What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 November 2019 17:23

ကေလးငယ္ကို ျခင္မကိုက္ေဆး လိမ္းေပးေတာ့မယ္ဆိုရင္ ဒါေတြသတိျပဳ

DEET, Picaridin သို႔မဟုတ္ IR3535 တို႔ပါဝင္တဲ့ ျခင္မကိုက္လိမ္းေဆးေတြကို

ကေလး အသက္ (၂) လျပည့္တာနဲ႔ သုံးလို႔ရၿပီျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စု ေရာဂါထိန္းခ်ဳပ္ေရးဌာနဲ႔ သဘာဝပတ္ဝန္းက်င္ကာကြယ္ေရး ေအဂ်င္စီတို႔ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ အသက္ (၃) ႏွစ္နဲ႔ အထက္ကေလးေတြမွာ Lemon Eucalyptus ဆီပါတဲ့ ျခင္မကိုက္လိမ္းေဆးကိုပါ အသုံးျပဳႏိုင္ပါၿပီ။

 

ဒီေတာ့ ျခင္မကိုက္လိမ္းေဆးဝယ္ေတာ့မယ္ဆိုရင္ ပါဝင္ပစၥည္းအၫႊန္းေလး ၾကည့္ဝယ္ဖို႔ တိုက္တြန္းပါရေစ။ အင္းစက္ပိုးမႊားေတြရဲ႕ ရန္ကေန ကာကြယ္ေပးတဲ့ လိမ္းေဆးကိုအသုံးျပဳျခင္းအားျဖင့္ ျခင္နဲ႔ မွတ္တို႔က တဆင့္ကူးစက္တဲ့ ဗိုင္းရပ္စ္ေရာဂါပိုးမႊားေတြကို တားဆီးၿပီးသားျဖစ္မွာပါ။

 

ျခင္မကိုက္လိမ္းေဆးသုံးေတာ့မယ္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြကိုေတာ့ လိုက္နာဖို႔မေမ့ပါနဲ႔။ - အသုံးျပဳမယ့္ေဆးရဲ႕ ေဆးၫႊန္းအတိုင္းသာ လိမ္းပါ။ အက်ႌနဲ႔ဖုံးအုပ္ထားျခင္း မရွိတဲ့ေနရာေတြမွာပဲ ေဆးကိုလိမ္းပါ။

 

အက်ႌေအာက္မွာ လုံလုံၿခဳံၿခဳံရွိေနတဲ့ အေရျပားကို ေဆးလုံးဝမလိမ္းပါနဲ႔။ - ျပတ္ရာ၊ ရွရာ၊ အနာ၊ ယားနာေတြေပၚမွာ မလိမ္းပါနဲ႔။ ကေလးေတြလက္ထဲ ေဆးကို မေပးထားပါနဲ႔။ လူႀကီးကိုယ္တိုင္ ေသခ်ာလိမ္းေပးပါ။ ကေလးငယ္ရဲ႕လက္ဖဝါးေတြ၊ မ်က္လုံးနဲ႔ ပါးစပ္တစ္ဝိုက္ကို မလိမ္းေပးပါနဲ႔။ (ကေလးငယ္က လက္ကို ပါးစပ္ထဲထည့္ႏိုင္သလို အစားအစာ/မုန႔္ေတြကို လက္နဲ႔ကိုင္စားလိုက္ႏိုင္လို႔ ျဖစ္ပါတယ္) - ေဆးကို လိုသေလာက္ပဲ လိမ္းပါ။

 

ခပ္ထူထူလိမ္းလိုက္လို႔လည္း ျခင္ပိုမကိုက္တာ/ ၾကာၾကာခံတာ မျဖစ္ပါဘူး။ အိမ္ထဲျပန္ဝင္ရင္/ ျခင္မကိုက္ေတာ့တဲ့ေနရာေရာက္ရင္ ေဆးလိမ္းထားတဲ့အေရျပားကို ဆပ္ျပာ၊ ေရတို႔နဲ႔ ေသခ်ာေဆးပါ။ လိုအပ္ရင္ ေရခ်ိဳးပါ။ ျခင္မကိုက္ေဆးကို ေန႔တိုင္းလိမ္းသူေတြနဲ႔ တစ္ေန႔ထဲ တစ္ႀကိမ္ထက္မက လိမ္းရသူေတြအတြက္ ေသခ်ာေျပာင္စင္ေအာင္ ေဆးေၾကာဖို႔ အေရးႀကီးပါတယ္။

 

ျခင္မကိုက္ေဆးလိမ္းလို႔ ကေလးငယ္ရဲ႕အေရျပားမွာ ဓာတ္မတည့္တာ၊ အနီအကြက္၊ အဖုေတြ ထတာရွိရင္ လုံးဝဆက္မလိမ္းပါနဲ႔။ လိမ္းထားတဲ့အေရျပားကို ဆပ္ျပာ၊ ေရတို႔နဲ႔ ေသခ်ာျပန္ေဆးပါ။ လိုအပ္ရင္ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္းကို အခ်ိန္မဆြဲဘဲ သြားေရာက္ျပသပါ။

 

ျခင္မကိုက္ေဆးနဲ႔ ေနေရာင္ကာလိမ္းေဆး တြဲထားတဲ့လိမ္းေဆးေတြကို အသုံးမျပဳပါနဲ႔။ လိုအပ္တယ္ဆိုရင္ ေနေရာင္ကာလိမ္းေဆးကို အရင္လူးၿပီးမွ ျခင္မကိုက္ေဆးကိုအသုံးျပဳပါ။

 

ေဒါက္တာခ်စ္ေဆြ M.B.,B.S (YGN)

{Unicode}

=======

ကလေးငယ်ကို ခြင်မကိုက်ဆေး လိမ်းပေးတော့မယ်ဆိုရင် ဒါတွေသတိပြု

 

DEET, Picaridin သို့မဟုတ် IR3535 တို့ပါဝင်တဲ့ ခြင်မကိုက်လိမ်းဆေးတွေကို ကလေး အသက် (၂) လပြည့်တာနဲ့ သုံးလို့ရပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးဌာနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီတို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အသက် (၃) နှစ်နဲ့ အထက်ကလေးတွေမှာ Lemon Eucalyptus ဆီပါတဲ့ ခြင်မကိုက်လိမ်းဆေးကိုပါ အသုံးပြုနိုင်ပါပြီ။

 

ဒီတော့ ခြင်မကိုက်လိမ်းဆေးဝယ်တော့မယ်ဆိုရင် ပါဝင်ပစ္စည်းအညွှန်းလေး ကြည့်ဝယ်ဖို့ တိုက်တွန်းပါရစေ။ အင်းစက်ပိုးမွှားတွေရဲ့ ရန်ကနေ ကာကွယ်ပေးတဲ့ လိမ်းဆေးကိုအသုံးပြုခြင်းအားဖြင့် ခြင်နဲ့ မှတ်တို့က တဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးမွှားတွေကို တားဆီးပြီးသားဖြစ်မှာပါ။

 

ခြင်မကိုက်လိမ်းဆေးသုံးတော့မယ်ဆိုရင် အောက်ပါအချက်လေးတွေကိုတော့ လိုက်နာဖို့မမေ့ပါနဲ့။ - အသုံးပြုမယ့်ဆေးရဲ့ ဆေးညွှန်းအတိုင်းသာ လိမ်းပါ။ အင်္ကျီနဲ့ဖုံးအုပ်ထားခြင်း မရှိတဲ့နေရာတွေမှာပဲ ဆေးကိုလိမ်းပါ။

 

အကျႌအောက်မှာ လုံလုံခြုံခြုံရှိနေတဲ့ အရေပြားကို ဆေးလုံးဝမလိမ်းပါနဲ့။ - ပြတ်ရာ၊ ရှရာ၊ အနာ၊ ယားနာတွေပေါ်မှာ မလိမ်းပါနဲ့။ ကလေးတွေလက်ထဲ ဆေးကို မပေးထားပါနဲ့။ လူကြီးကိုယ်တိုင် သေချာလိမ်းပေးပါ။ ကလေးငယ်ရဲ့လက်ဖဝါးတွေ၊ မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက်ကို မလိမ်းပေးပါနဲ့။ (ကလေးငယ်က လက်ကို ပါးစပ်ထဲထည့်နိုင်သလို အစားအစာ/မုန့်တွေကို လက်နဲ့ကိုင်စားလိုက်နိုင်လို့ ဖြစ်ပါတယ်) - ဆေးကို လိုသလောက်ပဲ လိမ်းပါ။

 

ခပ်ထူထူလိမ်းလိုက်လို့လည်း ခြင်ပိုမကိုက်တာ/ ကြာကြာခံတာ မဖြစ်ပါဘူး။ အိမ်ထဲပြန်ဝင်ရင်/ ခြင်မကိုက်တော့တဲ့နေရာရောက်ရင် ဆေးလိမ်းထားတဲ့အရေပြားကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးပါ။ လိုအပ်ရင် ရေချိုးပါ။ ခြင်မကိုက်ဆေးကို နေ့တိုင်းလိမ်းသူတွေနဲ့ တစ်နေ့ထဲ တစ်ကြိမ်ထက်မက လိမ်းရသူတွေအတွက် သေချာပြောင်စင်အောင် ဆေးကြောဖို့ အရေးကြီးပါတယ်။

 

ခြင်မကိုက်ဆေးလိမ်းလို့ ကလေးငယ်ရဲ့အရေပြားမှာ ဓာတ်မတည့်တာ၊ အနီအကွက်၊ အဖုတွေ ထတာရှိရင် လုံးဝဆက်မလိမ်းပါနဲ့။ လိမ်းထားတဲ့အရေပြားကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာပြန်ဆေးပါ။ လိုအပ်ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မဆွဲဘဲ သွားရောက်ပြသပါ။

 

ခြင်မကိုက်ဆေးနဲ့ နေရောင်ကာလိမ်းဆေး တွဲထားတဲ့လိမ်းဆေးတွေကို အသုံးမပြုပါနဲ့။ လိုအပ်တယ်ဆိုရင် နေရောင်ကာလိမ်းဆေးကို အရင်လူးပြီးမှ ခြင်မကိုက်ဆေးကိုအသုံးပြုပါ။

Read times
Rate this item
(0 votes)