What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 October 2019 16:33

ကေလးေသးခံ (Diaper) ေလာင္ရင္ ဘာလုပ္ရမလဲ

အကယ္လို႔ ေသးခံေၾကာင့္ အေရျပားေလာင္တာက မဆိုစေလာက္ နည္းနည္းပဲဆိုရင္ေတာ့ ကေလးက ဂဏာမၿငိမ္ျဖစ္မွာမဟုတ္ပါဘူး။

သူခံစားေနရတဲ့ေဝဒနာကို ေမေမကိုယ္တိုင္ကုလို႔ရပါတယ္။ • ကေလးေသးခံကို မၾကာခဏလဲေပးပါ။ ဆီးသြား၊ ဝမ္းသြားလိုက္တာနဲ႔ အခ်ိန္မဆြဲဘဲ လဲေပးပါ။ • စုပ္ယူအားအင္မတန္ေကာင္းတဲ့ ေသးခံကိုအသုံးျပဳပါ။

ဒါမွသာ ကေလးေပါင္ၿခံအေရျပားတဝိုက္ စိုစြတ္မႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ ေသးခံအထုပ္မွာ အေပါင္းလကၡဏာ (+)ျပထားရင္ စုပ္ယူအားပိုေကာင္းတယ္ဆိုတဲ့ အမွတ္အသားျဖစ္ပါတယ္။ အဝတ္ေသးခံအသုံးျပဳရင္ေတာ့ ေအာက္မွာ တစ္ခုခုခံဖို႔လိုပါတယ္။ ပလတ္စတစ္နဲ႔လုပ္ထားတဲ့ ေသးခံကိုအသုံးမျပဳပါနဲ႔။ ေလာင္တာကို ပိုဆိုးေစပါတယ္။

 

ေသးခံလဲေပးတဲ့အခါ သူ႔ရဲ႕လိင္အဂၤါကိုပါ သန႔္ရွင္းေပးပါ။ မိန္းကေလးဆိုရင္ အေရွ႕ကေန အေနာက္ကို ေရနဲ႔ ခ်ည္ထည္ႏုႏုေလးကို အသုံးျပဳၿပီး သုတ္သင္ေပးပါ။ သို႔မဟုတ္ အနံ႔မပါ၊ အရက္ပ်ံမပါတဲ့ တစ္သွ်ဴးအစိုကို အသုံးျပဳပါ။ လုံးဝေျခာက္ေသြ႕ဖို႔အတြက္ဆိုရင္ေတာ့ သဘက္ႏုႏုေလးနဲ႔ ကေလးအေရျပားကို ခပ္ဖြဖြပုတ္ၿပီး ေျခာက္ေသြ႕ေအာင္ ေဆာင္႐ြက္ပါ။

 

ေသးခံအသစ္လဲဖို႔ လိုအပ္တဲ့အခါ အသစ္မဝတ္ေပးခင္ ေပါင္ၿခံတဝိုက္ကို ကေလးအတြက္ အသုံးျပဳလို႔ရတဲ့ ခရင္မ္သို႔မဟုတ္ လိမ္းေဆးလူးေပးပါ။ အမ်ားႀကီးလူးဖို႔ မလိုပါဘူး။ ခပ္ပါးပါးသာလူးပါ။ အဲဒီခရင္မ္ဟာ သူစြန႔္ထုတ္လိုက္တဲ့ ဆီးနဲ႔ ဝမ္းကို အေရျပားနဲ႔တိုက္႐ိုက္ထိေတြ႕မႈ နည္းပါးေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

 

ကေလးကို ေသးခံမဝတ္ေပးဘဲ လြတ္လြတ္လပ္လပ္ရွိေအာင္ တတ္ႏိုင္မွ်ၾကာၾကာထားပါ။ ေသးခံလဲေပးတဲ့ တစ္ႀကိမ္နဲ႔တစ္ႀကိမ္အၾကားမွာ ခ်က္ခ်င္းမလဲေပးေသးဘဲ ခဏလႊတ္ေပးထားတာမ်ိဳးေပါ့။

ဝေနသူမ်ားအတြက္ အဆီက်ေစမယ့္ ၾကက္သြန္နီသုပ္ ဖတ္ရႈရန္ ႏွိပ္ပါ။

ဝေနသူမ်ားအတြက္ အဆီက်ေစမယ့္ ၾကက္သြန္နီသုပ္

ေသးခံေလာင္ေနတဲ့ကေလးကို ေရအလြန္အကြၽံ ခ်ိဳးမေပးပါနဲ႔။ တစ္ေန႔ကို ေရတစ္ႀကိမ္ခ်ိဳးျခင္း သို႔မဟုတ္ ေရပတ္တစ္ႀကိမ္/ ႏွစ္ႀကိမ္တိုက္ေပးျခင္းက သူ႔အတြက္သန႔္ရွင္းေရးနဲ႔ အေရျပားကို ဂ႐ုစိုက္ေပးရာ ေရာက္ပါၿပီ။ မၾကာခဏေရခ်ိဳးရင္ အေရျပားေျခာက္ေသြ႕ၿပီး က်ိန္းစပ္စပ္ျဖစ္တတ္ပါတယ္။ ၿပီးေတာ့ ဆပ္ျပာ၊ ေရျမႇဳပ္ေရခ်ိဳးျခင္း၊ လိမ္းေဆးအဆီသို႔မဟုတ္ Talc ေပါင္ဒါမႈန႔္လူးျခင္းဟာလည္း ႏုနယ္ညက္ေညာတဲ့ကေလးအေရျပားကို သြားဆြသလိုျဖစ္ေစပါတယ္။

 

အကယ္လို႔ ကေလးကို ေမေမကိုယ္တိုင္မၾကည့္ရႈႏိုင္လို႔ တျခားတစ္ေယာက္ေယာက္နဲ႔လႊဲထားရတယ္ဆိုရင္ ကေလးေသးခံေလာင္တာကို ဘယ္လိုဂ႐ုစိုက္ေပးရမလဲဆိုတာနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူကို ေသခ်ာမွာထားပါ။ တစ္ခုခုနဲ႔မတည့္လို႔အေရျပားေလာင္တယ္ထင္ရင္ ဘာေၾကာင့္ျဖစ္ရသလဲဆိုတဲ့အေၾကာင္းအရင္းကို ရွာပါ။

 

မၾကာေသးခင္က ေပါင္ဒါအသစ္၊ ကေလးတစ္သွ်ဴးအသစ္ သို႔မဟုတ္ ေသးခံတံဆိပ္အသစ္ကို ေျပာင္းသုံးခဲ့ေသးလားစဥ္းစားပါ။ အသစ္သုံးမိရင္ အေဟာင္းကိုျပန္သုံးၾကည့္ပါ။ ေပ်ာက္ေကာင္းေပ်ာက္ပါလိမ့္မယ္။ ေသးခံေလာင္တာ နည္းနည္းပါးပါးဆိုရင္ေတာ့ အထက္မွာဆိုခဲ့သလို ေသခ်ာဂ႐ုစိုက္လိုက္ရင္ သုံးရက္ေလာက္နဲ႔ ေပ်ာက္မွာပါ။ ကေလးကိုအေႏွာက္အယွက္မျဖစ္ေစရင္… ဆိုလိုတာက ေသးခံေလာင္လို႔ ငိုယိုေသာင္းက်န္းတာမရွိရင္လည္း ဂ႐ုတစိုက္ကုေပးဖို႔လိုပါတယ္။ ေစာေစာစီးစီး ဂ႐ုမစိုက္ရင္ ေရာဂါပိုးဝင္ေရာက္ႏိုင္ပါတယ္။

 

ေဒါက္တာခ်စ္ေဆြ M.B.,B.S (YGN)

{Unicode}
======


ကလေးသေးခံ (Diaper) လောင်ရင် ဘာလုပ်ရမလဲ

 

အကယ်လို့ သေးခံကြောင့် အရေပြားလောင်တာက မဆိုစလောက် နည်းနည်းပဲဆိုရင်တော့ ကလေးက ဂဏာမငြိမ်ဖြစ်မှာမဟုတ်ပါဘူး။ သူခံစားနေရတဲ့ဝေဒနာကို မေမေကိုယ်တိုင်ကုလို့ရပါတယ်။ • ကလေးသေးခံကို မကြာခဏလဲပေးပါ။ ဆီးသွား၊ ဝမ်းသွားလိုက်တာနဲ့ အချိန်မဆွဲဘဲ လဲပေးပါ။ • စုပ်ယူအားအင်မတန်ကောင်းတဲ့ သေးခံကိုအသုံးပြုပါ။

 

ဒါမှသာ ကလေးပေါင်ခြံအရေပြားတဝိုက် စိုစွတ်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ သေးခံအထုပ်မှာ အပေါင်းလက္ခဏာ (+)ပြထားရင် စုပ်ယူအားပိုကောင်းတယ်ဆိုတဲ့ အမှတ်အသားဖြစ်ပါတယ်။ အဝတ်သေးခံအသုံးပြုရင်တော့ အောက်မှာ တစ်ခုခုခံဖို့လိုပါတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ သေးခံကိုအသုံးမပြုပါနဲ့။ လောင်တာကို ပိုဆိုးစေပါတယ်။

 

သေးခံလဲပေးတဲ့အခါ သူ့ရဲ့လိင်အင်္ဂါကိုပါ သန့်ရှင်းပေးပါ။ မိန်းကလေးဆိုရင် အရှေ့ကနေ အနောက်ကို ရေနဲ့ ချည်ထည်နုနုလေးကို အသုံးပြုပြီး သုတ်သင်ပေးပါ။ သို့မဟုတ် အနံ့မပါ၊ အရက်ပျံမပါတဲ့ တစ်သျှူးအစိုကို အသုံးပြုပါ။ လုံးဝခြောက်သွေ့ဖို့အတွက်ဆိုရင်တော့ သဘက်နုနုလေးနဲ့ ကလေးအရေပြားကို ခပ်ဖွဖွပုတ်ပြီး ခြောက်သွေ့အောင် ဆောင်ရွက်ပါ။

 

သေးခံအသစ်လဲဖို့ လိုအပ်တဲ့အခါ အသစ်မဝတ်ပေးခင် ပေါင်ခြံတဝိုက်ကို ကလေးအတွက် အသုံးပြုလို့ရတဲ့ ခရင်မ်သို့မဟုတ် လိမ်းဆေးလူးပေးပါ။ အများကြီးလူးဖို့ မလိုပါဘူး။ ခပ်ပါးပါးသာလူးပါ။ အဲဒီခရင်မ်ဟာ သူစွန့်ထုတ်လိုက်တဲ့ ဆီးနဲ့ ဝမ်းကို အရေပြားနဲ့တိုက်ရိုက်ထိတွေ့မှု နည်းပါးအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ကလေးကို သေးခံမဝတ်ပေးဘဲ လွတ်လွတ်လပ်လပ်ရှိအောင် တတ်နိုင်မျှကြာကြာထားပါ။ သေးခံလဲပေးတဲ့ တစ်ကြိမ်နဲ့တစ်ကြိမ်အကြားမှာ ချက်ချင်းမလဲပေးသေးဘဲ ခဏလွှတ်ပေးထားတာမျိုးပေါ့။

ဝနေသူများအတွက် အဆီကျစေမယ့် ကြက်သွန်နီသုပ် ဖတ်ရှုရန် နှိပ်ပါ။

ဝေနသူမ်ားအတြက္ အဆီက်ေစမယ့္ ၾကက္သြန္နီသုပ္

သေးခံလောင်နေတဲ့ကလေးကို ရေအလွန်အကျွံ ချိုးမပေးပါနဲ့။ တစ်နေ့ကို ရေတစ်ကြိမ်ချိုးခြင်း သို့မဟုတ် ရေပတ်တစ်ကြိမ်/ နှစ်ကြိမ်တိုက်ပေးခြင်းက သူ့အတွက်သန့်ရှင်းရေးနဲ့ အရေပြားကို ဂရုစိုက်ပေးရာ ရောက်ပါပြီ။ မကြာခဏရေချိုးရင် အရေပြားခြောက်သွေ့ပြီး ကျိန်းစပ်စပ်ဖြစ်တတ်ပါတယ်။ ပြီးတော့ ဆပ်ပြာ၊ ရေမြှုပ်ရေချိုးခြင်း၊ လိမ်းဆေးအဆီသို့မဟုတ် Talc ပေါင်ဒါမှုန့်လူးခြင်းဟာလည်း နုနယ်ညက်ညောတဲ့ကလေးအရေပြားကို သွားဆွသလိုဖြစ်စေပါတယ်။

 

အကယ်လို့ ကလေးကို မေမေကိုယ်တိုင်မကြည့်ရှုနိုင်လို့ တခြားတစ်ယောက်ယောက်နဲ့လွှဲထားရတယ်ဆိုရင် ကလေးသေးခံလောင်တာကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူကို သေချာမှာထားပါ။ တစ်ခုခုနဲ့မတည့်လို့အရေပြားလောင်တယ်ထင်ရင် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းအရင်းကို ရှာပါ။

 

မကြာသေးခင်က ပေါင်ဒါအသစ်၊ ကလေးတစ်သျှူးအသစ် သို့မဟုတ် သေးခံတံဆိပ်အသစ်ကို ပြောင်းသုံးခဲ့သေးလားစဉ်းစားပါ။ အသစ်သုံးမိရင် အဟောင်းကိုပြန်သုံးကြည့်ပါ။ ပျောက်ကောင်းပျောက်ပါလိမ့်မယ်။ သေးခံလောင်တာ နည်းနည်းပါးပါးဆိုရင်တော့ အထက်မှာဆိုခဲ့သလို သေချာဂရုစိုက်လိုက်ရင် သုံးရက်လောက်နဲ့ ပျောက်မှာပါ။ ကလေးကိုအနှောက်အယှက်မဖြစ်စေရင်… ဆိုလိုတာက သေးခံလောင်လို့ ငိုယိုသောင်းကျန်းတာမရှိရင်လည်း ဂရုတစိုက်ကုပေးဖို့လိုပါတယ်။ စောစောစီးစီး ဂရုမစိုက်ရင် ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။

Read times
Rate this item
(0 votes)