What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 August 2017 14:45

ကိုယ်ဝန်နုချိန်မှာ စားသုံးလျှင် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ

ကိုယ်ဝန်နုချိန်မှာ စားသုံးလျှင် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ google.com

ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရမှာ ဖြစ်ပြီး နားလည်တတ်ကျွမ်းသူတွေဆီမှ ဆောင်ရန်၊ရှောင်ရန် နည်းနာများကို သိရှိထားသင့်ပါတယ်။

အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာ အစားအသောက်၊ အနေအထိုင် မဆင်ခြင်လျှင် ပျက်ကျသည်အထိ ဖြစ်သွားနိုင်ပါတယ်။

ဒီတော့ ကိုယ်ဝန်နုစဉ်မှာ လုံးဝ မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. နာနတ်သီး

နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံး အသီးဖြစ်တာကြောင့် လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် အလွန် အန္တရာယ် များပါတယ်။

၂. သင်္ဘောသီး

ကိုယ်ဝန်နုချိန်မှာ သင်္ဘောသီးကို အစိမ်းရော အမှည့်ပါ မစားတာ အကောင်းဆုံးပါ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ လုံးဝမစားမိဖို့ အရေးကြီးပါတယ်။

READ - ကိုယ်ဝန်သည် ခွဲမွေးခြင်းနှင့် ပတ်သက်သော လွဲမှားသည့် အယူအဆများ

၃. ရှားစောင်းလက်ပက်ဖျော်ရည်

ရှားစောင်းလက်ပက်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ သို့သော် သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

၎. ဒန့်ဒလွန်သီး

ဒန့်ဒလွန်သီးမှာပါဝင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓါတ်ပေါင်းတွေဟာ ကိုယ်ဝန်ဆောင်များ အတွက်တော့ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။

၅. မက်မွန်သီး

မက်မွန်သီးအခွံမှာပါတဲ့ အမျှင်လေးတွေဟာ ယားယံခြင်းနှင့် သားအိမ်တွင်း သွေးယိုစီးမှုဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျဖို့အတွက် အလားအလာများစေပါတယ်။

၆. ကော်ဖီ

ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့တော့ ကော်ဖီသောက်ခြင်းကို လုံးဝ မရှောင်နိုင်လျှင်တောင် ထိန်းသိမ်းပြီး သောက်သုံးသင့်ပါတယ်။ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်း အရည်တွေကို စုပ်ယူပစ်ပြီး ကယ်လ်စီယံဓါတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များ ရေများများသောက်ဖို့ လိုအပ်သလို ကဖင်းဓါတ် များလွန်းလျှင် ကိုယ်ဝန်ပျက်ကျခြင်း ၊ ပေါင်မပြည့်ဘဲမွေးခြင်း နှင့် အခြား သာမန်မဟုတ်တဲ့ ကလေးမွေးဖွားခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ် ။

၇. စည်သွတ်ဘူးငါးများ

တူနာငါး ၊ ဆောလ်မွန်ငါးတွေကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားးသော ငါးမျိုးကိုလည်း မစားသင့်ပါဘူး။ စည်သွပ်ဘူးမှာ ပါဝင်တဲ့ ငါးတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပြီး ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေနိုင်ပါတယ်။

၈. အအေးခံထားသော စားဖွယ်ရာများ

ကုန်တိုက်တွေမှာ ရောင်းတဲ့ ရေခဲရိုက် အအေးခံထားသော ကြက်အူချောင်းများ၊ အသားတုများ၊ အသားတွေ ဟာလည်း စည်သွပ်ငါးတွေကဲ့သို့ ဘက်တီးရီးယားတွေ များစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက်စားမယ်ဆိုလျှင် ပူနွေးသော အစားအစာများကိုသာ စားသင့်ပါတယ်။

၉. အသင့်သောက်အအေးဘူးများ

ကိုယ်ဝန်ဆောင်များအနေဖြင့် အဆင်သင့်သောက်သုံးနိုင်တဲ့ အအေးဘူးတွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်မျိုးကိုသာ သောက်သုံးသင့်ပါတယ်။

READ - လမစေ့ဘဲ မီးဖွားသူများ သိထားစရာ

Source: shweinnlay

Read times
Rate this item
(2 votes)