What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 October 2019 11:57

“အမ်ားျပည္သူက႑တြင္ တာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္မ်ားအား အစိုးရဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခ်င္ေအာင္ ဆြဲေဆာင္လႊမ္းမိုးေသာအရာမ်ားကို ဆန္းစစ္ျခင္း” သုေတသနစစ္တမ္း

(ယခုသုေတသနစစ္တမ္းကို ျမန္မာႏိုင္ငံေဆးပညာရွင္အဖြဲ႕၊ ေဆးသိပၸံပညာရပ္ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ဆပ္ေကာ္မတီ (Medical Education Development Sub-committee)

ႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးဆပ္ေကာ္မတီ (Human Resource Development Sub-committee) (၂) ခုတို႔က ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ၿပီး ျပည္သူ႔က်န္းမာေရးတကၠသိုလ္ (ရန္ကုန္)၊ Research and Ethics Committee ၏ သုေတသနေဆာင္႐ြက္ရန္ ခြင့္ျပဳခ်က္ကို ရရွိခဲ့ၿပီးျဖစ္ပါသည္။)

 

We would like to conduct a survey on “Factors Influencing Retention of HRH in the Public Sector” to explore your feelings and experiences as a health professional working in the public sector.

 

ကြၽႏ္ုပ္တို႔သည္ “အမ်ားျပည္သူက႑တြင္ တာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရး လူ႔စြမ္းအား အရင္းအျမစ္မ်ားအား အစိုးရဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခ်င္ေအာင္ ဆြဲေဆာင္လႊမ္းမိုးေသာအရာမ်ားကို ဆန္းစစ္ျခင္း” သုေတသနစစ္တမ္းတစ္ခုကို ေကာက္ယူ၍ သင္တို႔၏ ခံစားခ်က္ အေတြ႕အႀကဳံမ်ားကို သိရွိလိုပါသည္။ အကယ္၍ သင္သည္ အစိုးရဝန္ထမ္းအျဖစ္ လက္ရွိတာဝန္ထမ္းေဆာင္ေနေသာ က်န္းမာေရး ဝန္ထမ္းတစ္ဦးျဖစ္ပါက သင့္အား ဤအြန္လိုင္းေမးခြန္းလႊာကို ေျဖဆိုရန္ ဖိတ္ေခၚလိုပါသည္။

 

If you are one of the medical professionals (an HRH) and working in the public sector for at least 10 years or more (2009 - 2019), you are invited to participate in this online survey. This survey will take only 15-20 minutes to fill it in. Your contributions and inputs are very important and valuable in developing recommendations to fulfill the needs and gaps to retain HRH in the public sector. To limit the number of responses and validity of survey responses, we will request your email address. However, All the data will be analyzed anonymously and we will keep the confidentiality of your response and information. Thank you very much for your kind interest and contribution to this survey.

 

ဤသုေတသနစစ္တမ္းေမးခြန္းလႊာကိုေျဖဆိုရန္ သေဘာတူပါက ဆက္လက္ ေျဖဆိုႏိုင္ၿပီး စုစုေပါင္းေျဖဆိုခ်ိန္ ၁၅-၂၀ မိနစ္ခန႔္ၾကာျမင့္မည္ ျဖစ္ပါသည္။ သင္၏ ခံစားခ်က္မ်ား၊ အေတြ႕အႀကဳံမ်ား ႏွင့္ အႀကဳံျပဳခ်က္မ်ားသည္ က်န္းမာေရးဝန္ထမ္းမ်ား အစိုးရအလုပ္တြင္ ပိုမိုေမြ႕ေလ်ာ္ေအာင္ လိုအပ္ခ်က္မ်ားျဖည့္ဆည္းေပးရန္အတြက္ အႀကံျပဳခ်က္မ်ား၊ နည္းဗ်ဴဟာမ်ားခ်မွတ္ရာတြင္ အလြန္အေရးပါမည္ ျဖစ္ပါသည္။

 

ဤအြန္လိုင္းစစ္တမ္းေကာက္ယူေသာ ေမးခြန္းလႊာကို ဝန္ထမ္းတစ္ဦးလွ်င္ တစ္ႀကိမ္သာ ေျဖဆိုရန္ႏွင့္ မွန္ကန္မႈကို ပိုမိုခိုင္လုံရန္အတြက္ သင္၏ အီးေမးလ္ လိပ္စာ (သို႔) ဖုန္းနံပါတ္ကို ေတာင္းခံလိုပါသည္။ အေျဖမ်ားကို ခြဲျခမ္းစိတ္ျဖာရာတြင္ သင္မည္သူမည္ဝါျဖစ္သည္ကို ထည့္သြင္းေဖာ္ျပမည္ မဟုတ္ဘဲ လွ်ိဳ႕ဝွက္ထားမည္ ျဖစ္ပါသည္။ သင္၏စိတ္ပါဝင္စားမႈႏွင့္ ဤစစ္တမ္းေမးခြန္းလႊာကို ေျဖဆိုေပးျခင္းအတြက္ ေက်းဇူးတင္ရွိပါသည္။

 

ဤစစ္တမ္းေမးခြန္းလႊာကို (၂၄-၁၀-၂၀၁၉) ရက္ေန႔မွ (၂၄-၁၁-၂၀၁၉) ရက္ေန႔အတြင္း ပါဝင္ေျဖဆိုႏိုင္မည္ျဖစ္ပါသည္။

 

အဆိုပါသုေတသနစစ္တမ္းေမးခြန္းလႊာကို ဝင္ေရာက္ဖတ္ရႈေျဖဆိုႏိုင္ရန္ အင္တာနက္လိပ္စာ >>>>စစ္တမ္းေမးခြန္းလႊာ<<<<

 

Source : Ministry of Health and Sports, Myanmar

 

{Unicode}

======

 

“အများပြည်သူကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအား အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချင်အောင် ဆွဲဆောင်လွှမ်းမိုးသောအရာများကို ဆန်းစစ်ခြင်း” သုတေသနစစ်တမ်း

 

(ယခုသုတေသနစစ်တမ်းကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ ဆေးသိပ္ပံပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဆပ်ကော်မတီ (Medical Education Development Sub-committee) နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ (Human Resource Development Sub-committee) (၂) ခုတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ Research and Ethics Committee ၏ သုတေသနဆောင်ရွက်ရန် ခွင့်ပြုချက်ကို ရရှိခဲ့ပြီးဖြစ်ပါသည်။)

 

We would like to conduct a survey on “Factors Influencing Retention of HRH in the Public Sector” to explore your feelings and experiences as a health professional working in the public sector.

 

ကျွန်ုပ်တို့သည် “အများပြည်သူကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များအား အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချင်အောင် ဆွဲဆောင်လွှမ်းမိုးသောအရာများကို ဆန်းစစ်ခြင်း” သုတေသနစစ်တမ်းတစ်ခုကို ကောက်ယူ၍ သင်တို့၏ ခံစားချက် အတွေ့အကြုံများကို သိရှိလိုပါသည်။ အကယ်၍ သင်သည် အစိုးရဝန်ထမ်းအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်ပါက သင့်အား ဤအွန်လိုင်းမေးခွန်းလွှာကို ဖြေဆိုရန် ဖိတ်ခေါ်လိုပါသည်။

 

If you are one of the medical professionals (an HRH) and working in the public sector for at least 10 years or more (2009 - 2019), you are invited to participate in this online survey. This survey will take only 15-20 minutes to fill it in. Your contributions and inputs are very important and valuable in developing recommendations to fulfill the needs and gaps to retain HRH in the public sector. To limit the number of responses and validity of survey responses, we will request your email address. However, All the data will be analyzed anonymously and we will keep the confidentiality of your response and information. Thank you very much for your kind interest and contribution to this survey.

 

ဤသုတေသနစစ်တမ်းမေးခွန်းလွှာကိုဖြေဆိုရန် သဘောတူပါက ဆက်လက် ဖြေဆိုနိုင်ပြီး စုစုပေါင်းဖြေဆိုချိန် ၁၅-၂၀ မိနစ်ခန့်ကြာမြင့်မည် ဖြစ်ပါသည်။ သင်၏ ခံစားချက်များ၊ အတွေ့အကြုံများ နှင့် အကြုံပြုချက်များသည် ကျန်းမာရေးဝန်ထမ်းများ အစိုးရအလုပ်တွင် ပိုမိုမွေ့လျော်အောင် လိုအပ်ချက်များဖြည့်ဆည်းပေးရန်အတွက် အကြံပြုချက်များ၊ နည်းဗျူဟာများချမှတ်ရာတွင် အလွန်အရေးပါမည် ဖြစ်ပါသည်။

 

ဤအွန်လိုင်းစစ်တမ်းကောက်ယူသော မေးခွန်းလွှာကို ဝန်ထမ်းတစ်ဦးလျှင် တစ်ကြိမ်သာ ဖြေဆိုရန်နှင့် မှန်ကန်မှုကို ပိုမိုခိုင်လုံရန်အတွက် သင်၏ အီးမေးလ် လိပ်စာ (သို့) ဖုန်းနံပါတ်ကို တောင်းခံလိုပါသည်။ အဖြေများကို ခွဲခြမ်းစိတ်ဖြာရာတွင် သင်မည်သူမည်ဝါဖြစ်သည်ကို ထည့်သွင်းဖော်ပြမည် မဟုတ်ဘဲ လျှို့ဝှက်ထားမည် ဖြစ်ပါသည်။ သင်၏စိတ်ပါဝင်စားမှုနှင့် ဤစစ်တမ်းမေးခွန်းလွှာကို ဖြေဆိုပေးခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။

 

ဤစစ်တမ်းမေးခွန်းလွှာကို (၂၄-၁၀-၂၀၁၉) ရက်နေ့မှ (၂၄-၁၁-၂၀၁၉) ရက်နေ့အတွင်း ပါဝင်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

 

အဆိုပါသုတေသနစစ်တမ်းမေးခွန်းလွှာကို ဝင်ရောက်ဖတ်ရှုဖြေဆိုနိုင်ရန် အင်တာနက်လိပ်စာ >>>>စစ်တမ်းမေးခွန်းလွှာ<<<<

Read times Last modified on Friday, 25 October 2019 12:07
Rate this item
(0 votes)