What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 20 June 2019 17:02

ဦးနှောက် ကျုံ့တယ်ဆိုတာ ဘယ်လိုဖြစ်လာတာလဲ

အသက်ရွယ်ရလာတာနဲ့အမျှ များစွာသော ရောဂါလက္ခဏာတွေလိုပဲ ဦးနှောက်ကျုံ့တယ်ဆိုတာဟာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ ဖြစ်ပါတယ်။

လူတစ်ယောက်အနေနဲ့ ဘယ်လိုပဲ ကျန်းမာအောင်နေနေ နှစ်စဉ် သင့်ဦးနှောက်ရဲ့ ထက်ဝက် ပမဏာလောက်ကို ဆုံးရှုံးနေရမှာ ဖြစ်ပါတယ်။ ပုံမှန်အသက်အရွယ်ကြီးမြင့်လာခြင်းက ပျမ်းမျှအားဖြင့် ၁၀ နှစ်ကြာလောက်မှာဆိုရင် ဦးနှောက်ရဲ့ ၁၉ % ရာခိုင်နှုန်းလောက် ကျုံ့သေးသွားတယ်လို့ ဆိုကြပါတယ်။ ဒီဖြစ်စဉ်က အရွယ်စတင်ရောက်လာတဲ့ အချိန် နဲ့ အသက် ၆၀ အရွယ်တွေမှာ ပိုပြီး သိသာထင်ရှားပါတယ်။

 

ဒါကဘာကို ပြသလည်းဆိုရင် အသက်ရွယ်နဲ့ အလိုက် ဦးနှောက်မှာရှိတဲ့ ဆဲလ်အရေအတွက် လျော့ကျလာကို ဆိုပါတယ်။ ဒါက သဘာဝဆိုပေမယ့် ဦးနှောက်အရွယ်အစားကျုံ့လာခြင်းက အသက်အရွယ်အစား ကြီးမြင့်လာခြင်းတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ အိပ်ချိန် မမှန်ခြင်း နှင့် စိတ်ရှုပ်ထွေးခြင်းကလည်း ဦးနှောက်အရွယ်အစားကို လျော့ကျစေပါတယ်။

 

အသက်အရွယ် နဲ့ ကျန်းမာတာခြင်း တူနေတာတောင်မှ အိပ်ချိန်မှန်တဲ့လူထက် အိပ်ချိန်မမှန်တဲ့လူက ပိုပြီး ဦးနှောက်အရွယ်အစား ပိုပြီးသေးနေပါလိမ့်မယ်။ အိပ်ချိန်မမှန်ခြင်းကြောင့် ဦးနှောက်ကျုံ့သေးတာအပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုပါ ထိခိုက်ကျဆင်းစေပါတယ်။ ဒါအပြင် ဗီတာမင်ဘီ 12 ချို့တဲ့ခြင်းကလည်း ဦးနှောက်ကျုံ့ခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုလည်းဖြစ်ပါတယ်။

လေ့လာစမ်းသပ်မှုအရ သာမန်လူတစ်ယောက်မှာ ဗီတာမင်ဘီ 12 များတဲ့လူထက် ဗီတာမင်ဘီ 12 နည်းတဲ့လူက ပိုပြီး ဦးနှောက်ကျုံ့သေးပြီး များတဲ့လူက ဦးနှောက်ကျုံ့ခြင်းကို ကြန့်ကြားစေတယ်လို့ သိရပါတယ်။ စိတ်ကျဝေဒနာရောဂါ ၊ လေဖြတ်ခြင်း ၊ အာရုံကြောချို့တဲ့ခြင်းရောဂါ ၊ ဦးနှောက်မူမမှန်ခြင်း နှင့် ကူးစက်ရောဂါဖြစ်တဲ့ ကာလာသာရောဂါ နှင့် HIV ပိုးရောဂါရှိတဲ့သူတွေမှာ ဦးနှောက်ပိုပြီး ကျုံ့ရမှာဖြစ်ပါတယ်။

 

ဒီရောဂါတွေက ဦးနှောက်ကျုံ့စေခြင်းကို အချိန်တိုအတွင်းမှာ ဦးနှောက်ကိုပိုပြီး ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။ လေ့လာစမ်းသပ်ချက်အရ ပျမ်းမျှအားဖြင့် ဆီးချိုရောဂါ ၁၀ နှစ်သက်တမ်းရှိတဲ့ လူပေါင်း ၆၁၄ ယောက်ကို စမ်းသပ်လိုက်တဲ့အခါမှာ ဆီးချိုသက်တမ်းပိုရင့်နေတဲ့လူက ဦးနှောက်ပိုပြီး ကျုံ့သေးနေတာကို တွေ့ရပါတယ်။

 

နေ့စဉ်ဘဝမှာ လေ့ကျင့်ခန်း မပြုလုပ်တဲ့သူတွေမှာဆိုရင် နှစ်ကြာလာတဲ့အမျှ ဦးနှောက်သို့ သွေးလည်ပတ်ခြင်း လှုပ်ဆောင်မှုကို လျော့ကျစေပြီး ဦးနှောက်ကြွက်သား ထိန်းချုပ်မှု ၊ အမြင်အာရုံ ၊ အကြာအာရုံ ၊ မှတ်ဥာဏ် ၊ မျက်နှာအသွင်အပြင် ဟန်ပန်အမှုအရာတွေကို ထိခိုက်လာနိုင်တဲ့အပြင် ဦးနှောက်ကိုပါ ကျုံ့သေးသွားစေနိုင်ပါတယ်။

 

နောင် ၁၀ နှစ်အတော်အတွင်းမှာ သင့်ဘဝရဲ့ နေ့စဉ်လုပ်ငန်း ဆောင်ရွက်ချက်တွေမှာ စိတ်တိုင်းမကျခြင်း ၊ အားမလို အားမရဖြစ်ခြင်း နဲ့ စိတ်ဓာတ်ကျတာတွေက သင့်ရဲ့ ဦးနှောက်ကျုံ့သေးသွားနေပြီဆိုကို ပြသနေတာဖြစ်တဲ့အတွက် သင်ကိုယ်တိုင် သတိထားဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ ဦးနှောက်ကျုံ့ခြင်းကို ကာကွယ်ဖို့အတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားခြင်း ဒါမှမဟုတ် လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေကို ပြုလုပ်ပေးဖို့ မမေ့ပါနဲ့အုံး။

 

By Health Products Directory 

Read times Last modified on Thursday, 20 June 2019 17:25
Rate this item
(4 votes)