What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 March 2019 12:03

ရန်ကုန်ဗဟို အမျိုးသမီးဆေးရုံးကြီးတွင် ၂၉ နှစ်မြောက် အပြာရောင် ကမ္ပည်းပြားတပ်ဆင်

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗဟို အမျိုးသမီးဆေးရုံကြီး (ယခင်ဒပ်ဖရင် ဆေးရုံ)၌ အစောဆုံးတည်ဆောက်ခဲ့သော သက်တမ်း ၁၂၂ နှစ် D ဆောင်ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ၂၉ ခုမြောက် မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ပည်း ပြားတပ်ဆင်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားပြီး ဗဟို အမျိုးသမီးဆေးရုံကြီး၏ ဆေးရုံအုပ် ကြီး ပါမောက္ခ ဒေါက်တာ ခင်ပြုံးကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ထို့နောက် ဗဟိုအမျိုးသမီးဆေးရုံ ကြီး အထောက်အကူပြုအဖွဲ့နာယက ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများက အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အပြာရောင်ကမ္ပည်းပြားကို အမွှေး နံ့သာရည်မျာပက်ဖျန်းပေးခဲ့ပါတယ်။

 

ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ သက် တမ်း ၁၂၂ နှစ်ပြည့်ပြီဖြစ်သော D ဆောင်ကို အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်၏ ကြင်ယာတော် လေဒီဒပ်ဖရင်၏ ရန်ပုံငွေဖြင့် မတည် တည်ထောင်ခဲ့ပြီး ၁၉၇ ခုနှစ်တွင် D ဆောင်ဆောက်လုပ်ရန် လေဒီ ဒပ်ဖရင်ကိုယ်စား မြန်မာနိုင်ငံ ဒုတိယ ဘုရင်ခံ၏ဇနီး လေဒီဖရိုင်ရာက အုတ်မြစ်ချပေးခဲ့ပါတယ်။ ယင်းနောက် ၁၉၈ ခုနှစ်တွင် ဒပ်ဖရင်ဆေးရုံအဖြစ် စတင်အသုံးပြုခဲ့ကာ ၁၉၂၇ ခုနှစ်တွင် A ဆောင်၊ ၁၉၂၉ ခုနှစ်တွင် B ဆောင်နှင့် C ဆောင်တို့ကို ထပ်မံ တိုးချဲ့ တည်ဆောက်ခဲ့ပါတယ်။

 

 

“ဗဟိုအမျိုးသမီးဆေးရုံက ရန်ကုန် မြို့မှာရှိတဲ့ အရေးပါတဲ့ အမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ကမ္ပည်းပြားတပ်ခဲ့တဲ့ အဆောင် D ဟာဆိုရင် ဒီဆေးရုံဝင်းထဲမှာ သက်တမ်းအရင့်ဆုံး အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါတယ်။ လူအများ နဲ့လည်း သက်ဆိုင်တဲ့အဆောက်အအုံ တစ်ခုဖြစ်တယ်။ ဗိသုကာအရလည်း ထူးခြားတယ်။ကမ္ပည်းပြားကို ဒီဆေးရုံ မှာတပ်ဖို့ရွေးချယ်ခဲ့တာပါ”ဟု ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံချက်အရာရှိ ဦးသူရိန်အောင်က ပြောပါတယ်။

 

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(YHT)သည် ရန်ကုန်မြို့တွင် အပြာရောင်ကမ္ပည်း ပြားတပ်ဆင်ခြင်းကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး ပထမဆုံး ကမ္ပည်းပြားကို ရန်ကုန်မြို့တော် ခန်းမတွင် တပ်ဆင်ခဲ့ပါတယ်။ ယနေ့ ဗဟိုအမျိုးသမီးဆေးရုံကြီး D ဆောင် တွင် တပ်ဆင်ခဲ့သည့် အပြာရောင်
ကမ္ပည်းပြားသည် YHT ၏ ၂၉ ခုမြောက် တပ်ဆင်ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

အပြာရောင်ကမ္ပည်းပြားများ၏ ရည်ရွယ်ချက်မှာ လူအများသိရှိပြီး အဆောက်အအုံများ၊ နေရာများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းတတ်လာစေရန် ၊ လူသိနည်းသေးသည့် အဆောက်အအုံများ အကြောင်းကို လူအများပိုမိုသိရှိလာစေရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) အနေဖြင့် ကမ္ပည်းပြား တပ်ဆင်ထား သည့် အဆောက်အအုံများနှင့် စပ်လျဉ်းပြီး ပြုပြင်ထိန်းသိမ်းရန် အတွက် နည်းပညာပိုင်းအကူအညီ တောင်းခံပါက ကူညီပေးသွားမည်ဖြစ် ကြောင်း သိရပါတယ်။

 

Source:ကြေးမုံ

 

Read times Last modified on Friday, 29 March 2019 12:34
Rate this item
(0 votes)