What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 08 June 2020 17:22

ငါ့ရဲ့ အင်ဆူလင်က မကောင်းဘူး

ဆီးချိုသွေးချိုရောဂါ နှင့် ပတ်သက်ပြီး ကျွန်ုပ်ရဲ့ ခန္ဓာကိုယ်ထဲ သကြားဓာတ်တွေကို လျှော့ချဖို့အတွက် အင်ဆူလင် ကို ထိုးကြရပါတယ်။ တခါတခါ မိမိကိုယ် မိမိမေးမိတဲ့ မေးခွန်းတစ်ခုက ငါရဲ့ အင်ဆူလင်းက အကောင်းတော့တာလား ၊ ခန္ဓာကိုယ်ထဲမှာ အရည်တွေ ထိုးထည့်နေရသလိုဘဲ ခံစားရပါတယ်။ 

တစ်ခါတစ်ရံ အင်ဆူလင်က ရေခဲသေတ္တာထဲမှာ အအေးဓာတ်အလုံအလောက်မရတာလား ၊ အပြင်မှာဘဲ အကြာကြီး ထုတ်ထားမိတာလား ၊ ဒါမှမဟုတ် ဆေးဆိုင်က ဘဲ ဆေးက အပြင်မှာဘဲ ထုတ်ထားခဲ့တာလား ၊ အခန်းအပူချိန်ကြောင့်လားဆိုတဲ့ အတွေးတစ်ခုက ရိုက်ခတ်ပြန်ပါတယ်။

 

ဒါဆို ဘယ်ဟာက တရားခံဖြစ်မလဲ။

အင်ဆူလင် ဆေးရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး မကြာခဏ မှ သံသယ စိတ်တွေနဲ့ ဆေးဝါးမှီခိုနေရတဲ့ ကျနော်အတွက် ကြောက်စရာကောင်းနေပါတယ်။ ဒီအင်ဆူလင် ဆေးဝါးတွေကလည်း အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု (FDA) ရဲ့ ခွင့်ပြုချက်ရထားတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။

 

လေ့လာမှုတွေ့ရှိချက်တွေအရ အမေရိကန် နိုင်ငံမှာ ဆီးချိုရောနှင့်အတူ ရောင်းချမှု ပြုလုပ်နေဲ့ အင်ဆူလင်များကဲ့သို့ ဆေးဝါးများ လုံခြုံမှု နှင့် ထိရောက်မှု တွေက စံချိန်စံညွှန်းနဲ့ ကိုက်ညီမှ ရောင်းချခွင့်ပေးထားပါတယ်။ ဒီလို ဆေးဝါးတွေကြောင့် အင်ဆူလင်အရည်အသွေးကို ဆိုးကျိုးသက်ရောက်မှု ရှိတယ် မရှိဘူး ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ကိစ္စရပ်များလည်း ရှိခဲ့ပါတယ်။

 

ဒီလိုအငြင်းပွားစရာ ကိစ္စရပ်များကနေ လုံခြုံမှုရှိစေဖို့အတွက်က အရေးကြီးပါတယ်။ အင်ဆူလင်အများစု ထုတ်ကုန်တွေက အမျိုးအစား ၁ ဆီးချိုရောဂါ နှင့်အတူ တခြားသေ အခြေနေတစ်ရပ်အတွက် ယုံကြည်စိတ်ချရတယ်လို့ ဆေးဝါသုတေသန ပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

အင်ဆူလင်အရည်အသွေးကောင်းမွန်ရဲ့လား

၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် JDRF ၊ American Diabetes Association (ADA) နှင့် Helmsley တို့ကဆေးဆိုင်တွေကနေ ဝယ်ယူထားတဲ့ အင်ဆူလင်ကို ခွဲခြမ်းစိတ်ဖြာရန်လေ့လာမှုအသစ်ကိုပူးတွဲ လုပ်ကိုင်ခဲ့ပြီး အင်ဆူလင်ရဲ့ ထုတ်ကုန်တံဆိပ်ကပ်ခြင်း နဲ့ ကိုက်ညီမှုရှိပြီး ဝယ်ထားသော အင်ဆူလင်အရည်အသွေး ကိုက်ညီမှုနှင့် တက်ကြွသော အင်ဆူလင်ဓာတ်ပါဝင်မှုရှိသည်ကို တွေ့ရှိခဲ့ပါတယ်။

 

FDA မှလိုအပ်သောတံဆိပ်ကပ်ခြင်းနှင့် US Pharmacopeia စံနှုန်းများအရ အင်ဆူလင်များတွင် ယူနစ် ၁၀၀ တွင် (+/- 5 U / mL) ရှိဖို့လိုပါတယ်။ ဒါက အင်ဆူလင် အားလုံးရဲ့ အပ်ချက်နှင့်ကိုက်ညီကြောင်းတွေ့ရှိခဲ့ရပါတယ်။

 

လူနာများအနေဖြင့် ဝယ်ယူမှုတွင် အင်ဆူလင်ထုတ်ကုန်များ ၊ ၎င်း၏ အရည်အသွေး နှင့် ယုံကြည်စိတ်ချရမှု အပေါ်အကျိုးသက်ရောက်မှုရှိပါတယ်။ သဘာဝဖြစ်စဉ်ကြောင့် ဒါမှမဟုတ် ဆေးဆိုင်များမှာ ထွက်ရှိလာတဲ့ အင်ဆူလင်တွေက အအေးပေးသည့် ကွင်းဆက် က ကိုက်ညီမှု ရှိရဲ့လားဆိုတာက သေချာဆန်းစစ်ပြီးမှာ ဝယ်ယူအသုံးပြုဖို့အတွက် ဆေးဝါးသုတေသန ပညာရှင်များက ကောက်ချက်ချခဲ့ပါတယ်။

 

Written By Aung Win (HPD)

Ref: Health Line

Read times
Rate this item
(1 Vote)