What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 15:06

လည်ချောင်းနာ ခြင်းကို ဖြစ်စေတတ်သော အစားအသောက်များ

ခံတွင်း သန့်ရှင်းရေး မကောင်းတာဟာ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ စုဆောင်းနိုင်တာကြောင့် ခံတွင်းအနံ့ နံတာနဲ့ လည်ချောင်းနာတာ ဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရာပါ။

ဒါ့အပြင် တချို့ အစားအစာတွေကြောင့် ခံတွင်း ကျန်းမာရေးကို ထိခိုက်စေပြီး အဲဒီ ဝေဒနာတွေ ပိုဆိုးစေနိုင်ပါတယ်။

 

လည်ချောင်းနာတာကြောင့် အစာမျိုရ ခက်တာ၊ စကားပြောရ ခက်ခဲတာ၊ အသက်ရှုရ ခက်ခဲတာ၊ ချောင်းဆိုးတာနဲ့ အဖျားရှိတာတွေ ဖြစ်တတ်ပါတယ်။ နေ့စဉ် စားနေကျ အစားအစာကြောင့် လည်ချောင်း ယားယံတတ်ပါတယ်။ လည်ချောင်းနာနေရင် အောက်ပါ အစားအသောက်တွေကို သင်တတ်နိုင်သမျှ ရှောင်ပါ။

 

ကော်ဖီ

ကော်ဖီကို အသင့်အတင့် သောက်ရင် အဲဒီ အကျိုးသက်ရောက်မှုဟာ မသိသာပေမယ့် ကော်ဖီမှာ ကဖင်းနဲ့ ဘန်ဇီးလိုမျိုး ဓာတုပစ္စည်း ၉၀၀ ကျော် ပါဝင်တဲ့အတွက် ရိုးတွင်းခြင်ဆီအပေါ် ထိခိုက်မှု ရှိပြီး ခန္ဓာကိုယ်အတွင်း သွေးနီဥ ထုတ်လုပ်မှု စွမ်းအားကို ထိခိုက်နိုင်ပါတယ်။ ကော်ဖီမှာ ကဖင်းဓာတ်တွေ ပြင်းအားများစွာ ပါဝင်တဲ့အတွက် သွေးကြော ကျဉ်းစေနိုင်ပြီး လည်ချောင်း ခြောက်သွေ့ စေနိုင်တာကြောင့် လည်ချောင်း ယားယံပြီး လည်ချောင်းနာတဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။

 

ကဖင်းပါသော လက်ဖက်ရည်

လက်ဖက်ရည် အချို (Black Tea) မှာ ပါဝင်တဲ့ တန်နင်ဓာတ်ကြောင့် အစာမျိုပြွန်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea) မှာမူ ကဖင်းဓာတ် ပါဝင်တဲ့အတွက် ကော်ဖီ သောက်တာနဲ့ တူတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။

 

Read More : ဗီတာမင်ဆေး များကို မှန်မှန်ကန်ကန် သောက်သုံးတတ်စေရန်

ဗီတာမင်ဆေး များကို မှန်မှန်ကန်ကန် သောက်သုံးတတ်စေရန်

 

 

မြေပဲ

မြေပဲကို ဝါးစားရင် မြေပဲက ချွန်ထွက်နေတဲ့ အပိုင်းအစတွေဟာ လည်ချောင်းအတွင်း အလွယ်တကူ တွယ်ကပ်နိုင်တဲ့ အတွက် လည်ချောင်း နာတာနဲ့ ယားယံတာ ဖြစ်လာပါတယ်။

 

ကြက်ဥနှင့် နို့ထွက်ပစ္စည်း

ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေမှာ ကိုလက်စထရော ပါဝင်တဲ့အတွက် လည်ချောင်းမှာ အဆီ ကပ်စေနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ အစာတွေက သလိပ်ထုတ်လုပ်မှုကို ကူညီနိုင်တဲ့ အတွက် လည်ချောင်းမှ ရေဓာတ် ခန်းခြောက်ပြီး လည်ချောင်း ယားယံစေနိုင်ပါတယ်။

 

အရက်

ဝိုင်လိုမျိုး အရက်တွေမှာ လက်ဖက်ရည် အချို့ (Black Tea) လို တန်နင်ဓာတ်တွေ ပါဝင်တာကြောင့် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အရက်ကြောင့် ရေဓာတ် ဆုံးရှုံးနိုင်တဲ့အတွက် လည်ချောင်းနာတာ ဒါမှမဟုတ် လည်ချောင်း ယားယံတာတွေကို ပိုမို ဆိုးရွားနိုင်ပါတယ်။

 

Source: ဒေါက်တာခင်မိုးမိုး

Health Products Directory

Read times Last modified on Friday, 01 March 2019 15:20
Rate this item
(1 Vote)