What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 October 2019 13:10

ေသြးေပါင္တက္ျခင္းကို အခ်ိန္ ၁၀ မိနစ္အတြင္း ေလ်ာ့က်ေစမယ့္ နည္းလမ္း ၅ ခု

စိတ္ဖိစီးမႈမ်ားတာ၊ အဝလြန္တာနဲ႔ အိပ္ေရးပ်က္ျခင္းတို႔ဟာ ရံဖန္ရံခါမွာ ေသြးေပါင္တက္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

က်န္းမာေရးေကာင္းသူေတြမွာေတာင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသြးေပါင္တက္ျခင္း ျဖစ္ေပၚလာတတ္ၿပီး ေသြးေပါင္တက္ျခင္းကို ၁၀ မိနစ္အတြင္း ေလ်ာ့က်ေစမယ့္ နည္းလမ္းေကာင္းေတြ ေဖာ္ျပ ေပးလိုက္ပါတယ္။

 

(၁) ေရခပ္ေႏြးေႏြးထဲမွာ ေျခေထာက္စိမ္ေပးပါ

ေရခပ္ေႏြးေႏြးထဲမွာ ၁၀ မိနစ္ကေန ၁၅ မိနစ္ခန႔္အထိ ေျခေထာက္စိမ္ေပးျခင္းဟာ ဦးေႏွာက္တြင္းကို ေသြးေဆာင့္တက္ျခင္းကေန ကာကြယ္ေပးႏိုင္မွာ ျဖစ္ၿပီး ဒီလိုမ်ိဳး ျပဳလုပ္ေပးျခင္းဟာ ဦးေခါင္းထဲကေသြးေတြကို ေျခဖဝါးဆီ သယ္ေဆာင္ေပးမွာျဖစ္တာေၾကာင့္ ပုံမွန္ေသြးဖိအားကို ေရာက္ရွိေစမွာ ျဖစ္ပါတယ္။

 

(၂) ေရမ်ားမ်ား ေသာက္ေပးပါ

ခႏၶာကိုယ္ ေရဓာတ္ခမ္းေျခာက္ျခင္းဟာ ေသြးတိုးျခင္းကို ျဖစ္ေပၚေစတာေၾကာင့္ ေသြးတိုးေရာဂါရွိသူေတြအေနနဲ႔ ေရမ်ားမ်ား ေသာက္ေ့ပးသင့္သလို ႐ုတ္တရက္ ေသြးေပါင္တက္လာတဲ့ အခါမ်ိဳးမွာဆိုရင္လည္း ေရအလုံအေလာက္ ေသာက္ေပးသင့္ပါတယ္။

 

(၃) ၿငိမ့္ၿငိမ့္ေညာင္းေညာင္းရွိတဲ့ ဂီတသံစဥ္ေတြကို နားေထာင္ေပးပါ

သုေတသနေလ့လာခ်က္ေတြအရ ၿငိမ့္ေညာင္းသာယာတဲ့ ဂီတသံစဥ္ေတြ (အထူးသျဖင့္ စာသားမပါတဲ့ သံစဥ္) ကို နားေထာင္ေပးျခင္းဟာ တရားထိုင္ျခင္းနဲ႔ အသက္ရႈေလ့က်င့္ခန္းျပဳလုပ္ျခင္းေတြနဲ႔ ဆင္တူတာေၾကာင့္ ေသြးေပါင္တက္ျခင္းကို ေလ်ာ့က်ေစႏိုင္ပါတယ္။

 

>>>ရင္သားကင္ဆာဟာ မ်ိဳးရိုးလိုက္တယ္ဆိုတာ မွန္သလား..?<<<

ရင္သားကင္ဆာဟာ မ်ိဳးရိုးလိုက္တယ္ဆိုတာ မွန္သလား..?

(၄) လည္ပင္းနဲ႔ နားတဝိုက္ကို ႏွိပ္နယ္ေပးပါ

ဦးေခါင္းပိုင္းမွာဆိုရင္ေတာ့ ေသြးဖိအားကို ေလ်ာ့က်ေစတဲ့ ေနရာ ၃ ခု ရွိပါတယ္။ နား႐ြက္အေနာက္ဘက္ေနရာ၊ အဲဒီေနရာရဲ႕ မ်ဥ္းတေျဖာင့္တည္းျဖစ္တဲ့ လည္ပင္းေနရာနဲ႔ နားထင္ေနရာတို႔ကို လက္နဲ႔အသာအယာ ႏွိပ္နယ္ ေပးရမွာပဲျဖစ္ပါတယ္။ ဒီလိုႏွိပ္နယ္ေပးျခင္းဟာ ဦးေႏွာက္တြင္း ေသြးစီးဆင္းမႈကို ပုံမွန္ျပန္ျဖစ္ေစၿပီး ေသြးေပါင္ခ်ိန္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။

 

(၅) ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းၿပီး အသက္ျပင္းျပင္း ရွဴေပးပါ

ၾကမ္းျပင္ေပၚမွာ ပက္လက္အေနအထား လဲေလ်ာင္းၿပီး အသက္ရွဴေလ့က်င့္ခန္းကို အသံထြက္တဲ့အထိ ခပ္ျပင္းျပင္း ရွဴေပးျခင္းဟာ ေသြးဖိအားကို ပုံမွန္အတိုင္း ျပန္ျဖစ္ေစႏိုင္ပါတယ္။

 

Irrawaddy

 

{Unicode}

======

 

သွေးပေါင်တက်ခြင်းကို အချိန် ၁၀ မိနစ်အတွင်း လျော့ကျစေမယ့် နည်းလမ်း ၅ ခု

 

စိတ်ဖိစီးမှုများတာ၊ အဝလွန်တာနဲ့ အိပ်ရေးပျက်ခြင်းတို့ဟာ ရံဖန်ရံခါမှာ သွေးပေါင်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျန်းမာရေးကောင်းသူတွေမှာတောင် အကြောင်းအမျိုးမျိုးကြောင့် သွေးပေါင်တက်ခြင်း ဖြစ်ပေါ်လာတတ်ပြီး သွေးပေါင်တက်ခြင်းကို ၁၀ မိနစ်အတွင်း လျော့ကျစေမယ့် နည်းလမ်းကောင်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။

 

(၁) ရေခပ်နွေးနွေးထဲမှာ ခြေထောက်စိမ်ပေးပါ

ရေခပ်နွေးနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ခန့်အထိ ခြေထောက်စိမ်ပေးခြင်းဟာ ဦးနှောက်တွင်းကို သွေးဆောင့်တက်ခြင်းကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပြီး ဒီလိုမျိုး ပြုလုပ်ပေးခြင်းဟာ ဦးခေါင်းထဲကသွေးတွေကို ခြေဖဝါးဆီ သယ်ဆောင်ပေးမှာဖြစ်တာကြောင့် ပုံမှန်သွေးဖိအားကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။

 

(၂) ရေများများ သောက်ပေးပါ

ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းဟာ သွေးတိုးခြင်းကို ဖြစ်ပေါ်စေတာကြောင့် သွေးတိုးရောဂါရှိသူတွေအနေနဲ့ ရေများများ သောက်ေ့ပးသင့်သလို ရုတ်တရက် သွေးပေါင်တက်လာတဲ့ အခါမျိုးမှာဆိုရင်လည်း ရေအလုံအလောက် သောက်ပေးသင့်ပါတယ်။

 

(၃) ငြိမ့်ငြိမ့်ညောင်းညောင်းရှိတဲ့ ဂီတသံစဉ်တွေကို နားထောင်ပေးပါ

သုတေသနလေ့လာချက်တွေအရ ငြိမ့်ညောင်းသာယာတဲ့ ဂီတသံစဉ်တွေ (အထူးသဖြင့် စာသားမပါတဲ့ သံစဉ်) ကို နားထောင်ပေးခြင်းဟာ တရားထိုင်ခြင်းနဲ့ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်းတွေနဲ့ ဆင်တူတာကြောင့် သွေးပေါင်တက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။

 

>>>ရင်သားကင်ဆာဟာ မျိုးရိုးလိုက်တယ်ဆိုတာ မှန်သလား..?<<<

ရင္သားကင္ဆာဟာ မ်ိဳးရိုးလိုက္တယ္ဆိုတာ မွန္သလား..?

(၄) လည်ပင်းနဲ့ နားတဝိုက်ကို နှိပ်နယ်ပေးပါ

ဦးခေါင်းပိုင်းမှာဆိုရင်တော့ သွေးဖိအားကို လျော့ကျစေတဲ့ နေရာ ၃ ခု ရှိပါတယ်။ နားရွက်အနောက်ဘက်နေရာ၊ အဲဒီနေရာရဲ့ မျဉ်းတဖြောင့်တည်းဖြစ်တဲ့ လည်ပင်းနေရာနဲ့ နားထင်နေရာတို့ကို လက်နဲ့အသာအယာ နှိပ်နယ် ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းဟာ ဦးနှောက်တွင်း သွေးစီးဆင်းမှုကို ပုံမှန်ပြန်ဖြစ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါတယ်။

 

(၅) ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး အသက်ပြင်းပြင်း ရှူပေးပါ

ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထား လဲလျောင်းပြီး အသက်ရှူလေ့ကျင့်ခန်းကို အသံထွက်တဲ့အထိ ခပ်ပြင်းပြင်း ရှူပေးခြင်းဟာ သွေးဖိအားကို ပုံမှန်အတိုင်း ပြန်ဖြစ်စေနိုင်ပါတယ်။

Read times
Rate this item
(1 Vote)