What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 August 2018 16:15

ဆံပင်ရှည်ခြင်းကို အားကောင်းစေမည့် အစားအစာများ

ဆံပင်ရှည်ခြင်းကို အားကောင်းစေမည့် အစားအစာများ Google.com

မိန်းကလေး အများစုက ဆံပင်ရှည်ချင်ကြပါတယ်။ ဆံပင်ရှည်ဖို့အပြင်၊ ဆံကေသာ

သန်းစွမ်းဖို့၊ ကျန်းမာဖို့အတွက် ရှန်ပူ၊ ပေါင်းတင်ခြင်းနဲ့ ဆံပင် အဖျားတိခြင်းတွေကိုလဲလုပ်တတ်ကြပါတယ်။ တကယ်တော့ အပြင်ဘက်က ဆံကေသာကုသမူတွေအပြင်၊ ကိုယ်စားနေတဲ့အစားအသောက်တွေဟာလဲ ဆံကေသာ ကျန်းမာသန်စွမ်းဖို့အတွက် အထူးအထောက်ကူဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာတော့ ဆံပင်ရှည်လျားခြင်းကို အားကောင်းစေမည့် အစားအသောက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁- ဆော်လမွန်ငါး

Image result for ဆော်လမွန်ငါး

အိုမီဂါ သရီး ဖက်တီအက်စစ် ပါဝင် တဲ့ ဆော်လမွန်ငါးဟာ ဆံသားအချောင်းလိုက်တွေကို သန်စွမ်းစေပြီး ဆံပင်ရှည်ဖို့အတွက်လူံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ဆော်လမွန်ငါးမှာ ဗီတာမင် ဘီတွဲ နဲ့ သံဓာတ်ပါဝင်တာကြောင့် ဆံပင်ရှည်ဖို့အတွက် ကောင်းကောင်းအကူညီပေးနိုင်ပါတယ်။

၂- ဂုံး

 

Related image

ဂုံး ကောင်တွေမှာ ဇင့် ဓာတ်ပါဝင်တာကြောင့် ဆံပင်ကို သန်စွမ်းတောက်ပြောင်စေပါတယ်။ တစ်နေ့ကို ဂုံတစ်ကောင်စားပေးခြင်းက ကိုယ်ခန္ဓာရဲ့ ဇင့်လိုအပ်ချက်ကို နေ့စဉ်ဖြည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဂုံနေ့တိုင်းစားဖို့ မဖြစ်နိုင်တာကြောင့် အဲ့ဒီအစား အမဲသား(အမဲသဲ)၊ နဲ့ ဝက်သား တို့ကို အစားထိုးစားပေးနိုင်ပါတယ်။

၃- ကြက်သား

Image result for ကြက်သား

ကြက်သားမှာ ကာရာတင်းထုတ်လုပ်မူအတွက်ကျွန်တော်တို့လိုအပ်တဲ့ ပရိုတိန်းတွေ ပါဝင်ပါတယ်။ ဆံပင်အရင်းပိုင်းရဲ့ ၈၀ ရာခိုင်နူန်းခန့်ဟာ ကာရာတင်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကြက်သားလို ဂုဏ်သတ္တိရှိတဲ့ အခြားအစားသောက်တွေကတော့ တာကီနဲ့ ယုန် ဖြစ်ပါတယ်။
၎- ဥအမျိုးမျိုး

Image result for ဥအမျိုးမျိုး

ဥအမျိုးမျိုး မှာဆံပင်အတွက်လိုအပ်တဲ့ ဂုဏ်သတ္တိ တွေရှိထားပြီး ပရိုတိန်းနဲ့ဘိုင်အိုတင်း လို ဆံကေသာနူးညံပျော့ပြောင်းဖို့အတွက် ကူညီနိုင်တဲ့ ဓာတ်ပေါင်းတွေလဲပိုင်ဆိုင်ပါတယ်။ ဘိုင်အိုတင်းက ဆံကျွတ်ခြင်းကိုသက်သာစေပြီး ဆဲလ်ပျံ့ပွားမူအတွက် အထောက်ကူပြုတဲ့ Leucine နဲ့ အခြားသော အမီနို အက်စစ်တွေပါဝင်ပါတယ်။
၅- အယ်လ်မွန်

Image result for အယ်လ်မွန်

အယ်လ်မွန်စေ့တွေမှာ ဗီတာမင် အီး ပါဝင်တာကြောင့် ဆံပင်ကိုသန်စွမ်း ဖို့လူံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် အယ်လ်မွန်မှာ ဘိုင်အိုတင်း၊ဖက်တီးအက်စစ် နဲ့ ဗီတာမင် ဘီ တို့ပါဝင်ပါတယ်။
၆- ဖရုံစေ့

Image result for ဖရုံစေ့

ဖရုံစေ့မှာ ဆံပင်သန်စွမ်းဖို့တာဝန်ရှိတဲ့ ဗီတာမင် ဘီဝမ်း၊ ဘီတူးနဲ့ ဘီဖိုး ပါဝင်တဲ့အပြင် ဘီဖိုက်၊ ဘီစစ် တို့က ဦးရေပြာ ကျန်းမာဖို့ပဲ အထောက်ကူပေးပါတယ်။ ဆံပင်ကျွတ်တာများနေရင်တော့ ဖရုံစေ့ဆီ ကိုပိုစားပေးဖို့လိုအပ်ပါတယ်။

source:mingalarbarmorning

Read: လက်ဖဝါး ဘာလို့ယားတာလဲ

လက်ဖဝါး ဘာလို့ယားတာလဲ

Read times Last modified on Wednesday, 15 August 2018 16:30
Rate this item
(0 votes)