What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 19 June 2020 15:16

ဒူးရင်းသီးက သင့်ကျန်းမာရေးအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်လဲ

ဒီအချိန်က ဒူးရင်သီးလှိုင်လှိုင်ပေါတဲ့ ရာသီဖြစ်ပြီး မိုးလေးတစ်ပြိုက် နှစ်ပြိုက်နဲ့ ဒူးရင်းသီးချစ်သူတို့ အကြိုက်ပေါ့။ ဒူးရင်းသီးဟာ ကြိုက်နှစ်သက်သူတို့အဖို့ အနံ့အရသာပြည့်စုံတဲ့ တစ်သီးတစ်မျိုးဆိုလဲ မမှားပါဘူး။

ဒါကြောင့် ဒူးရင်းသီကို ကြိုက်လို့ စားတဲ့သူတစ်ယောက် အနေနဲ့ ဒူးရင်းသီးက သင့်ကို ဘာတွေ ပေးစွမ်းနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

ဒူးရင်းသီးမှာ ဗီတာမင် အေ၊ စီနဲ့ ဘီအုပ်စုဝင်တွေဖြစ်တဲ့ ဘီစစ်၊ ရီဗိုဖလက်ဗင်းန်၊ သိုင်းမိုက်၊ ဖော်လစ်အက်စစ် စတဲ့ ဗီတာမင်ဓာတ်တွေအပြင် ကယ်ဆီယမ်၊ ပိုတတ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ ဆိုဒီယမ်၊ ဖော့စထရိတ် စတဲ့ သတ္တုဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။ ဒါ့အပြင် ရေဓာတ်နှင့် ပရိုတင်းဓာတ်တွေအပြင် ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့ အဆီဓာတ်ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

 

ဒူးရင်းသီးစားရင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်လို့ အစာအိမ်၊ အူလမ်းကြာင်းကို အထောက်အကူပြုလို့ အစာခြေဖျက်အား ကောင်းစေကာ ဝမ်းချုပ်ခြင်းစတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အစာမကြောတာတွေကိုလည်းသက်သာ စေပါတယ်။

 

ဒါအ့ပြင် အမျှင်ဓာတ်နဲ့ အကျိုးပြု အဆီတွေ ပါဝင်လို့ ကိုလက်စထရော နှင့် အကောင်းတဲ့အဆီတွေကို ကျပစေတာကြောင့် နှလုံသွေးကြောရောဂါကို ကာကွယ်ပေးတဲ့အပြင် သွေးတိုးခြင်းကိုလည်း ထိန်းပေးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားကိုလည်း မေ့မသွားကြနဲ့အုန်းနော်...။

 

ဒူးရင်းသီးတွင် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်လို့ သင့်အရိုး ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး အရိုးနှင့်ပတ်သတ်သော ရောဂါ ဝေဒနာများကိုလည်း လျှော့ကျပေးနိုင်ပါတယ်။

 

ဒူးရင်းသီးတွင် ဗီတာမင် နှင့် တခြားသော ဗီတာဓာတ်များ ပါဝင်တာကြောင့် ကင်ဆာရောဂါကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ နောက်ထပ် သင့်ကို ကောင်းကျိုးပေးနိုင်တာ တစ်ခုကတော့ သင့်မှာ ညမအိပ်တဲ့ ပြဿနာရှိနေပြီးဆိုရင် ဒူးရင်းသီးကို စားပေးခြင်းဖြစ် ညအိပ်မပျော်တဲ့ ဝေဒနာကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 

Health Products Directory

Read times
Rate this item
(1 Vote)