What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 02 September 2022 11:03

အာလူးစားပြီး ကိုယ်အလေးချိန်ချနည်း

အာလူးစားပြီး ကိုယ်အလေးချိန်ချနည်း Daily Express

အာလူးက လူကြိုက်အများဆုံး ဟင်းသီးဟင်းရွက်များထဲမှ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကလေးတွေက အကြော်တွေကို (အားလူးကြော်) ကြိုက်ကြပါတယ်။ အားလူးက ကိုယ်အလေးချိန်ချဖို့အတွက် အကောင်းဆုံး အစားအစာတစ်ခုဖြစ်သော်လည်း အစားအစာတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

 

အာလူးအစားအစာကို ဘယ်လိုလုပ်မလဲ။

ကိုယ်အလေးချိန်ချဖို့အတွက် အာလူးကို အသုံးပြုခြင်း တစ်နည်း နဲ့ တစ်နည်း ခြားနားချက်တွေ ရှိပါတယ်။ ယခုဖော်ပြပေးမယ့် အာလူးအသုံးပြုခြင်းရဲ့ စည်းမျဉ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

  1. အာလူးပြုတ်ကို သုံးရက်မှ ငါးရက်လောက်သာ စားပါ။
  2. နေ့စဉ် အာလူးကို နှစ်ကီလိုဂရမ် နေ့စဉ်စားပါ။
  3. အခြားပါဝင်ပစ္စည်းများဖြစ်တဲ့ ငံပြာရည်၊ ketchup၊ ထောပတ်၊ အချဉ်မုန့်နှင့် ဒိန်ခဲ ကဲ့သို့သော် ပစ္စည်းများ အသုံးမပြုရပါ။
  4. ဆားကို လုံလောက်စွာ စားသုံးပါ။ (အလွန်အကျွံစားသုံးခြင်း မပြုရ)
  5. ရေငတ်တဲ့အခါ ရေ၊ ရိုးရိုးလက်ဖက်ရည် ဒါမှမဟုတ် black coffee ပဲ သောက်နိုင်ပါတယ်။
  6. ပြင်းထန်သောလေ့ကျင့်ခန်းကို မပြုရပါ။
  7. ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းဖြစ်တဲ့ လမ်းလျှောက်ခြင်းကိုသာ ပြုလုပ်ပါ။

 

အာလူးအစားအစာက ကိုယ်အလေးချိန် ကျစေသလား။

အာလူးနဲ့ပတ်သက်ပြီး လေ့လာမှုတွေ မရှိပေမယ့် အာလူးက ကယ်လိုရီ ပမာဏ နည်းတာကြောင့် နေ့စဉ်စာသုံးခြင်းက ကိုယ်အလေးချိန်ကျဖို့အတွက် အကူညီ တစ်ခုဖြစ်ပါတယ်။ နေ့တိုင်း အာလူး တစ်ကီလိုဂရမ်ကနေ နှစ်ခွဲကြား စားရင် ဒီပမာဏဟာ ကယ်လိုရီ 530 - 1,300 နှင့် ကိုက်ညီပါတယ်။ အာလူးက ကယ်လိုရီအလွန်နည်းတာကြောင့် ဇီဝဖြစ်ပျက်မှုကို နှေးကွေးစေပြီး ကြွက်သားထုထည်ကို လျှော့ကျစေပါတယ်။

 

အာလူး ကိုယ်အလေးချိန်ကျဖို့ ထိရောက်မှုရှိပေမယ့် အာဟာရပြည့်ဝသော အစားအစာဖြစ်တဲ့အပြင် လူတစ်ဦး၏ ကျန်းမာရေးအတွက် အလုံးစုံလိုအပ်သော အာဟာရဓာတ်အားလုံးကို မဖြည့်ဆည်းပေးပါဘူး။

 

အားလူးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့ -

(၁) ခွန်အားဖြစ် အစားအစာ တစ်မျိုးအဖြစ်စားသုံးနိုင်ပါတယ်။

(၂) အစာကို အလွယ်တကူ ကြေစေပါတယ်။

(၃) အသားအရည်အတွက် မှီဝဲပေးသင့်ပါတယ်။

(၄) ဟင်းသီးဟင်းရွက် အစားနည်း၍ ဗီတာမင်စီ ချို့တဲ့မူကြောင့်ဖြစ်တဲ့ သွေးရောဂါအတွက် ကောင်းမွန်စေတယ်။

(၅) ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိအပြည့်အဝ ပါရှိပါတယ်။

(၆) ခန္ဓာကိုယ်ရှိ ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

(၇) ဦးနှောက်နဲ့ အာရုံကြောအတွက် စားပေးသင့်ပါတယ်။

(၈) နှလုံးနှင့် ပတ်သက်သော ရောဂါအထွေထွေအတွက် ကောင်းမွန်သော အစားအစာတစ်မျိုးပါ။

(၉) ကျောက်ကပ်ကို အထူးပင် ကောင်းမွန်စေပါတယ်။

(၁၀) ဝမ်းလျောနေတဲ့အခါမှာ ခွန်အားပြည့် အစားအစာတစ်မျိုးအဖြစ် စားနိုင်ပါတယ်။


Ref: diyetz

Aung Win (Myanmar Health Products Guide)

Read times
Rate this item
(0 votes)