What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 June 2020 14:12

ကန်စွန်းဥနဲ့ အာလူး ဘယ်ဟာက ပိုပြီးကျန်းမာရေးနဲ့ညီညွှတ်သလဲ

ကန်စွန်းဥနဲ့အာလူးတွေက လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ အစားအစာတွေဖြစ်ပါတယ်။ 

ကိုယ်အလေးချိန်ချချင်တဲ့သူတွေက အာလူးထက် ကန်စွန်းဥကို ရွေးချယ်ကြပေမဲ့ ဘယ်ဟာဟာ ပိုပြီး ကျန်းမာရေးနဲ့ညီညွှတ်သလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ကန်စွန်းဥနဲ့ အာလူးမှာ ဘယ်အစားအစာ ကျန်းမာရေးနဲ့ညီညွှတ်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

 

ကယ်လိုရီ

ကန်စွန်းဥနဲ့အာလူးတို့ရဲ့ကယ်လိုရီပါဝင်မှုက အတော်လေးတူညီပါတယ်။ အာလူးပြုတ်၁၀၀ဂရမ်ဟာ ၉၃ကီလိုဂရမ်ဝန်းကျင်ရှိပြီး ကန်စွန်းဥပြုတ် ၁၀၀ဂရမ်မှာ ၉၀ကီလိုဂရမ်ရှိပါတယ်။

 

ကာဗွန်ဟိုက်ဒရိုတ်

ဒီအာလူးအမျိုးအစားနှစ်ခုလုံးက ကာဗွန်ဟိုက်ဒရိုတ်ကလာတဲ့ ကော်မုန့်ဖြူကြွယ်ဝပါတယ်။ အာလူး၁၀၀ဂရမ်တွင် ကာဗွန်ဟိုက်ဒရိုတ်၂၁ဂရမ်ရှိပြီး ကန်စွန်းဥမှာလဲ ကာဗွန်ဟိုက်ဒရိုတ်၂၂ဂရမ်ရှိပါတယ်။

 

အမျှင်ဓာတ်

ကန်စွန်းဥရဲ့အမျှင်ဓာတ်ပါဝင်မှုက ၁၀၀ဂရမ်ကို ၃.၃ဂရမ်ဖြစ်ပြီး အာလူးကတော့ ၂.၂ဂရမ်ဖြစ်ပါတယ်။ ကန်စွန်းဥက အာလူးထက် အမျှင်ဓာတ်ပိုများပါတယ်။ အမျှင်ဓာတ်က အစာကြေလွယ်ပြီး ကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပေးပါတယ်။

 

ပရိုတိန်းနဲ့အဆီ

ဒီအစားအစာနှစ်မျိုးလုံးက ပရိုတိန်းနဲ့ အဆီဓာတ်ပါဝင်မှု အတူတူပဲဖြစ်ပါတယ်။ ၁၀၀ဂရမ်ကို ပရိုတိန်း ၂ဂရမ်ကနေ ၂.၃ဂရမ်၊ အဆီဓာတ် ဝ.၁ဂရမ်ကနေဝ.၂ဂရမ်ဖြစ်ပါတယ်။ အာလူးက ကန်စွန်းဥနဲ့ယှဉ်ရင် ပရိုတိန်းဓာတ်ပိုပါဝင်ပြီး အဆီဓာတ် နည်းပါတယ်။

 

ဗီတာမင်

အာလူး၁၀၀ဂရမ်က ဗီတာမင်စီ ၉.၆မီလီဂရမ်၊ ဖောလိတ် ၂၈မိုက်ခရိုဂရမ်၊ ဗီတာမင် ၁ယူနစ်ပါဝင်ပါတယ်။ ကန်စွန်းဥ ၁၀၀ဂရမ်ကလဲ ဗီတာမင်စီ ၂၀မီလီဂရမ်၊ ဖောလိတ် ၆မိုက်ခရိုဂရမ်၊ ဗီတာမင်၁၉၂၁၈ယူနစ် ပါဝင်ပါတယ်။

 

သတ္တုဓာတ်

အာလူးက ကန်စွန်းဥထက် သံဓာတ်နဲ့ ပိုတတ်စီယမ် ပါဝင်တဲ့ပမာဏပိုများပါတယ်။ အာလူး၁၀၀ဂရမ်စားခြင်းက တစ်နေ့တာသံဓာတ်လိုအပ်မှု ၆ရာခိုင်နှုန်း ထောက်ပံ့ပေးပါတယ်။

 

ဆုံးဖြတ်ရွေးချယ်

ကန်စွန်းဥက အာလူးထက် ဗီတာမင်အေ၊ ဗီတာမင်စီပါဝင်တဲ့အတွက် ပိုကောင်းသွားပါတယ်။ အခြားတစ်ဖက်မှာကြည့်မယ်ဆိုရင် အာလူးက ကန်စွန်းထက် ပရိုတိန်းနဲ့ပိုတတ်စီယမ်ပိုပါဝင်တဲ့အတွက် ပိုကောင်းသွားပါတယ်။ ဒါကြောင့် ဒီအစားအစာနှစ်မျိုးလုံးက ကျွန်ုပ်တို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

Read times
Rate this item
(1 Vote)