What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 August 2018 13:48

ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုရေချိုးရမလဲ

ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုရေချိုးရမလဲ Google.com

ရေပူနဲ့အချိန်ကြာမြင့်စွာရေချိုးခြင်းဟာ စိတ်ကျေနပ်မှုအတော်ရစေပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ နှိုးစက်ပေးတဲ့အချိန်မှာမထနိုင်လို့ နောက်ကျနေလို့ပဲဖြစ်ဖြစ် အရေးကြီးကိစ္စရှိလို့ ကမန်းကတန်းရေချိုးရတာပဲဖြစ်ဖြစ် ရေအေးနဲ့ မြန်မြန်ချိုးပြီး ပြီးရောဆိုပြီး လုပ်လိုက်ရတာမျိုးလည်းရှိပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကြံ့ခိုင်သန်စွမ်းနေစေဖို့အတွက် ဘယ်လိုပုံစံနဲ့ရေချိုးရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ရေပူနဲ့အမြဲတမ်းမချိုးပါနဲ့

ရေပူနဲ့ ရေချိုးခြင်းဟာ အကြောအချဉ်တွေပြေစေတယ်ဆိုပေမယ့် အရေပြားရဲ့အစိုဓာတ်ကို ခန်းခြောက်စေတယ်လို့ နယူးအော်လင်းစ်မှ အရေပြားအထူးကုဆရာဝန် လော်ရန်ပလော့ခ်ျက ပြောပါတယ်။ ရေပူဟာ ခန္ဓာကိုယ်မှာရှိတဲ့ သဘာဝအဆီဓာတ်ကိုပါ ခန်းခြောက်စေတဲ့အတွက် အချိန်အနည်းငယ်သာရေပူနဲ့ချိုးပြီး ရေအေးပြန်လောင်းချိုးပေးသင့်တယ်လို့ဆိုပါတယ်။

၂။ အကြာကြီးရေမချိုးပါနဲ့

လူတစ်ယောက်အတွက် ပုံမှန်ရေချိုးရင်ကြာချိန်ဟာ ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်းသာရှိသင့်ပြီး တစ်နေ့ ၂ ကြိမ်ရေချိုးခြင်းဟာ အရေပြားကိုခြောက်သွေ့စေတယ်လို့ ဆန်ဖရန်စစ်စကိုမှ အရေပြားအထူးကုဆရာဝန် မာရီဂျင်းက ပြောပါတယ်။ ရေများများချိုးရင် အသားအရည်စိုပြည်စေတယ်လို့ထင်ကြပေမယ့် တကယ်တော့ ရေများများချိုးလေ အသားအရည်စိုပြည်စေတဲ့ဓာတ် ခန်းခြောက်လေပါပဲတဲ့။

၃။ ဆပ်ပြာတိုက် ရေလောင်းတာထက်ပိုတဲ့ ရေချိုးနည်း

ရေအပူအအေးစပ်ပြီးလို့ အနေတော်ဖြစ်သွားပြီဆိုရင် အရင်ဆုံး ခေါင်းလျှော်သင့်ပါတယ်။ ဆပ်ပြာတိုက်ရေလောင်း၊ ဆပ်ပြာတိုက်ရေလောင်း ဆိုတဲ့အလေ့အထကို ငယ်ငယ်ကတည်းက ကျင့်သုံးလာခဲ့ပေမယ့် အမြှုပ်အရမ်းများပြီး ချွဲပျစ်ပျစ်ဖြစ်တဲ့ ဆပ်ပြာမျိုးနဲ့ရေချိုးမှသာ ခဏခဏ ဆပ်ပြာတိုက်လိုက် ရေလောင်းချိုးလိုက်လုပ်သင့်တယ်လို့ ဘီဗာလီဟေးလ်စ်မှ အရေပြားအထူးကုဆရာဝန် ကယ်ရင်ဂရော့စ်မန်းက ဆိုပါတယ်။ ခေါင်းလျှော်ရည်သုံးပြီးရင် Conditioner သုံးပါ၊ ဆံပင်အနည်းအများအထူအပါးပေါ်လိုက်ပြီးသုံးပါ၊ Conditioner သုံးပြီးချက်ချင်းရေဆေးချလိုက်ခြင်းထက် ခဏတာဦးခေါင်းရှိအရည်ပြားအတွင်းသို့စိမ့်ဝင်အောင်ထားပါ၊ ရေဆေးချပြီးရင်တော့ ဘီးနဲ့ဆံပင်ကိုဖြီးပေးပါလို့ ဂရော့စ်မန်းကအသေးစိတ်ပြောပြထားပါတယ်။ ထပ်မံပြီး အရေပြားအထူးကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျေစကော့ ကက်စတီလာ ကလည်း တကယ်လို့သင့်မှာ Allergic လိုမျိုးဖြစ်တတ်တယ်ဆိုရင်တော့ Conditioner သုံးပြီးတာနဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ တစ်ခါလောက်မျက်နှာသစ်ပေးသင့်တယ် လို့ အကြံပေးထားပါတယ်။

၎။ တတ်နိုင်ရင်ရေမြှုပ်မသုံးပါနဲ့

ကျွန်တော်တို့အိမ်တိုင်းလိုလိုမှာ ရေချိုးခန်းထဲ ရေမြှုပ်ကိုချိတ်ဆွဲထားကြပါတယ်။ တကယ်တော့ ရေမြှုပ်တစ်ခုကို ၂ လထက်ပိုပြီးမသုံးသင့်ပဲ အဲ့ဒီရေမြှုပ်အတွင်းမှာ ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းနေနိုင်ပါတယ်။ ဒါ့ကြောင့် ရေမြှုပ်သုံးခြင်းထက် အမြဲတမ်းဆေးကြောဖို့သတိရနေစေမယ့် အဝတ်စ တစ်ခုခုကိုသုံးခြင်း သို့မဟုတ် လက်နဲ့ပဲဆပ်ပြာတိုက်ခြင်းဟာ ပိုပြီးအန္တရာယ်ကင်းစေတယ်လို့ ပလော့ခ်ျက ဆိုပါတယ်။

၅။ လိုအပ်တဲ့နေရာကိုသာ ဆပ်ပြာတိုက်ပါ

အညစ်အကြေး စုနေတတ်တဲ့နေရာတွေဖြစ်တဲ့ ချွေးပေါက်အများကြီးရှိတဲ့နေရာတွေ၊ ပေါင်ခြံ၊ တင်ပါး၊ ရင်သားအောက်၊ ချိုင်းကြား အစရှိတဲ့နေရာတွေကိုသာ ဆပ်ပြာအဓိကတိုက်သင့်တယ်လို့ ဂရော့စ်မန်းကပြောပါတယ်။ တစ်ကိုယ်လုံးအနှံ့ဆပ်ပြာတိုက်ခြင်းဟာ လက်မောင်းတို့ ညို့သကျည်းတို့မှာရှိသင့်တဲ့ အဆီဓာတ်တွေကုန်ခမ်းစေတယ်လို့ ထပ်မံပြောပြထားပါတယ်။

၆။ လိုအပ်တာတွေ ဆက်လုပ်ပါ

သင်တကယ်လို့ အပေါ်မှာပြောပြခဲ့တဲ့ အခြေခံအချက်တွေလုပ်ပြီးသွားပြီဆိုရင်တော့ သွားတိုက်ခြင်း၊ အမွှေးရိတ်ခြင်း၊ ရေမြှုပ်ကျောက်နဲ့ ခြေထောက်သန့်စင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါပြီလို့ ဂရော့စ်မန်းက ဆက်လက်ပြောပြထားပါတယ်။

၇။ လိုးရှင်းလိမ်းပါ

ရေနွေးပူနဲ့ရေချိုးပြီးပြီးချင်းမှာ အလှဆီဖြစ်တဲ့ Moisturizer လိမ်းပါ။ ရေသုတ်ပြီးရင်တော့ လိုးရှင်းလိမ်းပေးပါ လို့ဂရော့စ်မန်းက ပြောပါတယ်။ Moisturizer မှာပါတဲ့ Ammonium Lactate, Salicylic Acid တို့ကသင့်အသားအရည်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်လို့ ပလော့ခ်ျက ထပ်မံရှင်းပြထားပါတယ်။

writting by:Nyi Min Khant(Healthproductsdirectory)

Read:ကလေးငယ်ဖျားလို့ ဂြိုလ်တုတောင့်ထည့်မယ်ဆိုရင်

ကလေးငယ်ဖျားလို့ ဂြိုလ်တုတောင့်ထည့်မယ်ဆိုရင်

Read times Last modified on Tuesday, 14 August 2018 14:22
Rate this item
(0 votes)