What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 July 2020 15:55

သွေးပေါင်တက်ခြင်း ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ကျနော်တို့လူတိုင်းသွးပေါင်တက်လို့ ဆေးသောက်လိုက်ရင်သွေးပေါင်ပြန်ကျပြီးပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာအလွယ်သိကြပါတယ်။

 

ဒါပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာမှာကို ဘယ်သူမှ ကြိုမတွေးမိကြပါဘူး။ သွေးဖိအားမြင့်တက်လာတဲ့အချိန် ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ထိခိုက်သလဲ၊ ခဏခဏ သွေးပေါင်တက်တာ ကြာလာရင် ဘယ်လို ဆိုးကျိုးတွေဖြစ်ကျန်နေခဲ့လဲဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အားလုံးသိစေချင်တဲ့ အတွက် share လုပ်ပေးလိုက်ပါတယ်။ သွေးပေါင်တက်ခြင်းကြောင့် သွေးတိုးတာ ခဏခဏ ဖြစ်လာရင် အောက်ပါဆိုးကျိုးတွေကို လူတိုင်းမလွဲမသွေ ခံစားရမှာဖြစ်ပါတယ်။

 

၁။ သွေးကြောပျက်စီးခြင်း

သွေးကြောတွေဆိုတာ အဆုတ်နဲ့နှလုံးက သွေးတွေလွယ်လွယ်စီးဆင်း လည်ပတ်နိုင်ဖို့၊ ကိုယ်တွင်းအင်္ဂါနဲ့ တခြားအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင် ပို့လွှတ်နိုင်ဖို့ အပြစ်အနာအဆာကင်းတဲ့ ကျန်းမာခြင်း ရှိနေရပါမယ်။ သွေးတိုးတက်တဲ့အခါ  သွေးကြောနံရံတွေ အရမ်းမာသွားစေပြီး အတွင်းမှ ာပျက်စီးစေတယ် အဆီချေးတွေဖြစ်နေစေတယ်။ အဲဒီအဆီချေးတွေကြောင့် သွေးကြောတွေကို မာစေ၊ ကျဉ်းစေ နိုင်ပါတယ်။

၂။ သွေးကြောဖောင်းခြင်း(Aneurysm)

သွေးကြောနံရံကို ဖိအားဖြစ်စေပြီး အားနည်းစေတဲ့အခါ Aneurysm ဖြစ်စေပါတယ်။ သွေးကြောဖောင်းရာကနေ ပေါက်သွားခဲ့ရင် သွေးယိုစေပြီး အန္တရာယ် ရှိလာနိုင်ပါတယ်။ ဘယ်သွေးကြောမှာမဆို ဖြစ်နိုင်တယ် ဆိုပေမယ့် နှလုံး သွေးလွှတ်ကြောမကြီးမှာ အဖြစ်များဆုံးပါ။

 

၃။ နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD)

နှလုံးနဲ့ နီးတဲ့သွေးကြောတွေမှ ာအဆီချေးတွေ စုလာတဲ့အခါ Coronary Artery Disease (CAD) ဆိုတာဖြစ်လာပါတယ်။ ဖြစ်လာရင် သွေးလည်ပတ်မှုကို နှေးစေပြီး ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မမှန်တာတွေ ဖြစ်စေနိုင်တယ်။ သွေးကြောပိတ်ရင်တော့ နှလုံးရုတ်တရက်ရပ်ခြင်း(heart attack) ဖြစ်စေနိုင်ပါတယ်။

 

၄။ နှလုံးရုတ်တရက်ရပ်ခြင်း (Heart Attack)

နှလုံးသွေးကြောလုံးဝပိတ်သွားတဲ့အခါ နှလုံးရုတ်တရက်ရပ်ခြင်း (heart attack) ဖြစ်လာနိုင်ပါတယ်။ ပိတ်သွားရင် နှလုံးကြွက်သားတွေမှာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေမရရှိနိုင်တော့ပါဘူး။ ဒါဆိုပျက်စီးရတော့မှာပါပဲ။ ရင်ဘတ်ထဲလေးနေတာ၊ အောင့်နေတာခံစားရလေ့ရှိပေမယ့် လက်မောင်း၊ လည်ပင်း၊ မေးရိုးတို့မှာလည်း ခံစားရနိုင်ပါတယ်။ အသက်ရှူရ ခက်ခဲလာနိုင်ပြီးမူးတာ၊ မအီမသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။

၅။ နှလုံးလုပ်ဆောင်ချက် ပျက်စီးခြင်း

သွေးတိုးတဲ့အခါ သွေးကြောတွေကျဉ်းစေပါတယ်။အချိန်ကြာလာတဲ့အခါနှလုံးလုပ်ဆောင်ချက်တွေခက်ခဲလာပြီးအားနည်းလာစေပါတယ်။ နောက်ဆုံးမှာတခြားအစိတ်အပိုင်းတွေကိုပါ သွေးပို့လွှတ်မှုမလုံလောက်တော့ဘဲနှလုံးပျက်စီးရပါတယ်။

 

၆။ နှလုံးကြီးခြင်း

သွေးလည်ပတ်မှုအတွက် ပိုပြီးရုန်းကန်လုပ်ဆောင်နေရတဲ့အခါ နှလုံးကြွက်သားတွေ ထူလာပါတယ် (လေ့ကျင့်ခန်းလုပ်ထားတဲ့ကြွက် သားတွေလို)။ နောက်ဆုံးကျ နှလုံးကြီးလာပါတယ်။ နှလုံးကြီးလာလေ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းက ပိုနည်းလာလေဖြစ်ပါတယ်။ နှလုံးတစ်ရှူးတွေမှ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ လိုသလောက် မရနိုင်တော့ပါဘူး။

 

၇။ လေဖြတ်ခြင်း

သွေးတိုးတာဟာလေဖြတ်ခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ လေဖြတ်တာ နှစ်မျိုးရှိပါတယ်။ အားနည်းနေတဲ့ သွေးကြောက ဦးနှောက်ထဲမှာ ပေါက်သွားတဲ့အခါ Hemorrhagic၊ သွေးကြောနံရံကနေ ကွာထွက်လာတဲ့ သွေးခဲလေးတွေကသွေးလည်ပတ်မှုကို ပိတ်ဆို့ပြီး ဦးနှောက်ဆဲလ်တွေဆီ သွေးမရောက်အောင် တားဆီးတဲ့အခါ Ischemic ဖြစ်ပါတယ်။ သွေးအလုံအလောက်မရတဲ့အခါ ဦးနှောက်ဆဲလ်တွေ သေဆုံးပါတယ်။ FASTလို့အတို ကောက်မှတ်လို့ရတဲ့ လေဖြတ်အရေးပေါ်အချက်လေးခုကို သတိရပါ။ မျက်နှာရွဲ့သွားတာလား , လက်တွေအားနည်းနေလား , စကားပြောရန်ပြသနာရှိနေလား , အရေးပေါ်ဆေးရုံကားခေါ်ပါ။

 

၈။ ကျောက်ကပ်ပျက်စီးခြင်း

သွေးတိုးရောဂါက ကျောက်ကပ်ပျက်စီးခြင်းရဲ့ ဒုတိယ အဖြစ်များဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ အညစ်အကြေးတွေနဲ့ အရည်ပိုတွေ စွန့်ထုတ်ဖို့ ကျောက်ကပ်က အသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းစေ၊ မာစေတာကြောင့် ဆိုးကျိုးမသေးပါဘူး။

 

၉။အရိုးအတွက်ဆုတ်ယုတ်မှု

သွေးတိုးရှိသူတွေဟာဆီးထဲမှာ ကယ်လ်စီယမ်တွေ ပိုပါသွားတတ်ပါတယ်။ ဒါ့ကြောင့်ပဲ အရိုးကျိုးအက်လွယ်တာ၊ အရိုးပွတာတွေ ဖြစ်နိုင်ပါတယ်။

 

အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။ အပေါ်ကအတိုင်းဆို ကျနော်တို့ သွေးတိုးမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ သွေးတိုးရှိနေပြီးသားဆိုရင်လည်း စားသောက်နေထိုင်မှုပုံစံမှာ တတ်နိုင်သလောက် ထိန်းညှိနေထိုင်ရပါမယ်ဆိုတာကို တိုက်တွန်း အသိပေးလိုက်ပါတယ်။


General sai

Read times Last modified on Wednesday, 29 July 2020 16:11
Rate this item
(0 votes)