What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 09 June 2020 16:29

တစ်နေ့တာတွင် မိုးကြိုးဘေးအန္တရာယ် သတိထားရမည့် (၄) နာရီ

၂၀၂၀ပြည့်နှစ် မိုးကြိုကာလသည် မုတ်သုံအားပျော့နေ၍ မိုးကြိုးပစ်သည့် ဖြစ်စဉ်များ ယခင်နှစ်ကထက်

ပိုများ နိုင်ရာ မွန်းလွဲ ၃ နာရီ မှ ည ၇ နာရီ အချိန်အတွင်း မိုးကြိုးဘေးအန္တရာယ်ကို သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ 

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က “ဒီနှစ်ကမုတ်သုံအားပျော့တယ်။ မုတ်သုံအားပျော့တော့ မိုးတိမ်တောင်တွေဖြစ်တယ်။ မိုးတိမ်တောင် တွေဖြစ်တော့ မိုးထစ်ချုန်းခြင်းတွေဖြစ်ပြီး မိုးကြိုးပစ်တာတွေ ပိုများတာ ဖြစ်တယ်’’ ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီမှ ဇွန် ၆ ရက်အထိ မိုးကြိုးပစ်သည့် အကြိမ်ရေ ၅၄ ကြိမ် ရှိခဲ့ပြီး သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရသူ ၂၆ ဦးရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ သိရသည်။
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဇန်နဝါရီ ကနေ မတ်လ အထိ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်ကနည်းတယ်။ ဧပြီ၊ မေ နဲ့ အခု ဇွန်လ အထိ က မိုးကြိုးပစ်တာ က ပိုများတယ်။ ဒီနှစ် က အရင်နှစ် ထက် မိုးကြိုးပစ်တဲ့ ဖြစ်စဉ် ပိုများတဲ့ အပြင် အိမ်ထဲမှာ နေတာ တောင် မိုးကြိုးပစ်ခံရတဲ့ ဖြစ်စဉ် တွေရှိတယ်’’ ဟု ဆိုသည်။
ယခုနှစ်တွင် အင်တာနက်သုံးရင်း၊ ဖုန်းသုံးရင်း၊ အိမ်ထဲတွင် ရေချိုးရင်း မိုးကြိုးပစ်သည့် ဖြစ်စဉ်များ ရှိသည့် အတွက် မိုးထစ်ချုန်းချိန် တွင် ပြည်သူများ အနေဖြင့် မိုးကြိုးဘေးအန္တရာယ်အား အထူးသတိပြုနေထိုင်သင့်ကြောင်း ဒေါ်ဖြူဖြူ လဲ့လဲ့ထွန်းက အကြံပြုခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ပြည့်နှစ် ပထမငါးလဖြစ်သော ဇန်နဝါရီလမှ မေလကုန်အထိ မိုးကြိုးဘေး ၃၄ ကြိမ် ဖြစ်ပွားပြီး ၃၆ ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာသို့ ဇွန် ၆ ရက်တွင် ပြောသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်း က “ဒီရက်ပိုင်းတနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ မိုးကြိုးပစ်လို့ လူ၅ဦးသေဆုံးခဲ့တယ်။ ဒီနှစ်ထဲမှာ မိုးကြိုးပစ်မှု ပိုများတာ တွေ့ရတယ်’’ ဟုပြောသည်။

ယခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်(၁၀)ခုတွင် မိုးကြိုးဘေးကြောင့် လူ(၂၅)ဦး သေဆုံးပြီး(၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးကြိုးဘေးကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှုမှာလည်း ပိုမိုများပြားလာသည့်အတွက် ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများ၊လျှပ်စီးလက်ခြင်းနှင့်မိုးခြိမ်းခြင်းများဖြစ်ပေါ်နေချိန်တွင်ဖုန်းများကိုအသုံးမပြုသင့်ကြောင်း၊ တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့်ကွန်ပျူတာ စသည့် လျှပ်စစ်နှင့် ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ပလပ်ဖြုတ်ထားသင့်ကြောင်း၊ သစ်ပင်၊ ဓါတ်တိုင်နှင့်သံ/သတ္တု ပစ္စည်းများအနီးတွင် မနေသင့်ကြောင်း၊ အိမ်အပြင်ဘက်တွင်လူစုလူဝေးနှင့်ဖြစ်နေပါက သီးခြားစီဖြန့်ခွဲနေထိုင်သင့်ပါကြောင်းနှင့် တယ်လီဖုန်းများအသုံးပြုမှုနှင့်ပတ်သက်၍ အထူးသတိပြု ဆင်ခြင်သုံးစွဲကြရန် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ပြည်သူများသို့ သတိပေးချက် ထုတ်ပြန်ထားသည်။

(Xinhua)

Read times
Rate this item
(0 votes)