What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 February 2020 15:43

အဲယားကွန်း နှင့် ကျန်းမာရေး အကြောင်း သိကောင်းစရာ

ယနေေ့ခတ်မှာဆိုရင် အဲယားကွန်းက မရှိမဖြစ် စိမ်ခံဖြစ်ပစ္စည်း တစ်ခုဖြစ်တဲ့အပြင် အပူချိန်မြင့်တက်မှုကြောင့် အေးမြမှုကို လိုအပ်လာတဲ့အတွက် တိုင်ခန်း ၊ နေအိမ် ၊ အလုပ် ၊ ဆေးရုံ ၊ ဆေးခန်း ၊ ကား စတဲ့ လူသုံးကုန် ပစ္စည်းများတွင် အဲယားကွန်းကို ကျယ်ပြန်စွာအသုံးပြု လာကြပါတယ်။

ဘယ်အရာမဆို “သုံးသတ်ရင်ဆေး ၊ မသုံးသတ်ရင်ဘေး” ဖြစ်တတ်တဲ့ သဘောတရားရှိပါတယ်။ အဲကွန်းက ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုသလို နည်းလမ်းမှားသုံးမိရင်တော့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

 

အဲယားကွန်းကောင်းကျိုး

ပြင်ပရာသီဥတု အပူချိန်ကို အံတုပြီး အေးမြမှုကို ထုတ်လုပ်ပေးနိုင်တာ  ၊ အပူချိန်မြင့်တက်မှုကြောင့် စိတ်မအီမသာဖြစ်ခြင်းမှ  လျော့ချတာ ၊ တစ်နေ့တာ လုပ်ဆောင်ချက်များကို  စိတ်ကျေနပ်နိုင်တာ ၊ ဒေါသထွက်လွယ်ခြင်းလျော့နည်းတာ ၊  ပင်ပန်းနွမ်းနယ်မှု နည်းတာ ၊ ချွေးထွက်မှုနည်းတာ ၊  အလုပ်လုပ်ရတာ ပေါ့ပါးသွက်လက်မှုရှိတာ ၊ ကောင်းမွန်စွာအိပ်စက်နိုင်တာ ၊ စိတ်ကြည်လင်စေတာ စတဲ့ ကောင်းကျိုးများစွာ ခံစားရနိုင်ပါတယ်။ ဒါအပြင် အပူချိန်မြင့်တက် နေသောဝေဒနာရှင်များအတွက် အပူချိန်ထိန်းနိုင်သလို ဆေးဝါးများပျက်စီးမှုနည်းအောင် အဲယားကွန်းခန်းများတွင် ထိန်းသိမ်းနိုင်ပါတယ်။

 

Manufacturers (ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၁၇၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ေဆး၀ါးထုတ္လုပ္

 

အဲယားကွန်းအသုံးပြုနည်း လွှဲမှားခြင်းကြောင့် ကျန်းမာရေးထိခိုက်ရခြင်း

အဲယားကွန်းနဲ့ ကြာရှည်တိုက်ရိုက်ထိတွေ့ခြင်းက  ခန္ဓာကိုယ်ကိုက်ခဲတာ ၊နှုတ်ခမ်းကွဲခြောက်တာ ၊ အရေပြားဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာတာ ၊  မျက်နှာခြောက်တွေ့ပြီး ဝက်ခြံပေါက်နီများ ထွက်ပေါ်လာတာ ၊ လိုအပ်သော အပူချိန်မာဏထက် ပိုပြီးအသုံးပြုခြင်းဖြင့် နှာဆေးတာ ၊  အဆစ်များကိုက်ခဲလာတာ ၊ ရေဓာတ်ဆုံးရှုံးတာ ၊ အအေးမိတာ များဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်အဲယားကွန်း နဲ့ နာရီကြာကြာတိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

 

ဒါအပြင် အဲယားကွန်း တပ်ဆင်ထားသော  အခန်းများတွင်  ဖယောင်းတိုင်ထွန်းခြင်းမှ ရှောင်ကျဉ်ပါ ။ အဲယားကွန်းအခန်းများတွင် အခန်းလုံသဖြင့် ပြင်ပလေများ  ဝင်ရောက်မှုနည်းတဲ့အတွက်  ဖယောင်းတိုင်ထွန်းလျှင်  ဖယောင်းတိုင်လောင်ကျွမ်းနိုင်ရန်  အခန်းထဲရှိ အောက်စီဂျင်ကို  စုတ်ယူလောင်ကျွမ်းရပြီး ဖယောင်းတိုင်လောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာသော ကာဗွန်မိုနော့ဆိုက်အငွေ့များက အခန်းတွင်ပြန့်နှံ့သွားသောကြောင့်ဖြစ်ပါတယ်။ ကာဗွန်မိုနော့ဆိုက်အငွေ့များကို မကြာခဏရှူမိခြင်းဖြင့် ပျို့အန်တာ ၊ မူးဝေတာ ဖြစ်နိုင်တဲ့အပြင် အသက်ပါဆုံးရံှူးနိုင်ပါတယ်။

 

အဲယားကွန်း အသုံးသူများ ဆောင်ရန် ရှောင်ရန်

အဲယားကွန်း နဲ့တိုက်ရိုက် ထိတွေ့ နေထိုင်ခြင်းမှာ ရှောင်ကျဉ်တာ ၊ အပူချိန်ကို လိုအပ်သလောက်သာ ထားးတာ ၊ အဲယားကွန်းဖွင့်အိပ်ရင် စောင်ပါးပါးခြုံတာ ၊ လက်ရှည်ဝတ်အိပ်တာ ၊ အဲယားကွန်းကို အမြဲသန့်ရှင်းအောင်ထားတာ ၊ ရေများများသောက်ပေးတာ၊ အဲယားကွန်းခန်းအတွင်း တချိန်လုံးနေခြင်းမှ ရှောင်ကျဉ်တာ ၊အသီးအရွက်များများစားတာ ၊ အဲယားကွန်း အသုံးမပြုသောအချိန်များတွင် ပြတင်းပေါက်များ ဖွင့်ထားခြင်း ၊ အဲယားကွန်းကို နေပူချိန်မြင့်မြင့် တိုက်ရိုက်ထိသော နေရာများတွင် တပ်ဆင်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

Written By Health Products Directory

 

(Zawgyi)
=====

အဲယားကြန္း ႏွင့္ က်န္းမာေရး အေၾကာင္း သိေကာင္းစရာ

 

ယေနေ႔ခတ္မွာဆိုရင္ အဲယားကြန္းက မရွိမျဖစ္ စိမ္ခံျဖစ္ပစၥည္း တစ္ခုျဖစ္တဲ့အျပင္ အပူခ်ိန္ျမင့္တက္မႈေၾကာင့္ ေအးျမမႈကို လုိအပ္လာတဲ့အတြက္ တိုင္ခန္း ၊ ေနအိမ္ ၊ အလုပ္ ၊ ေဆးရံု ၊ ေဆးခန္း ၊ ကား စတဲ့ လူသံုးကုန္ ပစၥည္းမ်ားတြင္ အဲယားကြန္းကို က်ယ္ျပန္စြာအသံုးျပဳ လာၾကပါတယ္။ ဘယ္အရာမဆို “သံုးသတ္ရင္ေဆး ၊ မသံုးသတ္ရင္ေဘး” ျဖစ္တတ္တဲ့ သေဘာတရားရွိပါတယ္။ အဲကြန္းက က်န္းမာေရးအတြက္ တစ္ဖက္တစ္လမ္းကေန အေထာက္အကူျပဳသလို နည္းလမ္းမွားသံုးမိရင္ေတာ့ ခႏၶာကိုယ္က်န္းမာေရးကို ထိခုိက္ႏိုင္ပါတယ္။

 

အဲယားကြန္းေကာင္းက်ိဳး

ျပင္ပရာသီဥတု အပူခ်ိန္ကို အံတုၿပီး ေအးျမမႈကို ထုတ္လုပ္ေပးႏိုင္တာ ၊ အပူခ်ိန္ျမင့္တက္မႈေၾကာင့္ စိတ္မအီမသာျဖစ္ျခင္းမွ ေလ်ာ့ခ်တာ ၊ တစ္ေန႔တာ လုပ္ေဆာင္ခ်က္မ်ားကို စိတ္ေက်နပ္ႏိုင္တာ ၊ ေဒါသထြက္လြယ္ျခင္းေလ်ာ့နည္းတာ ၊ ပင္ပန္းႏြမ္းနယ္မႈ နည္းတာ ၊ ေခၽြးထြက္မႈနည္းတာ ၊ အလုပ္လုပ္ရတာ ေပါ့ပါးသြက္လက္မႈရွိတာ ၊ ေကာင္းမြန္စြာအိပ္စက္ႏိုင္တာ ၊ စိတ္ၾကည္လင္ေစတာ စတဲ့ ေကာင္းက်ိဳးမ်ားစြာ ခံစားရႏိုင္ပါတယ္။ ဒါအျပင္ အပူခ်ိန္ျမင့္တက္ ေနေသာေ၀ဒနာရွင္မ်ားအတြက္ အပူခ်ိန္ထိန္းႏိုင္သလို ေဆး၀ါးမ်ားပ်က္စီးမႈနည္းေအာင္ အဲယားကြန္းခန္းမ်ားတြင္ ထိန္းသိမ္းႏိုင္ပါတယ္။

 

Manufacturers (ေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းေပါင္း ၁၇၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for ေဆး၀ါးထုတ္လုပ္

 

အဲယားကြန္းအသံုးျပဳနည္း လႊဲမွားျခင္းေၾကာင့္ က်န္းမာေရးထိခိုက္ရျခင္း

အဲယားကြန္းနဲ႔ ၾကာရွည္တိုက္ရိုက္ထိေတြ႔ျခင္းက ခႏၶာကိုယ္ကိုက္ခဲတာ ၊ႏႈတ္ခမ္းကြဲေျခာက္တာ ၊ အေရျပားဆိုင္ရာျပႆနာမ်ား ျဖစ္ေပၚလာတာ ၊ မ်က္ႏွာေျခာက္ေတြ႔ၿပီး ၀က္ၿခံေပါက္နီမ်ား ထြက္ေပၚလာတာ ၊ လုိအပ္ေသာ အပူခ်ိန္မာဏထက္ ပိုၿပီးအသံုးျပဳျခင္းျဖင့္ ႏွာေဆးတာ ၊ အဆစ္မ်ားကုိက္ခဲလာတာ ၊ ေရဓာတ္ဆံုးရံႈးတာ ၊ အေအးမိတာ မ်ားျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္အဲယားကြန္း နဲ႔ နာရီၾကာၾကာတိုက္ရိုက္ထိေတြ႔ျခင္းမွ ေရွာင္က်ဥ္သင့္ပါတယ္။

 

ဒါအျပင္ အဲယားကြန္း တပ္ဆင္ထားေသာ အခန္းမ်ားတြင္ ဖေယာင္းတိုင္ထြန္းျခင္းမွ ေရွာင္က်ဥ္ပါ ။ အဲယားကြန္းအခန္းမ်ားတြင္ အခန္းလံုသျဖင့္ ျပင္ပေလမ်ား ၀င္ေရာက္မႈနည္းတဲ့အတြက္ ဖေယာင္းတုိင္ထြန္းလွ်င္ ဖေယာင္းတုိင္ေလာင္ကၽြမ္းႏိုင္ရန္ အခန္းထဲရွိ ေအာက္စီဂ်င္ကို စုတ္ယူေလာင္ကၽြမ္းရၿပီး ဖေယာင္းတိုင္ေလာင္ကၽြမ္းျခင္းမွ ထြက္ေပၚလာေသာ ကာဗြန္မိုေနာ့ဆိုက္အေငြ႔မ်ားက အခန္းတြင္ျပန္႔ႏွံ႕သြားေသာေၾကာင့္ျဖစ္ပါတယ္။ ကာဗြန္မိုေနာ့ဆိုက္အေငြ႔မ်ားကို မၾကာခဏရွဴမိျခင္းျဖင့္ ပ်ိဳ႔အန္တာ ၊ မူးေ၀တာ ျဖစ္ႏိုင္တဲ့အျပင္ အသက္ပါဆံုးရံွဴးႏိုင္ပါတယ္။

 

အဲယားကြန္း အသံုးသူမ်ား ေဆာင္ရန္ ေရွာင္ရန္

အဲယားကြန္း နဲ႔တိုက္ရိုက္ ထိေတြ႔ ေနထိုင္ျခင္းမွာ ေရွာင္က်ဥ္တာ ၊ အပူခ်ိန္ကို လိုအပ္သေလာက္သာ ထားးတာ ၊ အဲယားကြန္းဖြင့္အိပ္ရင္ ေစာင္ပါးပါးၿခံဳတာ ၊ လက္ရွည္၀တ္အိပ္တာ ၊ အဲယားကြန္းကို အၿမဲသန္႔ရွင္းေအာင္ထားတာ ၊ ေရမ်ားမ်ားေသာက္ေပးတာ၊ အဲယားကြန္းခန္းအတြင္း တခ်ိန္လံုးေနျခင္းမွ ေရွာင္က်ဥ္တာ ၊အသီးအရြက္မ်ားမ်ားစားတာ ၊ အဲယားကြန္း အသံုးမျပဳေသာအခ်ိန္မ်ားတြင္ ျပတင္းေပါက္မ်ား ဖြင့္ထားျခင္း ၊ အဲယားကြန္းကို ေနပူခ်ိန္ျမင့္ျမင့္ တိုက္ရိုက္ထိေသာ ေနရာမ်ားတြင္ တပ္ဆင္ျခင္းမွ ေရွာင္က်ဥ္သင့္ပါတယ္။

Written By Health Products Directory

Read times Last modified on Monday, 17 February 2020 17:46
Rate this item
(1 Vote)