What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 July 2017 10:58

လည်ချောင်းနာနေစဉ် စားသောက်သင့်သော အစားအသောက်များ

လည်ချောင်းနာနေစဉ် စားသောက်သင့်သော အစားအသောက်များ google.com

လည်ချာင်းနာလာခြင်းဟာ နာကျင်မှုနှင့် အစာမျိုချရခက်ခဲခြင်း တို့ကို ရင်ဆိုင်ရပြီး ယင်းအချိန်တွင် စားသောက်သင့်သည့် အစားအစာ များကို သိထားရန်လိုသည်။

နည်းမှန်လမ်းမှန်စားသောက်ခြင်းဖြင့် လည်ချောင်းနာကျင်မှုကို လျော့ပါးစေနိုင်ကာ ပြန်လည်ကောင်းမွန်မှုကို လျင်မြန်စေနိုင် သည်။

သစ်သီးအခြေခံဖျော်ရည်များက ရောင်ရမ်းနေသော လည် ချောင်းကို သက်သာစေနိုင်သည်။

ငှက်ပျောသီးများ စားခြင်း ဖြင့်လည်း လည်ချောင်းနာကျင်ခြင်းကို သက်သာစေနိုင်သည်။

READ - ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းအရင်း(၅)မျိုး

ကြက်စွပ်ပြုတ်၊ ကလျာဏီပင်၊ နနွင်းမှုန့်၊ ပျားရည်၊ ချင်း၊ လက် ဖက်ရည်၊ ဒိန်ချဉ်နှင့် ကောင်းစွာ ချက်ပြုတ်ထားသော ဟင်းသီးဟင်း ရွက်များ စားခြင်းဖြင့်လည်း လည်ချောင်းနာကျင်မှုကို သက်သာစေ နိုင်သည်။

လည်ချောင်းနာကျင်နေစဉ် မျိုချရခက်ခဲခြင်း တစ်ခုခုမျိုချလျှင် နာကျင်ခြင်းတို့ ကြုံနေရစဉ်အတွင်း ရှောင်ရှားသင့်သော အစားအ သောက်များစွာ ရှိသည်။

မုန့်ကြွပ်များ၊ အခွံမာသီးများကဲ့သို့ မာကျောသောအစားအစာ များ၊ ဆိုက်ထရပ်အက်စစ်ပါဝင်သော အသီးအနှံများ၊ ချဉ်သော၊ သနပ်လုပ်ထားသော အစားအစာများ၊ ခရမ်းချဉ်သီးဖျော်ရည်နှင့် အချဉ်ရည်များ၊ ငရုတ်သီးကဲ့သို့ ဟင်းချက်ရာတွင်သုံးသော အစား အစာများ၊ အရက်နှင့် ဆေးလိပ်ကဲ့သို့ သောက်စရာများကို ရှောင် ရှားသင့်သည်။

လည်ချောင်းနာကျင်နေချိန်တွင် ရေဓာတ်အမြဲ ပြည့်ဝအောင် နေထိုင်သင့်ပြီး အရက်မပါဝင်သော သောက်စရာ အများအပြား သောက်သုံးကာ လည်ချောင်းမခြောက်စေရန် လုပ်ဆောင်သင့် သည်။

ဆားထည့်ထားသော သောက်ရေနွေးနှင့် ပလုတ်ကျင်းခြင်းဖြင့် လည်း ရောင်ရမ်းမှုကို လျော့ကျစေနိုင်သည်။

အလွန်ပူသော စားစ ရာ၊ သောက်စရာများကို ရှောင်ရှားပြီး ချောင်းဆိုးပျောက်စေသော ငုံဆေးများ ငုံပေးသင့်သည်။

ခြောက်သွေ့သော လေထုက လည်ချောင်းနာကျင်မှုကို ပိုမို ဆိုးရွားစေနိုင်သည်။

READ - ကိုယ်ဝန်ဆောင်ချိန် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်း

www.healthproducts.com.mm

Source: 7 day daily

Read times
Rate this item
(1 Vote)