What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 July 2017 15:03

သွားအခေါင်းပေါက် ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၄) ခု

သွားအခေါင်းပေါက် ဖြစ်စေတဲ့ အလေ့အကျင့်ဆိုး (၄) ခု google.com

သွားတွေ အခေါင်းပေါက်ဖြစ်ပြီး ကိုက်ခဲနေလား။ သွားကိုက်တာဟာ နာကျင်မှုတွေထဲမှာ အဆိုးဆုံးတစ်ခု ဖြစ်ပါတယ်။ လူတိုင်းဟာ သွားအခေါင်းပေါက်ဖြစ်ပွားတာမျိုး ကြုံရတတ်ပါတယ်။

သွားအခေါင်းပေါက်ခြင်းမဖြစ်စေဖို့ ဒီလိုအလေ့အကျင့်ဆိုးတွေကို မပြုလုပ်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁. အချိုစားများစားခြင်း

ချိုတဲ့ အစားအသောက် တွေနဲ့ သကြားများတဲ့ အစားအသောက်တွေကို စားသုံးတာဟာ သွားအခေါင်း ပေါက်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ သကြားဟာ ခံတွင်းထဲက pH အတိုင်းအတာကို လျော့ကျစေပါတယ်။ ခံတွင်းအတွင်းမှာ ပိုးမွှားထုတ်လုပ်မှုနဲ့ အက်ဆစ်ထုတ်လုပ်မှုဟာ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

READ - အရေးပေါ် ကျန်းမာရေး သတိပေးချက် (H1N1 ကြိုတင်ကာကွယ်ရန်)

၂. ဆိုဒါ

ဆိုဒါပါတဲ့ အချိုရည်တွေကို သောက်ခြင်းကလည်း pH အဆင့်ကို လျော့ကျစေတာပါပဲ။ ဒီလို အအေးတွေ၊ ဖျော်ရည်တွေကို သောက်မယ်ဆိုရင် ပိုက်နဲ့စုပ်ပြီး သောက်တာပိုကောင်းပါတယ်။ ဒါမှမဟုတ် သောက်ပြီးတဲ့အခါ ရေနဲ့ ပလုတ်ကျင်းပေးခြင်းမျိုးနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။

၃. သွားတိုက် ဖို့ မေ့ခြင်း

အိပ်ရာမဝင်ခင် သွားတိုက် ဖို့ဟာ မေ့လေ့ရှိခြင်းဟာ သွားအခေါင်းပေါက်ခြင်းကို ဖြစ်စေပါတယ်။ စားကြွင်စားကျန်တွေဟာ သွားကြားတွေမှာ ကျန်ခဲ့ပြီး ပိုးမွှားတွေကို ဖိတ်ခေါ်သလို ဖြစ်နေတာပါ။

သွားတွေဟာ ခိုင်မာခြင်းမရှိတော့ဘဲ အခေါင်းပေါက် တွေ ဖြစ်လာတာပါ။ သွားမတိုက်တဲ့အခါ သွားရည်ထုတ်လုပ်မှုဟာ လျော့နည်းသွားပါတယ်။ သွားရည်တွေဟာ သွားကို ခိုင်မာအောင် ပြုလုပ်ဖို့ရာမှာ အဓိကကျပါတယ်။

၎. ရေခဲစားခြင်း

ရေခဲ ကို ဝါးစားခြင်းမျိုးဟာလည်း သွားအတွက် ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ သွားတွေဟာ ကျိုးပဲ့လွယ်ပြီး အခေါင်းပေါက်တွေ ဖြစ်လာပါတယ်။ ဒီလို အမာတစ်ခုခုကို ဝါးစားတဲ့အကျင့်ကို ရှောင်သင့်ပါတယ်။

READ - သွားတိုက်ရာတွင် မှားယွင့်လေ့ရှိသော အချက် (၁၀) ချက်

Source: lwin pyin

Read times
Rate this item
(1 Vote)