What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 August 2017 14:53

လမစေ့ဘဲ မီးဖွားသူများ သိထားစရာ

လမစေ့ဘဲ မီးဖွားသူများ သိထားစရာ google.com

လမစေ့ဘဲ မီးဖွားခြင်းကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။ လမစေ့ဘဲ မီးဖွားခြင်းကြောင့် ကလေးသေဆုံးမှုဖြစ်နိုင်ပြီး ထိုသို့မဟုတ်ပါက ယင်းကလေး၏ ဘ၀နှောင်းပိုင်းတွင် ရောဂါအမျိုး မျိုးဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများသည်။

မိခင်အတွက် လမစေ့ဘဲ မီးဖွားခြင်းကြောင့် နောက်တစ်ကြိမ် လမစေ့ဘဲ မီးဖွားနိုင်ခြေ နှစ်ဆခွဲပိုများသည်။

လမစေ့ဘဲ မီးဖွားခြင်း အကြောင်းရင်းများကို အတိအကျမသိနိုင်သော်လည်း ဟော်မုန်း ဆိုင်ရာပြောင်းလဲမှုများ၊ အချင်းတိုင်ပြဿနာကြုံခြင်း၊ သားအိမ် ခေါင်းအားနည်းခြင်း၊ ဆီးလမ်းကြောင်းရောဂါပိုးဝင်ခြင်းတို့ကြောင့် လမစေ့ဘဲ မီးဖွားနိုင်သည်။

လမစေ့ဘဲ မီးဖွားနိုင်သည့် အန္တရာယ်များကို ရှောင်ရှားနိုင်ရေး ပညာရှင်များက လမ်းညွှန်ချက်များ ဖော်ပြထားသည်။

READ - ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံအိပ်ရမှာလဲ

ယင်းလမ်းညွှန်ချက်များမှာ လမစေ့ဘဲ မီးဖွားနိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်သည်။

ကိုယ်ဝန်ဆောင်ရန် စီစဉ်နေပါက မကောင်းသော အပြုအမူ များကို ချက်ချင်းရပ်တန့်ပစ်ရန်လိုသည်။

ဆေးလိပ်သောက်ခြင်း ကြောင့် ကိုယ်ဝန်ဆောင်မှုကို ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေသည်။

ထို့ပြင်တရားမ၀င်ဆေးဝါးမှန်သမျှကို ရှောင်ရှားရန်လိုသည်။ ယခင်က ယင်းကဲ့သို့ ဆေးဝါးသုံးဖူးပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

ကိုယ်ဝန်မဆောင်မီကပင် ဆရာဝန်နှင့် တိုင်ပင်၍ ကိုယ်ဝန် ဆောင်ရန် စီစဉ်သင့်သည်။ ဖောလစ်အက်စစ်ကဲ့သို့ ဖြည့်စွက်ဆေး များကို ဆရာဝန်လမ်းညွှန်မှုအတိုင်း သောက်သုံးသင့်သည်။

ထို့ပြင် ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်းကြောင့် လမစေ့ဘဲ မီးဖွားနိုင်ခြေကို ၃၄ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

သွားဖုံးရောဂါကြောင့် လမစေ့ဘဲ မီးဖွားနိုင်သည့်အန္တရာယ်မြင့်မားနိုင်သည်။

တုပ်ကွေးဖြစ်နေသော အမျိုးသမီးများ လမစေ့ဘဲ မွေးနိုင်သည့် အန္တရာယ်ပိုများသည်ဟု ဆရာဝန်များက ပြောသည်။

ယင်းအမျိုး သမီးများသည် ကိုယ်ဝန်ရှိလျှင် တုပ်ကွေးရောဂါအတွက် ဆေးထိုးရ မည် ဖြစ်သည်။

ကိုယ်ဝန်ရှိနေပြီဆိုသည်ကိုစသိသည်နှင့် ဆရာဝန်နှင့် တိုင်ပင် ပြီး ကိုယ်အလေးချိန်၊ အစားအစာ၊ အန္တရာယ်ရှိသော ရောဂါကူးစက်မှု၊ လိုအပ်သော ဖြည့်စွက်ဆေးများ၊ မှန်ကန်သော လေ့ကျင့်ခန်းပုံစံ များအတွက် နည်းလမ်းများရယူသင့်သည်။

အကယ်၍ ယခင်က လမစေ့ဘဲ မီးဖွားဖူးပါက ရှုပ်ထွေးမှုများ နှင့် သားအိမ်မူမမှန်မှုများအတွက် ခွဲစိတ်မီးဖွားနည်းကို ရွေးချယ်နိုင် သည်။

လမစေ့ဘဲ မီးဖွားနိုင်ခြေများပါက လိင်ဆက်ဆံခြင်းကို ရှောင် ရှားရမည် ဖြစ်သည်။

READ - ကိုယ်ဝန်ဆောင်ချိန်အတွင်း လုံးဝ(လုံးဝ) မစားသင့်သော အသီးများ

Source: 7 day daily

Read times
Rate this item
(1 Vote)