အားေကာင္းေစပါတယ္။ နံနက္စာ မစားတဲ့သူဟာ အေမ့လြယ္တာေတြ၊ ၾကာၾကာ မစဥ္းစားႏိုင္တာေတြ ျဖစ္တဲ့အျပင္ အသက္ႀကီးလာတဲ့အခါ အယ္လ္ဇိုင္းမားေရာဂါ အလြယ္တကူ ဝင္ႏိုင္ပါတယ္။ မွတ္ဥာဏ္စြမ္းရည္ က်ဆင္းလာပါတယ္။ ဒါေၾကာင့္ ဦးေႏွာက္ အသံုးျပဳ အလုပ္လုပ္ရတဲ့သူေတြဟာ နံနက္စာစားေပးသင့္ပါတယ္။

 

(၃) ဆံပင္ကြၽတ္ႏိုင္တယ္

နံနက္စာမစားတဲ့အခါ ပ႐ိုတင္းကို ျပည့္ဝစြာမရ႐ွိႏိုင္တာေတြ ျဖစ္လာပါတယ္။ အဲ့ဒီအခါ ဆံသားအတြက္လိုအပ္တဲ့ keratin မရ႐ွိေတာ့ဘဲ ဆံပင္ကြၽတ္တာေတြ၊ ထိပ္ေျပာင္တာေတြ ျဖစ္လာႏိုင္ပါတယ္။

>>>ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား ဖတ္ရႈရန္ ႏွိပ္ပါ<<<

ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား

(၄) ႏွလံုးေရာဂါ ျဖစ္လာမယ္

နံနက္စာမစားတဲ့သူဟာ ၾကာလာေလေလ ႏွလံုးအားနည္းလာေလ ျဖစ္ၿပီး ႐ုတ္တရပ္ အသက္႐ွဴရပ္ကာ ေသေစႏိုင္တဲ့ ႏွလံုးေရာဂါကို ျဖစ္ပြားေစမွာပါ။ ဒါေၾကာင့္ ရင္ခုန္သံေတြမွန္ေနေစဖို႔ နံနက္စာ စားေပးဖို႔ လိုပါတယ္။

 

(၅) အားကိုးခ်င္စရာလူအျဖစ္ မရပ္တည္ႏိုင္ပါဘူး

နံနက္စာမစားတဲ့သူဟာ သူ႔မွာ အားအင္အလံုအေလာက္မ႐ွိမွန္း သူ႔ဘာသာသူ မသိပါဘူး။ ဒါေပမယ့္ ႏွစ္ေတြအမ်ားႀကီးၾကာလာတဲ့အခါ သူဟာ သူမ်ားလို က်န္းမာသန္စြမ္းေတာ့မွာ မဟုတ္ပါဘူး။ အေမာလြယ္မယ္။ အားနည္းမယ္။ မူးမယ္။ ေမာမယ္။ ပင္ပန္းလြယ္မယ္။ အားကိုးခ်င္စရာ မျဖစ္ေတာ့ဘူးေပါ့။

 


(၆) ငယ္ရြယ္ႏုပ်ိဳမႈေတြ အကုန္ျမန္လာမယ္။

ငယ္ရြယ္တုန္းမွာ နံနက္စာမစားေပမယ့္ အလုပ္လုပ္ႏိုင္ၾကပါတယ္။ ဒါဟာ ငယ္ရြယ္ႏုပ်ိဳမႈေၾကာင့္သက္သက္ လုပ္ႏိုင္ေနတာပါ။ တစ္နည္းေျပာရရင္ သန္ျမန္ဖ်တ္လတ္တဲ့ ငယ္ရြယ္မႈကို ျဖဳန္းပစ္လိုက္တာပါ။ အဲ့ဒီအခါ သူမ်ားအသက္ ၄၀ သန္ျမန္ေနေပမယ့္ ကိုယ္ကေတာ့ အသက္ ၄၀ ေလာက္နဲ႔ အင္အားခ်ိနဲ႔သူ အဖိုးအဖြားေတြ ျဖစ္ေနရမွာပါ။

 

AD- Secret Diary

 

{Unicode}

=======

နံနက်စာ ကောင်းကောင်းမစားရင် ဘာတွေဖြစ်လာနိုင်လဲ

 

တစ်နေ့တာမှာ နံနက်စာဟာ အလွန်အရေးကြီးလှပါတယ်။ နံနက်စာကို ကောင်းကောင်းနဲ့ အာဟာရ ပြည့်ဝအောင်စားပေးမှ တစ်နေကုန် အလုပ်လုပ်ရတာ လန်းဆန်းနေမှာပါ။ ဒါကြောင့် နံနက်စာကို ကောင်းကောင်းမစားတဲ့အခါ ဘာတွေဖြစ်လာမလဲ? ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်မလဲ? စတဲ့ နံနက်စာ မစားခြင်းရဲ့ ဆိုးကျိုးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

 

(၁) Gym ဆော့ပေမယ့် ကိတ်မလာတော့ဘူး

နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးပါတယ်။ ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကို စားပေးရပါတယ်။ မစားဘူးဆိုရင်တော့ သင်လိုချင်တဲ့ အကိတ် goal နဲ့ ဝေးသွားမှာ ဖြစ်ပါတယ်။

 

(၂) ဦးနှောက်မကောင်းတော့ဘူး

နံနက်စာ စားပေးတဲ့အခါ ဦးနှောက်အားကောင်းစေပါတယ်။ နံနက်စာ မစားတဲ့သူဟာ အမေ့လွယ်တာတွေ၊ ကြာကြာ မစဉ်းစားနိုင်တာတွေ ဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူ ဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပါတယ်။ ဒါကြောင့် ဦးနှောက် အသုံးပြု အလုပ်လုပ်ရတဲ့သူတွေဟာ နံနက်စာစားပေးသင့်ပါတယ်။

 

(၃) ဆံပင်ကျွတ်နိုင်တယ်

နံနက်စာမစားတဲ့အခါ ပရိုတင်းကို ပြည့်ဝစွာမရရှိနိုင်တာတွေ ဖြစ်လာပါတယ်။ အဲ့ဒီအခါ ဆံသားအတွက်လိုအပ်တဲ့ keratin မရရှိတော့ဘဲ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေ ဖြစ်လာနိုင်ပါတယ်။

>>>နေပူပူမှာ ရင်အေးစေမယ့် ရေဓာတ်ဖြည့်အစားအစာများ ဖတ်ရှုရန် နှိပ်ပါ<<<

ေနပူပူမွာ ရင္ေအးေစမယ့္ ေရဓာတ္ျဖည့္အစားအစာမ်ား

(၄) နှလုံးရောဂါ ဖြစ်လာမယ်

နံနက်စာမစားတဲ့သူဟာ ကြာလာလေလေ နှလုံးအားနည်းလာလေ ဖြစ်ပြီး ရုတ်တရပ် အသက်ရှူရပ်ကာ သေစေနိုင်တဲ့ နှလုံးရောဂါကို ဖြစ်ပွားစေမှာပါ။ ဒါကြောင့် ရင်ခုန်သံတွေမှန်နေစေဖို့ နံနက်စာ စားပေးဖို့ လိုပါတယ်။

 

(၅) အားကိုးချင်စရာလူအဖြစ် မရပ်တည်နိုင်ပါဘူး

နံနက်စာမစားတဲ့သူဟာ သူ့မှာ အားအင်အလုံအလောက်မရှိမှန်း သူ့ဘာသာသူ မသိပါဘူး။ ဒါပေမယ့် နှစ်တွေအများကြီးကြာလာတဲ့အခါ သူဟာ သူများလို ကျန်းမာသန်စွမ်းတော့မှာ မဟုတ်ပါဘူး။ အမောလွယ်မယ်။ အားနည်းမယ်။ မူးမယ်။ မောမယ်။ ပင်ပန်းလွယ်မယ်။ အားကိုးချင်စရာ မဖြစ်တော့ဘူးပေါ့။

 

(၆) ငယ်ရွယ်နုပျိုမှုတွေ အကုန်မြန်လာမယ်။

ငယ်ရွယ်တုန်းမှာ နံနက်စာမစားပေမယ့် အလုပ်လုပ်နိုင်ကြပါတယ်။ ဒါဟာ ငယ်ရွယ်နုပျိုမှုကြောင့်သက်သက် လုပ်နိုင်နေတာပါ။ တစ်နည်းပြောရရင် သန်မြန်ဖျတ်လတ်တဲ့ ငယ်ရွယ်မှုကို ဖြုန်းပစ်လိုက်တာပါ။ အဲ့ဒီအခါ သူများအသက် ၄၀ သန်မြန်နေပေမယ့် ကိုယ်ကတော့ အသက် ၄၀ လောက်နဲ့ အင်အားချိနဲ့သူ အဖိုးအဖွားတွေ ဖြစ်နေရမှာပါ။

Read times
Rate this item
(1 Vote)