What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 June 2018 11:19

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၁ဝ)

ဆောင်ရန်၊ ရှောင်ရန် healthy tips များ(၁ဝ) Google.com

လက်ချောင်းလေးတွေ အကြောဆွဲတာ ဘာဖြစ်လို့လဲ 

Image result for hand pain

ရေဓာတ်ချို့တဲ့တာတွေ ၊ အရက်သောက်တာတွေ ၊ ကဖင်းသောက်သုံးမှုလွန်းတာတွေ ၊ စိတ်ဖိစီးမှုများတာတွေ ၊ အာဟာရချို့တဲ့နာတွေ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဥပမာ တစ်ခုပြောရရင် ရေဓာတ်ချို့တဲ့တဲ့ အခါ လက်ချောင်းလေးတွေ အကြောဆွဲတာတွေ ဖြစ်တက်ပါတယ်။ တစ်နေ့တာရေကို လုံလုံလောက်လောက်သောက်သင့်ပါတယ်။ ရေဓာတ်ချို့တဲ့လျင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေ တင်းလာတဲ့အတွက် လက်ချောင်းက ကြွက်သားတွေတင်းလာပြီး အကြောဆွဲရတာခြင်းဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ချောင်း အသုံပြုရတာများတဲ့ လက်ကိုင်ဖုန်းနဲ့ ဂိမ်းကစားတာလိုမျိုးကို တက်နိုင်သမျရှောင်ကြဉ်ရန်လိုအပ်ပါတယ်။ စာရိုက်တာနဲ့ ကွန်ပျူတာလိုမျိုးအလုပ်တွေကိုလည်း ဆက်တိုက် မပြုလုပ်သင့်ပါဘူး။

နှာခေါင်းထဲမှာ ပုံမှန်မဟုတ်တဲ့အနံ့တွေရနေတာလဲ
Related image
ဥပမာ နှာခေါင်းထဲမှာ အပုပ်နံ့ရနေတာမျိုးပေါ့။ တကယ်တော့ ဘေးမှာပုပ်နေတဲ့ပစ္စည်းလည်း ဘာမှမရှိပါဘူး။ သန့်ရှင်းနေတဲ့ ပတ်ဝန်းကျင်မှာ နေရင်နဲ့ အပကုပ်အနံ့ ရတာဟာ နှာခေါင်းထဲမှာ ထိပ်ကပ်နာဖြစ်နေခြင်းဘဲ ဖြစ်ပါတယ်။ တစ်ချို့တွေမှာ ထပ်ကပ်နာဖြစ်နေတော့ အပြင်ကို နှာရည်မကျဘဲ နှာခေါင်းထဲမှာပဲ ပြည်ပုပ်လေးတွေရှိနေတဲ့ အတွက် အသက်ရှူလိုက်တိုင် အပုပ်အနံ့တွေ ရနေချင်းဘဲ ဖြစ်ပါတယ်။
တချို့ကတော့ ထူးထူးဆန်းဆန်း အနံ့တွေရတက်ပါတယ်။ ဒါဆိုရင် နှာခေါင်းထဲမှာ ရောဂါရှိမရှိ စစ်ဆေးသင့်ပါတယ်။ တချိုပဆေးတွေမှာ နှာခေါင်းအနံ့ ကိုပြောင်းသွားတက်ပါတယ်။ တချို့ကျ စိတ်ရောဂါကြောင့် အနံ့ မရခြင်း ၊ အနံ့ နည်းနည်းဘဲ ရခြင်းတွေ ၊ အနံ့ ပြောင်းးသွာတာတွေ စြဖ်တက်ပါတယ်။

ပဲနို့သောက်တာ ဘာအကျိုးကျေးဇူးတွေရပါသလဲ
Related image
ပဲနို့မှာ သံဓာတ်ပါဝင်တဲ့အတွက် သွေးအားနည်းရှိသူတွေအတွက် ကောင်းမွန်တဲ့ အစားအစာတစ်မျိုးဘဲ ဖြစ်ပါတယ်။ ၂၄၀ml ပါတဲ့ပဲနို့ တစ်ခွက်မှာ သံဓာတ် ၁ ဒသမ ၁ မီလီဂရမ်ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ရဲ့ ပမာဏ ၁၄ ရာခိုင်နှုန်း (အမျိုးသား) ၆ ရာခိုင်နှုန်း(အမျိုးသမီး) ကို ဖြည့်တင်းပြီးသားဘဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အဆိပ်တောက်ကင်းစေတဲ့နည်းတစ်ခု
Related image
အဆိပ်တောက်ကင်းဖို့ ရေများများသောက်ပါ။ တစ်နေ့ကို ရေ ၆ ခွက် မှ ၈ ခွက် သောက်ရုံ နဲ့ သင့်အသွင်အပြင်ကို ပြောင်းလဲနိုင်ပါတယ်။ မျက်လုံအောက်မှာ ဖောင်းအစ်နေတဲ့ မျက်အိတ် ကို လျော့နည်းသ်ကသာစေပြီး အရေပြားကလည်း ကြည်လင်လှပလာပြီး ခန္ဓာကိုယ်အတွင်းမှာလည်း အဆိပ်အတောက် ကင်းစေပါတယ်။

source:"ပြည်မြန်မာ"

 Read:ဆီးချို ၊ သွေးချိုဖြစ်နိုင်ခြေ လျော့ကျစေတဲ့ သစ်ကြံပိုး

ဆီးချို ၊ သွေးချိုဖြစ်နိုင်ခြေ လျော့ကျစေတဲ့ သစ်ကြံပိုး

Read times
Rate this item
(1 Vote)