What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 June 2020 10:39

မကြာမီဖွင့်လှစ်တော့မည့် သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) အား စစ်ဆေးကြည့်ရှု

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ယနေ့ ( ဇွန်၁၅ရက် )နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ အမှတ်-၁၀ ပင်လုံလမ်းတွင် တည်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၈-ထပ်ကျောင်းဆောင်တွင် တည်ဆောက်ပြီးစီးသည့် "သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံ" ကို စစ်ဆေးကြည့်ရှုတော်မူကြောင်း သိရသည်။

 

စက္ခုဒါနဆေးရုံတွင် တပ်ဆင်ထားသည့် ခေတ်မီစမ်းသပ်စစ်ဆေးသည့် စက်သစ်ကြီးများဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင်၊ သီတဂူဒေါက်တာဦးသိန်းမြင့် (အင်္ဂလန်)နှင့် သီတဂူစက္ခုဒါနဆေးရုံတော်များ လှည့်လည်ကုသရေးတာဝန်ခံ သီတဂူဒေါက်တာဦးစဂျေလွင်တို့က သီတဂူဆရာတော်ကြီး၊ ဗုဒ္ဓဂါယာဆရာတော်ကြီးနှင့် ဝေဇယန္တာဆရာတော်ကြီးတို့ကို စတင်စမ်းသပ် စစ်ဆေးခြင်း မင်္ဂလာပြုခဲ့ပါသည်။

 

သီတဂူစက္ခုဒါန အစီစဉ်စတင်ခဲ့သည့် ၁၉၉၃ခုနှစ်-ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ်-ဒီဇင်ဘာကုန်အထိ စမ်းသပ် စစ်ဆေး ၅၂၂,၇၃၀ ဦး၊ ခွဲစိတ်ကုသလူနာ-၁၀၀,၈၅၄ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုပေးနိုင်ခဲ့ကြောင်းသိရသည်။

 

လက်ရှိအချိန်အထိ သီတဂူဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ပြီးသော သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၃၇ ရုံရှိပြီး (ဆောက်လုပ်နေဆဲများမှာ) ၃၈။ စစ်ကိုင်းတိုင်း-ပုလဲမြို့၊ ၃၉။ တနင်္သာရီတိုင်း-ပုလောမြို့၊ ၄၀။ ရန်ကုန်တိုင်း-ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁။ တနင်္သာရီတိုင်း-မြိတ်မြို့၊ ၄၂။ စစ်ကိုင်းတိုင်း-ခန္တီးမြို့၊ ၄၃။ စစ်ကိုင်းတိုင်း-အင်းတော်မြို့၊ ၄၄။ မန္တလေးတိုင်း-ကူမဲမြို့ တို့ဖြစ်သည်။

 

သီတဂူဆေးရုံ အမှတ်စဉ်-၄၀ ဖြစ်သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် ခွင့်ပြုချက် ရရှိသည့်အချိန်တွင် Grand Open မင်္ဂလာအခမ်းအနားဖြင့် မျက်စိဝေဒနာရှင်များအား စက္ခုဒါနကုသပေးမည် ဖြစ်ကြောင်း သိရသည်။

 

သီတဂူဆရာတော်ကြီးသည် နိုင်ငံအဝှမ်း ဆေးရုံတော်-၄၅ခု တည်ဆောက်ရန် ရည်စိတ်သန်လျှက်ရှိပြီး လက်ရှိစာရင်းအရ အားလုံးပြီးစီးကာဖွင့်လှစ်ပါက မြန်မာနိုင်ငံတွင် သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၄၄ ခုဖြင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးကဏ္ဍကို့ အားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သီတဂူပြန်ကြားရေအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

 
Transcom News Journal
Read times
Rate this item
(1 Vote)