What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 September 2022 15:15

ကျောက်ကပ်ကို ကောင်းကျိုးပြုသော အစားအစာများ

ကြက်ဥ ၊ ဘဲဥ တို့၏ အကာထဲမှာ ပါရှိတဲ့ အမိုင်နိုအက်ဆစ်တွေက ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဂေါ်ဖီထုပ်ထဲမှာ သဘာ၀ ဗီတာမင် များ နှင့် အမျှင်ဓာတ် တို့ပါဝင်ခြင်းက ကျောက်ကပ် အတွက် အားဆေးဖြစ်ပါတယ်။ 

 

မဂ္ဂနီစီယမ် ဓာတ် ချို့တဲ့ခြင်း ကလည်း သွေးတိုးရောဂါ ကိုဖြစ်စေပြီး ၊ ကျောက်ကပ်ကို သွယ်ဝိုက်သော နည်းဖြင့် ဘေးဖြစ်စေပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ် ဓာတ်ကြွယ်ဝသောအစားအစာ များဖြစ်ကြတဲ့ အစေ့ အဆံ များ ၊ မြေထောက်ပဲများ နှင့် ကိုက်လံ ၊ ပန်းဂေါ်ဖီစိမ်း တို့လို ဟင်းရွက်စိမ်း များကို လုံလောက်စွာ စားပေးပါ။ အစိမ်းရောင် ငရုပ်ချိုပွ ထဲမှာ ပိုတက်စီယမ် ဓာတ်ပါဝင်မှု နည်းပါးတဲ့ အပြင် ၊ ၎င်း ထဲရှိ သဘာ၀ ဗီတာမင် နဲ့သတ္တုဓာတ်တို့က ကျောက်ကပ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းများဖြစ်ကြပါတယ်။

 

စပျစ်သီးက ခန္ဓာကိုယ်ထဲ ရှိ မလိုလားအပ်သော ယူရစ်အက်ဆစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးတာကြောင့် ဆီးရွှင်စေကာ ကျောက်ကပ်ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို အရှိန်ဟုန်မြင့် သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးနိုင်၍ ကျောက်ကပ် နှင့် သည်းခြေကို သန့်စင်စေပါတယ်။ ဘယ်ရီသီး မျိုးနွယ်ဝင် များဖြစ်ကြတဲ့ စတော်ဘယ်ရီ နှင့် Cranberries (ခေါ်) အချဉ် အရသာ ရှိတဲ့ ဘယ်ရီ သီး အနီရောင်တွေထဲမှာ ပါရှိ တဲ့ hippuric အက်ဆစ် ဟာ ခန္ဓာကိုယ် ထဲရှိ ဆီး အဆိပ်အတောက်ကို ဖယ် ရှားပေးနိုင်ပါတယ်။

viber1.jpg

မည်သည့် ဌက်ပျောပင် မဆို ၊ အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည် လုပ်သောက် ပါက ကျောက်ကပ်၊ ဆီးအိမ် ၊ အမျိုးသားများ ဆီးကျိတ်ဝေဒနာ နှင့် ဆီးကျောက်တည်ခြင်း မှ ကာကွယ်ပေးပါတယ်။ ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ ထဲရှိ အဆီ တို့ဟာ ကျောက်ကပ် ၏ စွမ်းဆောင်ရည် ကို တိုးတက်မြင့် မား လာ စေပြီး ၊ ခန္ဓာကိုယ်ထဲ ရှိ မလိုလား အပ်သော အညစ်အကြေး တို့ကို ဆီး အဖြစ် စွန့်ထုတ် ပေးနိုင် လို့ဆီးကျောက်တည်ခြင်း မဖြစ် စေပါဘူး။

 

အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွား လာခြင်းကို သက်သာစေရုံမျှ မက ဆီးကျိတ်ကင်ဆာရောဂါ ကိုလဲ ထိထိရောက်ရောက် တားဆီး ကာကွယ်ပေးနိုင် ပါတယ်။ နာနတ်သီး ကို ပန်းသီး (သို့) ဖရဲသီး တို့ဖြင့် တွဲစား ပါက ခန္ဓာကိုယ် ထဲရှိ မလိုအပ်သော အငန်ဓာတ် များကို ဖယ်ရှားပေးပြီး ကျောက်ကပ် နှင့် သည်းခြေ တို့ကို အားဖြစ်စေတဲ့ အပြင် အဆိပ် အတောက်တွေ ကို ဖယ်ရှားပေးနိုင်တာကြောင့် ကျောက်ကပ်သန့်စင်စေပါတယ်။

 

အာလူး ထဲမှာ မဂ္ဂနီစီယမ် ဓာတ်မြင့်မား စွာ ပါရှိပြီး ထို ဓာတ် က ကျောက်ကပ် နှင့် တစ်ရှုးများ ထဲတွင် ကျောက် ကပ်ကျောက် တည်ခြင်း ကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ကြံရည် က ကျောက်ကပ်ကို အားပေးပြီး ဆီးချုပ်/ဆီးအောင့်ခြင်း မှ ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးကို အစေ့ ဖယ်၍ စားခြင်း က ကျောက်ကပ်နှင့်ဆီးအိမ်ကျောက်တည်ခြင်း အလားအလာကို လျော့ချပေးနိုင်ပါတယ်။ မြင်းခွာရွက်ကို နေ့စဉ် မှန်မှန် စားပေးခြင်းဖြင့် ကျောက်ကပ် နဲ့ပတ်သက်သော ဆီးဝေဒနာ အမျိုးမျိုး မှ ကြိုတင် ကာကွယ်ရာရောက်ပါတယ်။

 

Myanmar Health Products Guide

viber.jpg

Read times Last modified on Monday, 12 September 2022 15:19
Rate this item
(0 votes)