What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 30 October 2019 17:21

ျမန္မာနိုင္ငံ က်န္းမာေရးမွူးအသင္း ႏွင့္ Khon Kaen University တို့ပူးေပါင္း၍ က်န္းမာေရး ကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ညႇိႏွိုင္းေဆြးေႏြးခဲ့ၾကကာ သေဘာတူညီခ်က္မ်ားရရွိခဲ့

ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းႏွင့္ Khon Kaen University တို့ပူးေပါင္း၍ က်န္းမာေရး သတင္းအခ်က္အလက္မၽွေဝေရး၊ သင္တန္းမ်ားပူးတြဲဖြင့္လွစ္နိုင္ေရး၊ ပညာေတာ္သင္ေက်ာင္းသားမ်ားႏွင့္ အလုပ္သင္ဝန္ထမ္းမ်ား အျပန္အလွန္ေစလႊတ္နိုင္ေရးႏွင့္ သုေတသနလုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္နိုင္ေရး စသည့္ကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ညႇိႏွိုင္းေဆြးေႏြးခဲ့ၾကကာ သေဘာတူညီခ်က္မ်ားရရွိခဲ့

ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဌ ဦးျမသြင္၊ အႀကံေပးပုဂၢိဳလ္ Prof. Dr. ေဒၚစန္းစန္းျမင့္ေအာင္ (UCH Rector -Retired)၊ Head of Program ဦးဆန္းလင္းဦးတို့ အဖြဲ႕သည္ ထိုင္းနိုင္ငံ Khon Kaen University သို့ သြားေရာက္၍ က်န္းမာေရးေစာင့္ေရွာက္မွုလုပ္ငန္းမ်ား၊ သုေတသနလုပ္ငန္းမ်ား၊ သင္တန္းမ်ားႏွင့္ပညာေတာ္သင္ေက်ာင္းသားမ်ားေစလႊတ္ေရးဆိုင္ရာ ကိစၥရပ္မ်ားညႇိႏွိုင္းေဆြးေႏြးခဲ့ၾကသည္။

ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဌ ဦးျမသြင္၊ အႀကံေပးပုဂၢိဳလ္ Prof. Dr. ေဒၚစန္းစန္းျမင့္ေအာင္ (UCH Rector -Retired)၊ Head of Program ဦးဆန္းလင္းဦးတို့ အဖြဲ႕သည္ ေအာက္တိုဘာလ (၂၂) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ့မွထြက္ခြာခဲ့ၾကၿပီး ထိုင္းနိုင္ငံဘန္ေကာက္ၿမိဳ့မွတဆင့္ Khon Kaen ၿမိဳ့သို့ေရာက္ရွိခဲ့ၾကသည္။

ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဌ ဦးျမသြင္ႏွင့္အဖြဲ႕သည္ ေအာက္တိုဘာလ ၂၃ ရက္ေန႔တြင္ Khon Kaen University ၏ Assoc. Prof. Dr. Wingsa Laohasiriwong ႏွင့္အတူ Khon Kaen Sub-District Health Promotion Hospital တစ္ခုသို့ သြားေရာက္ခဲ့ၾကၿပီး က်န္းမာေရးစီမံခ်က္လုပ္ငန္းမ်ားအေၾကာင္းၾကည့္ရွုေလ့လာခဲ့ၾကသည္။ ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဌ ဦးျမသြင္ႏွင့္အဖြဲ႕အား Khon Kaen Sub-District Health Promotion Hospital ၏ တာဝန္ရွိသူမ်ားက ၎တို့လုပ္ကိုင္ေဆာင္ရြက္လ်က္ရွိသည့္ တိုင္းရင္းေဆးကုလုပ္ငန္းမ်ား၊ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ား၊ သြားက်န္းမာေရးလုပ္ငန္းမ်ား၊ က်န္းမာေရးလုပ္သားမ်ား၏ အခန္းက႑ႏွင့္ေဆာင္ရြက္လုပ္ကိုင္မွုအေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ၾကၿပီး ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္း ဥကၠဌ ႏွင့္အဖြဲ႕ကလည္း ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္း ႏွင့္ ေဆာင္ရြက္လုပ္ကိုင္လ်က္ရွိေသာ က်န္းမာေရးစီမံခ်က္လုပ္ငန္းမ်ားအေၾကာင္း ရွင္းလင္းခဲ့ၾကသည္။

ထိုမွတစ္ဆင့္ ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဌႏွင့္အဖြဲ႕သည္ သူနာျပဳေက်ာင္းသား ေက်ာင္းသူမ်ားမွဦးေဆာင္၍ ေဆာင္ရြက္လုပ္ကိုင္လ်က္ရွိသည့္ Elderly Healthcare center သက္ႀကီးရြယ္အို က်န္းမာေရးေစာင့္ေရွာက္မွုဌာနသို့ေရာက္ရွိခဲ့ၾကၿပီး သက္ႀကီးရြယ္အိုေစာင့္ေရွာက္မွုလုပ္ငန္းမ်ားအားၾကည့္ရွုေလ့လာခဲ့ၾကသည္။

Image may contain: 8 people, people smiling, people standing and indoor

ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္း ဥကၠဌႏွင့္အဖြဲ႕သည္ ေအာက္တိုဘာလ (၂၄) ရက္တြင္ Khon Kaen University သို့ သြားေရာက္ခဲ့ၾကၿပီး တကၠသိုလ္တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ၍ ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းႏွင့္ Khon Kaen University တို့ ပူးေပါင္း၍ က်န္းမာေရးသတင္းအခ်က္လက္မၽွေဝေရး၊ သင္တန္းမ်ားပူးေပါင္းဖြင့္လွစ္နိုင္ေရး၊ ပညာေတာ္သင္ေက်ာင္းသားမ်ားႏွင့္ အလုပ္သင္ဝန္ထမ္းမ်ား အျပန္အလွန္ေစလႊတ္နိုင္ေရးႏွင့္ သုေတသနလုပ္ငန္းမ်ားပူးေပါင္းေဆာင္ရြက္ေရး စသည့္ ကိစၥရပ္မ်ား ႏွင့္ ပတ္သက္ၿပီး ညႇိႏွိုင္းေဆြးေႏြးခဲ့ၾကကာ သေဘာတူညီခ်က္မ်ားရရွိခဲ့သည္။

Image may contain: 4 people, people smiling, people standing and indoor

ထို့ေနာက္ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဌႏွင့္အဖြဲ႕အား Khon Kaen University တာဝန္ရွိသူမ်ားက တကၠသိုလ္၏ပညာသင္ၾကားမွုအေျခေနမ်ား၊ Bachelor ႏွင့္ Master Degree သင္တန္းသားမ်ား၏ ပညာေရးေဆာင္ရြက္မွုအေျခအေနမ်ားအားရွင္းလင္းျပသခဲ့ၾကသည္။ ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္းဥကၠဠ ဦးျမသြင္၊ အႀကံေပးပုဂၢိဳလ္ Prof. Dr. ေဒၚစန္းစန္းျမင့္ေအာင္ (UCH Rector -Retired)၊ Head of Program ဦးဆန္းလင္းဦးတို့ အဖြဲ႕သည္ ေအာက္တိုဘာလ (၂၅) ရက္ေန႔တြင္ ထိုင္းနိုင္ငံဘန္ေကာက္ၿမိဳ့မွတဆင့္ ရန္ကုန္ၿမိဳ့သို့ျပန္လည္ေရာက္ရွိခဲ့ၾကသည္။

Image may contain: 3 people, outdoor

ျပည္သူ႔က်န္းမာေရးဆိုင္ရာ သုေတသနျပဳတကၠသိုလ္တစ္ခုျဖစ္ေသာ Khon Kaen Universityသည္ လြန္ခဲ့သည့္ ၁၉၆၆ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့ေသာတကၠသိုလ္တစ္ခုျဖစ္ၿပီး ေဒသတြင္းနိုင္ငံမ်ားထဲတြင္ ႏွစ္သက္တမ္းၾကာရွည္ခိုင္မာၿပီး ေက်ာ္ၾကားထင္ရွားသည့္တကၠသိုလ္တစ္ခုျဖစ္သည္။

 

ျပန္ၾကားေရး/ျမန္မာနိုင္ငံက်န္းမာေရးမွူးအသင္း

{Unicode}

======

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ပူးပေါင်း၍ ကျန်းမာရေး သတင်းအချက်အလက်မျှဝေရေး၊ သင်တန်းများပူးတွဲဖွင့်လှစ်နိုင်ရေး၊ ပညာတော်သင်ကျောင်းသားများနှင့် အလုပ်သင်ဝန်ထမ်းများ အပြန်အလှန်စေလွှတ်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သဘောတူညီချက်များရရှိခဲ့


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် ထိုင်းနိုင်ငံ Khon Kaen University သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သင်တန်းများနှင့်ပညာတော်သင်ကျောင်းသားများစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် အောက်တိုဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် Khon Kaen မြို့သို့ရောက်ရှိခဲ့ကြသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်နှင့်အဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် Khon Kaen University ၏ Assoc. Prof. Dr. Wingsa Laohasiriwong နှင့်အတူ Khon Kaen Sub-District Health Promotion Hospital တစ်ခုသို့ သွားရောက်ခဲ့ကြပြီး ကျန်းမာရေးစီမံချက်လုပ်ငန်းများအကြောင်းကြည့်ရှုလေ့လာခဲ့ကြသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်နှင့်အဖွဲ့အား Khon Kaen Sub-District Health Promotion Hospital ၏ တာဝန်ရှိသူများက ၎င်းတို့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းဆေးကုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ သွားကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍနှင့်ဆောင်ရွက်လုပ်ကိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ နှင့်အဖွဲ့ကလည်း မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နှင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိသော ကျန်းမာရေးစီမံချက်လုပ်ငန်းများအကြောင်း ရှင်းလင်းခဲ့ကြသည်။

ထိုမှတစ်ဆင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌနှင့်အဖွဲ့သည် သူနာပြုကျောင်းသား ကျောင်းသူများမှဦးဆောင်၍ ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် Elderly Healthcare center သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ရောက်ရှိခဲ့ကြပြီး သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများအားကြည့်ရှုလေ့လာခဲ့ကြသည်။

Image may contain: 8 people, people smiling, people standing and indoor

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌနှင့်အဖွဲ့သည် အောက်တိုဘာလ (၂၄) ရက်တွင် Khon Kaen University သို့ သွားရောက်ခဲ့ကြပြီး တက္ကသိုလ်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် Khon Kaen University တို့ ပူးပေါင်း၍ ကျန်းမာရေးသတင်းအချက်လက်မျှဝေရေး၊ သင်တန်းများပူးပေါင်းဖွင့်လှစ်နိုင်ရေး၊ ပညာတော်သင်ကျောင်းသားများနှင့် အလုပ်သင်ဝန်ထမ်းများ အပြန်အလှန်စေလွှတ်နိုင်ရေးနှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များ နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကာ သဘောတူညီချက်များရရှိခဲ့သည်။

Image may contain: 4 people, people smiling, people standing and indoor

ထို့နောက်မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌနှင့်အဖွဲ့အား Khon Kaen University တာဝန်ရှိသူများက တက္ကသိုလ်၏ပညာသင်ကြားမှုအခြေနေများ၊ Bachelor နှင့် Master Degree သင်တန်းသားများ၏ ပညာရေးဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းပြသခဲ့ကြသည်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဠ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ကြသည်။

Image may contain: 3 people, outdoor

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနပြုတက္ကသိုလ်တစ်ခုဖြစ်သော Khon Kaen Universityသည် လွန်ခဲ့သည့် ၁၉၆၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့သောတက္ကသိုလ်တစ်ခုဖြစ်ပြီး ဒေသတွင်းနိုင်ငံများထဲတွင် နှစ်သက်တမ်းကြာရှည်ခိုင်မာပြီး ကျော်ကြားထင်ရှားသည့်တက္ကသိုလ်တစ်ခုဖြစ်သည်။

Read times
Rate this item
(0 votes)