What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 May 2018 11:01

သင့်ကျန်းမာရေးကို ထူးခြားစေမည့် ဓာတ်တိုးဆန့်ကျင် အသီးအနှံများ

သင့်ကျန်းမာရေးကို ထူးခြားစေမည့် ဓာတ်တိုးဆန့်ကျင် အသီးအနှံများ google.com

နေ့စဉ်စားသုံးသော အစားအစာများတွင် ကျန်းမာရေးကို အထောက်အကူပြုနေသော ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်မှု ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။ ဘယ်အစားအစာတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) အနီရောင်ပဲများ

Image result for red beans

ပဲများအားလုံးမှာ လူခန္ဓာကိုယ်ကိုကျန်းမာစေသော ဂုဏ်သတ္တိတွေရှိကြပါတယ်။ ဒါပေမဲ့ အရောင်တောက်သော ပဲများတွင် ကျန်းမာရေးအာဟာရပိုမိုပါဝင်တယ်လို့ အာဟာရပညာရှင်တစ်ဦးက ပြောဖူးပါတယ်။ ပဲတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွား နိုင်ခြင်းမှ ကာကွယ်နိုင်ကြောင်း သုတေသနပြုချက်တွေအရသိရပါတယ်။

(၂) ဘလူးဘယ်ရီသီးများ

Image result for blue barry fruit

ဘလူးဘယ်ရီသီးများတွင် ဓာတုဓာတ်တမျိုးပါဝင်ပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ သွေးထဲက သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး မှတ်ဥာဏ်နှင့် သိမှတ်နိုင်မှုစွမ်းရည်များကို မြှင့်တင်ပေးနိုင်ပါတယ်။

(၃) ကရန်ဘယ်ရီသီးများ (Cranberries)

Image result for cranbarry fruit

ကရန်ဘယ်ရီသီးများမှာ ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီးကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ ကရန်ဘယ်ရီသီးဟာ ကင်ဆာရောဂါနှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါတယ်။

(၄) ဘလက်ဘယ်ရီသီးများ

Image result for black barry fruits

ဘလက်ဘယ်ရီသီးလေးတွေဟာ ဦးနှောက်ကိုကာကွယ်ပေးပြီး ဇရာကြိုးရောဂါ ( Alzheimer) နှင့်မှတ်ဥာဏ်ပျောက်ဆုံးခြင်း ရောဂါအန္တရာယ်တို့ကို လျှော့ချပေးနိုင်ပါတယ်။ အူမကြီးကင်ဆာရောဂါကို တိုက်ဖျက်ရာတွင်လည်း ကူညီပေးနိုင်ပါတယ်။

(၅) ရက်စ်ဘယ်ရီသီးများ

Image result for red barry fruits

ရက်စ်ဘယ်ရီသီးများမှာ သေးငယ်သလောက်နှလုံးရောဂါတိုက်ဖျက်ရာတွင် များစွာအထောက်အကူ ပြုနိုင်ပါတယ်။ တချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကာကိုယ်ခံအားကို အားကောင်းစေပါတယ်။

Source: YCDC

 Read: ဖျားနာတဲ့အခါ အမြန်သက်သာအောင်လုပ်တဲ့ နည်းလမ်း (၉) ချက်

Image result for sick

Read times
Rate this item
(0 votes)