What's New




Friday, 19 May 2023 09:38

ကိုယ်ဝန်ပျက်ကျပြီးနောက် သွေးစစ်ခြင်းဖြင့် အဘယ်ကြောင့် ကိုယ်ဝန်ပျက်ကျရသည်ကို ရှင်းပြနိုင်

ကိုယ်ဝန်ပျက်ကျပြီးနောက် သွေးစစ်ခြင်းဖြင့် အဘယ်ကြောင့် ကိုယ်ဝန်ပျက်ကျရသည်ကို ရှင်းပြနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကိုယ်ဝန်အစောပိုင်း ၅ ပတ်တွင် ကိုယ်ဝန်ပျက်ကျပြီးနောက် သွေးစစ်ခြင်းဖြင့် အဘယ်ကြောင့် ကိုယ်ဝန်ပျက်ကျရသည်ကို ရှင်းပြနိုင်ပြီး အချို့ကိစ္စများတွင် ကြိုတင်ကာကွယ်သည့် ကုသမှုများ ဆောင်ရွက်ပေးနိုင်စေသည်ဟု ဒိန်းမတ်သုတေသီများက ပြောကြားပါသည်။

.

ပျမ်းမျှအားဖြင့် အမျိုးသမီး ၁၀ ယောက်တွင် ၁ ယောက်သည် ကိုယ်ဝန်ပျက်ကျခြင်း ကြုံတွေ့ရပါသည်။ အထူးသဖြင့် အသက်ကြီးမှ ကလေးစယူကြသည့်  နိုင်ငံများတွင် ကိုယ်ဝန်ပျက်ကျသည့်အရေအတွက် ပိုများပါသည်။

.

ဒိန်းမတ် မီးယပ်သားဖွား ပညာရှင် Henriette Svarre Nielsen နှင့် သူမ၏ သုတေသီ အဖွဲ့သည် မကြာသေးမီက ဗြိတိန် ဂျာနယ် The Lancet တွင် လေ့လာမှု တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

.

 အစောဆုံးအနေဖြင့် ကိုယ်ဝန်ငါးပတ်တွင် ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း မိခင်ထံမှ ယူထားသော သွေးနမူနာသည် သန္ဓေသားတွင် ခရိုမိုဆုန်း မူမမှန်ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်သည်။

.

ဒိန်းမတ်တွင် အမျိုးသမီးတစ်ဦး ကိုယ်ဝန် ၃ ကြိမ် ပျက်ကျပြီးနောက်မှသာ ယင်းစမ်းသပ်မှုများကို ဆောင်ရွက်ပေးလေ့ရှိသည်။ ထို့ပြင် ကိုယ်ဝန် ၁၀ ပတ်ကျော်မှသာ ဆောင်ရွက်ပေးပါသည်။

"အခု ၂၀၂၃ ခုနှစ်ပါ။ တစ်စုံတစ်ယောက်က ဘာလို့ ကိုယ်ဝန်ပျက်ကျတတ်တာလဲဆိုတာ ဆေးစစ်ဖို့အရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုနေရဦးမှာလား" ဟု ကိုပင်ဟေဂင်မြို့အနီးရှိ Hvidovre ဆေးရုံမှ Svarre Nielsen က ပြောကြားသည်။

ယခုအခါ လေ့လာစူးစမ်းမှု ပြုနေခြင်းအတွက်  ကိုယ်ဝန်ပျက်ကျပြီး Hvidovre ဆေးရုံ အရေးပေါ်ခန်းသို့ လာရောက်ပြသသော အမျိုးသမီးများအားလုံးကို သွေးစစ်ပေးဖို့ ကမ်းလှမ်းပါသည်။

၇၅% ကျော်က သွေးစစ်ကြည့်ဖို့ သဘောတူကြပါသည်။

 သွေးနမူနာကို ဆေးရုံမှ ဓာတ်ခွဲခန်းသို့ ချက်ချင်းပေးပို့သည်။

ထို့နောက် သန္ဓေသား၏ DNA သည် ခရိုမိုဆုန်း မူမမှန်ခြင်း ရှိ၊ မရှိ သိရန် စစ်ဆေးသည်။ ကိုယ်ဝန်ပျက်ကျသူများတွင် ၅၀ မှ ၆၀% အထိသည် ခရိုမိုဆုန်း မူမမှန်ခြင်းကြောင့် ပျက်ကျခြင်း ဖြစ်သည်။

မူမမှန်ခြင်းများတွင် အချို့သော မူမမှန်ခြင်းများသည် အခြားမူမမှန်ခြင်းများထက်  ပြင်းထန်ခြင်း ရှိမရှိကို ဆရာဝန်များက ဆုံးဖြတ်နိုင်သည်။

မူမမှန်ခြင်းများကို မတွေ့ရှိပါက ဆရာဝန်များသည် အကြောင်းရင်းများကို စေ့စေ့စပ်သပ် ရှာဖွေမည် ဖြစ်သည်။ 

.

ကိုယ်ဝန်ပျက်ကျခြင်းသည် ဟော်မုန်းမညီမျှခြင်း၊  ဟော်မုန်းစနစ် ဖောက်ပြန်ခြင်း၊  လူနေမှုပုံစံပြဿနာ စသည်တို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။

အကြောင်းရင်းကို ဖော်ထုတ်သတ်မှတ်ပြီးသောအခါ လိုအပ်သလို ကုသမှုပေးမည်။ ဆောင်ရန်ရှောင်ရန်များကို အသိပေးမည် ဖြစ်သည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 19 May 2023 09:39
Rate this item
(0 votes)