What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 March 2018 10:27

တိုင်းနှင့်ပြည်နယ် ငါးခုတွင် စရိတ်သက်သာသော အခမဲ့ဖြစ်ကျောက်ကပ်သွေးသန့်စင် ဌာန ငါးခုထပ်မံတိုးချဲ့ ဖွင့်လှစ်ဖွယ်ရှိ

တိုင်းနှင့်ပြည်နယ် ငါးခုတွင် စရိတ်သက်သာသော အခမဲ့ဖြစ်ကျောက်ကပ်သွေးသန့်စင် ဌာန ငါးခုထပ်မံတိုးချဲ့ ဖွင့်လှစ်ဖွယ်ရှိ facebook.com

တိုင်းနှင့်ပြည်နယ် ငါးခုတွင် ကုန်ကျစရိတ်သက်သာသော အခမဲ့ဖြစ် ကျောက်ကပ်သွေးသန့်စင်ဌာန ငါးခု ထပ်တိုးချဲ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း

မတ် ၁၁ရက်တွင် ရန်ကုန်မြို့ ၊IBC ၌ ကျင်းပပြုလုပ်သည့် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း တည်ထောင်မှု အောင်မြင်ခြင်း အခမ်းအနားတွင် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၊ဒုဥက္ကဌ ဒေါက်တာဝင်းနိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး (ကျောက်ပန်းတောင်းကျောက်ကပ်သွေးသန့်စင်ဌာန)၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်ကျောက်ကပ်သွေးသန့်စင်ဌာန)၊မွန်ပြည်နယ် (မော်လမြိုင်ကျောက်ကပ်သွေးသန့်စင်ဌာန)၊ ကရင်ပြည်နယ်(ဖားအံ)၊ ကချင်ပြည်နယ်(မြစ်ကြီးနား)တို့တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

"နေ့စဉ် လူဉီးရေ ၁၂၀ ကနေပြီး ၁၅၀ ထိ ကျောက်ကပ်သွေးသန့်စင်နိုင်အောင် စရိတ်စကမယူဘဲ လုပ်ပေးနေပါတယ်။ အလှူရှင်တွေ များများရှိလာရင်တော့ မြန်မာပြည်အနှံ့အပြားမှာ ရှိနေတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေ အေးချမ်းသက်သာစွာ ကုန်ကျစရိတ် သက်သာစွာနဲ့ ကျောက်ကပ်သွေးသန့်စင်နိုင်အောင် ကြိုးစားမှာပါ။ ကျန်းမာရေးဝန်ကြီးကလည်း အားပေးစကား ပြောကြားသွားတဲ့ အတွက် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းကလည်း အရှိန်အဟုန်နဲ့ အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်"ဟု မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၊ဒုဥက္ကဌ ဒေါက်တာဝင်းနိုင်ကပြောသည်။

19905176 353710091714139 6603456464099171883 n

မြန်မာကျောက်ကပ်ဖောင်ဒေးရှင်းက ကျောက်ကပ်သန့်စင်စက်၊နည်းပညာ၊အတတ်ပညာများ ပံ့ပိုးကူညီထားသော ကျောက်ကပ်သွေးသန့်စင်ဌာနများမှာ ပျဉ်းမနားမြို့တွင် (သံဃဘေသဇဌာန ဝိဟာရဆေးရုံ၊ရန်ကုန်မြို့တွင် သုခကျောက်ကပ်သွေးသန့်စင်ဌာန (နာရေးကူညီမှုအသင်း)၊ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)၊လားရှိုးမြို့တွင် ဘာသာမရွေးနာရေးကူညီမှုအသင်း ၊မြင်းခြံမြို့တွင် ဆန္ဒတော်ပြည့် အာဃုပါလ ၊ပဲခူးမြို့တွင် ဗိဗာန်ရှင်လူမှုရေးနှင့်နာရေးကူညီမှုအသင်းတို့ ဖြစ်သည်။

အဆိုပါဖောင်ဒေးရှင်းအနေဖြင့် ကျောက်ကပ်ရောဂါ မဖြစ်ပွားစေရေးအတွက် ပြည်သူလူထုအား အသိပညာပေးများလည်း ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ကပ်သွေးသန့်စင်ဌာနများ ဖွင့်လှစ်နိုင်ရန်နှင့်လိုအပ်သည့် စက်ကိရိယာများ ဝယ်ယူနိုင်ရန်အတွက် ပါဝင်လှူဒါန်းလိုသည့်စေတနာရှင်များအနေဖြင့် မြန်မာကျောက်ကပ်ဖောင်ဒေးရှင်းစာရင်းအမှတ် SF 013262(မြန်မာ့စီးပွားရေးဘဏ်) ၊Myanmar Kideny Foundation ၊CB ဘဏ် 0019600300000795၊ AYA ဘဏ် 0122205010000026၊KBZ ဘဏ် 24630424600274301တို့တွင် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

Source: Myanmar Time

Read times Last modified on Monday, 12 March 2018 12:05
Rate this item
(0 votes)