What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 08 February 2020 14:53
သွေးတိုးရောဂါ အတွက် အန္တာရယ် ရှိစေသောအစားအစာများ
ဆေးဝါးကျွမ်းကျင်ပညာရှင်များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား ( silent Killer ) လို့ခေါ်လေ့ရှိပါတယ်။
ဘာကြောင့်လည်းဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူအများအပြားက သွေးတိုးရောဂါကို ခံစားနေကြရပြီး သွေးတိုရောဂါကြောင့် ၇.၁ သန်း နှစ်စဉ် သေဆုံးနေရပါတယ်။
သွေးတိုးရောဂါက အချိန်အခါမရွေး ဖြစ်ပေါ်တတ်တဲ့ ရောဂါတစ်မျိူး ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်စားသောက်နေသော အစားအသောက်များမှ အငန်ဓာတ် နဲ့ အချိုဓာတ် လွန်းကဲစွာ စားသုံးမိနေတာကလည်း သွေးတိုးရောဂါကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လို အစားအသောက်တွေက သွေးတိုးရောဂါ ဖြစ်စေလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
Energy Drinks - အားဖြည့်အချိုရည်
ဆိုဒါ ပါဝင်တဲ့ အားဖြည့်အချိုရည် သောက်သုံးခြင်းကလည်း ကော်ဖီ တစ်ခွက်သောက်တာနဲ့ အလာတူပါပဲ။  စွမ်းအင်ပါသော အရှည်များသောက်ခြင်းက စူးချသော ကော်ဖီ ၊ ဆိုဒါ သောက်သုံးခြင်းနဲ ညီမျှပါတယ်။ ဒါကို သောက်သုံးခြင်းက သွေးတိုးခြင်းဖြစ်ပေါ်စေနိုင်တဲ့အပြင် ကော်ဖီပါ ကပ်ဖေးဓာတ်များက လည်းနာရီအနည်းအတွင်း သွေးလက်ပတ်မှု့ကို ကို အအဟန့်တားဖြစ်နိုင်ပါတယ်။
Pizza - ပီဇာ
ပီဇာထဲမှာပါတဲ့ ချီစ့် တို့ ၊ tomato ဆော့ဖ် ပါဝင်မှုတွေက အလွန်များပါတယ်။ အဒီဆော့ဖ်တွေက ဆိုဒီရမ် နဲ့ ကာဗွန်ဟိုင်ထရိတ် ပါဝင်များတာကြောင့် ပီဇာစားခြင်းကလည်း သင့်ကို အမှတ်မထင် သွေးတိုစေနိုင်ပါတယ်။
Processed Meats - ပြုပြင်ထားသော အသားများ
အသင့်ပြင်ထားသော ဝက်အူချောင်း နဲ့ ကြက်သားတွေက ဆိုဒီယမ် နဲ့ အဆီဓာတ်တွေ ပါဝင်မှုများတာကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ၊ သွေးလွှတ်ကြောများ သွေးအနယ်ထိုင်ခြင်း ၊ သွေးကြောပိတ်ခြင်း စတာတွေအပြင် ထိုပြုပြင်ထားတဲ့ အသားတွေက သွေးတိုးရောဂါ ဝေဒနာရှင်တွေကို သွေးတိုးခြင်း အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။
Bacon - ဝက်ဆီ အခေါက်
ဝက်ဆီ အခေါက်စားသုံးခြင်းက သင့်ကျန်းမာရေးကို အထောက်အကူ မပြုနိုင်ပါဘူး ။ လေ့လာတွေ့ရှိချက်အရ ဝက်ဆီအခေါက်တွေမှာ အငန်ဓာတ်နဲ့ ပြည့်ဝအဆီ ပါဝင်မှုများတာကြောင့် သွေးတိုးခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။
Alcohol - အရက်
အရက်သောက်ခြင်းက သင့်ရဲ့သွေးကြောများကို ကျုံ့သွားစေတာကြောင့် သွေးပတ်လည်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီလိုသွေးလည်ပတ်မှုကို နှောင့်နှေးစေတာကို နှလုံးကို သွေးများ ရောက်ရှိသင့်သလောက် မရောက်ရှိတော့ပဲ နှလုံးရဲ့ စွမ်းဆောင်မှုကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။
French Fries - အာလူးချောင်းကြော်
အားလူးချောင်းကြော် က အဆီဓာတ် နဲ့ ဆိုဒီယမ် များစွာပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအားလူးချောင်းတွေက ထပ်တလဲလဲ ကြော်ဆီတွေကို တစ်ချိန်ထဲမှာ စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် အာလူးချောင်းကြော်တွေကို လိုတာထက် ပိုစားသုံးမယ်ဆိုရင် သင့်ကို သွေးတိုးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Written By Health Products Directory
(Zawgyi)
----------
Pizza - ပီဇာ
Bacon - ဝက်ဆီ အခေါက်
Alcohol - အရက်
Read times
Rate this item
(0 votes)