What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 May 2018 16:31

အရသာရှိတဲ့ ကြက်ဂွေးတောက်ဟင်းတခွက်တွင် ပါဝင်သော ကျန်းမာရေးကောင်းကျိုးများ

အရသာရှိတဲ့ ကြက်ဂွေးတောက်ဟင်းတခွက်တွင် ပါဝင်သော ကျန်းမာရေးကောင်းကျိုးများ google.com

ကြက်သားဂွေးတောက်ရွက်ဟင်းကို လူတိုင်းသိကြမှာပါ။ ကြက်သားအရသာလေးနဲ့ ဂွေးတောက်ရွက် အရသာလေးကို ဟင်းတစ်ခွက်ထဲမှာ ခံစားရနိုင်တဲ့ ဟင်းကောင်းတစ်ခွက်ဆိုလည်း မမှားပါဘူး။

ကြက်သားဂွေးတောက်ရွက်ဟင်းတစ်ခွက်က အရသာရှိသလို ဆေးဖက်လည်းဝင်ပါတယ်။

ကြက်သားဂွေးတောက်ရွက်ဟင်းတစ်ခွက်ထဲတွင် ပါဝင်သည့်ကြက်သားပေါ်မူတည်ပြီး ဆေးဖက်ဝင်ပုံခြင်းမတူပါဘူး။

 

 

Image result for ကြက်ဂွေးတောက်

(၁) ကြက်ဖအသားကို စားသုံးခြင်းဖြင့် အဆီဩဇာပြည့်ဝခြင်း၊ အစာကြေလွယ်ခြင်း၊ အသံကြည်လင်ခြင်း၊ ချွေးပုပ်ထွက်ခြင်း၊ အအေးမိရောဂါပြေပျောက်စေခြင်း၊

(၂) အဖြူရောင် ကြက်၏ အသားကို စားသုံးခြင်းဖြင့် လူကိုအသားဓာတ်ရစေခြင်း၊ သည်းခြေရောဂါကို နိုင်ခြင်း၊ အစာကြေခြင်း၊ ဝမ်းချုပ်ခြင်းကို ပြေပျောက်စေခြင်း၊

(၃) အနက်ရောင်ကြက်၏ အသားကို စားသုံးခြင်းဖြင့် အအေးမိရောဂါကို ပြေပျောက်စေခြင်း၊ ဆီးချုပ်ဝမ်းချုပ်ကို ပြေပျောက်စေခြင်း၊ အစာကြေလွယ်ခြင်း၊ အကြောတတ်ညောင်းညာပြေပျောက်ခြင်း၊ အရိုးကျိုးခြင်းကို အမြန်ဆုံးပြန်ဆက်စေခြင်း၊

(၄) တိန်ညင်ကြက်မ(ကြက်အသေးမျိုး)၏ အသားကို စားသုံးခြင်း၊ဖြင့် ဆီးဝမ်းမှန်စေခြင်း၊ ခြေလက်ဖောရောင်မှုကို သက်သာစေခြင်း၊ အဆိပ်အတောက်ပြေစေခြင်း၊ သည်းခြေရောဂါကို နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရှိပါတယ်။

တဖန်ဂွေးတောက်ရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ ခါးသက်သက်အရသာ ရှိပြီး လည်ချောင်းနာ၊ လေရောဂါ၊ ပန်းနာရင်ကျပ်၊ ဆီးပူညောင်းကျနှင့် ဒူလာရောဂါတို့ကို နိုင်တယ်၊ သွေးကိုပွားစေပြီး ကာမကိုအားပေးပါတယ်။

ဂွေးတောက်ရွက်ကို အဖြူရောင်ကြက်နှင့် ရော၍ ချက်စားရင်တော့-

(၁) မီးယပ်ပိန်၊ မီးယပ်ခြောက်ရောဂါရှိသူများ ၊ အပူအားကြီးပြီး ပိန်ချုံးချိနဲ့နေသူများနှင့် မီးယပ်အပူအပုပ် ငုတ်သော အမျိုးသမီးတိုင်းအတွက် ကောင်းမွန်ပါတယ်။

(၂) အညောင်းမိအညောင်းထိုင်သူများအတွက် အကောင်းဆုံးပေါ့၊

(၃) ထန်းရည်၊ အရက်၊ ဘီယာ စတဲ့ ယမကာများကို ကြာရှည်စွာသောက်သုံးသူများမှာ ခွေးတောက်ရွက်ကို ကြက်သားနှင့် တစ်ပတ်ကို တစ်ကြိမ်မျှသာ ချက်စားရုံဖြင့် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ အဆိပ်အတောက်များ (အရက်ဂျိုး)များကို ပြေပျောက်စေပါတယ်။

(၄) ကျား၊မ သဘာဝခွန်အားတိုးဆေးအဖြစ် ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားနိုင်ပါတယ်။

Source: YCDC

Read: မြင်းခွာရွက်၏ ဆေးဖက်ဝင်ပုံ (၈) ချက်

မြင်းခွာရွက်၏ ဆေးဖက်ဝင်ပုံ (၈) ချက်

Read times Last modified on Wednesday, 09 May 2018 16:46
Rate this item
(0 votes)