What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 November 2019 14:38

ဝန္ႀကီးဦးနိုင္ငံလင္း ကမၻာ့ ပဋိဇီဝေဆးဆိုင္ရာ အသိေပးရက္သတၱပတ္ အထိမ္းအမွတ္ အခမ္းအနားသို့ တက္ေရာက္

၂၀၁၉ခုႏွစ္၊ ကမၻာ့ပဋိဇီဝေဆးဆိုင္ရာ အသိေပးရက္သတၱပတ္ (World Antibiotic Awareness Week 2019) အထိမ္းအမွတ္ အခမ္းအနားကို ယေန႔၊ နံနက္(၈)နာရီတြင္ ရန္ကုန္ၿမိဳ့ရွိ Melia Hotel ၌ က်င္းပရာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူမွုေရးဝန္ႀကီး ဦးနိုင္ငံလင္း တက္ေရာက္ခဲ့သည္။

အခမ္းအနားတြင္ လူမွုေရးဝန္ႀကီး ဦးနိုင္ငံလင္း၊ ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးႏွင့္ အားကစားဖြံ့ၿဖိဳးတိုးတက္ေရး ေကာ္မတီဥကၠ႒ ေဒါက္တာစံေရႊဝင္းႏွင့္ ေဆးသုေတသနဦးစီးဌာန၊ ညႊန္ၾကားေရးမွူးခ်ဳပ္ ပါေမာက ၡေဒါက္တာသန္းထြန္းတို့က အဖြင့္အမွာစကား ေျပာၾကားခဲ့ၾကသည္။



ထို့ေနာက္ ကမၻာ့က်န္းမာေရးအဖြဲ႕ ဌာေနကိုယ္စားလွယ္ Dr. Stephan Paul Jost က Key note presentation on AMR အား ရွင္းလင္းတင္ျပၿပီး AMR ပညာေပးျပဇာတ္တိုႏွင့္ Key Message Show တို့ကို ျပသခဲ့သည္။



ယင္းေနာက္ လူမွုေရးဝန္ႀကီး ဦးနိုင္ငံလင္းႏွင့္ တာဝန္ရွိသူမ်ားက ဓာတ္ပုံႏွင့္ ပိုစတာျပခန္းတို့အား လွည့္လည္ ၾကည့္ရွုခဲ့ၾကသည္။



အခမ္းအနားသို့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ၊ လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးလင္းနိုင္ျမင့္၊တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူမွုေရးဝန္ႀကီး ဦးနိုင္ငံလင္း၊ ရခိုင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးႏွင့္ အားကစားဖြံ့ၿဖိဳးတိုးတက္ေရး ေကာ္မတီမွ တာဝန္ရွိသူမ်ား၊ တိုင္းေဒသႀကီး က်န္းမာေရးဦးစီး ဌာနမွ တာဝန္ရွိသူမ်ား၊ ေဆးသုေတသနဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမွုဆိုင္ရာဌာနမွ တာဝန္ရွိသူမ်ား၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ပုဂၢလိကေဆး႐ုံမ်ားအသင္းမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။



YRG Info

{Unicode}

======

ဝန်ကြီးဦးနိုင်ငံလင်း ကမ္ဘာ့ ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (World Antibiotic Awareness Week 2019) အထိမ်းအမှတ် အခမ်းအနားကို ယနေ့၊ နံနက်(၈)နာရီတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းနှင့် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက ္ခဒေါက်တာသန်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။



ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က Key note presentation on AMR အား ရှင်းလင်းတင်ပြပြီး AMR ပညာပေးပြဇာတ်တိုနှင့် Key Message Show တို့ကို ပြသခဲ့သည်။

ယင်းနောက် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများက ဓာတ်ပုံနှင့် ပိုစတာပြခန်းတို့အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။



အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Read times
Rate this item
(0 votes)