What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 June 2018 15:16

အစာမကျေခြင်းအတွက် ဂျင်းလက်ဖက်ရည်

အစာမကျေခြင်းအတွက် ဂျင်းလက်ဖက်ရည် Google.com

အစားမှားတဲ့ အခါ ၊ အစာမကျေတဲ့ အခါ ၊ ဗိုက်အင့်ခြင်း ၊ အစာကြေမလွယ်တဲ့ အစာများ စားမိခြင်း တို့က ဗိုက်ကယ် ၊ ဗိုက်နာခြင်းရဲ့ အခြေခံ အကြောင်းတရားများဖြစ်ပါတယ်။

ရေသောက်နည်းခြင်း(သို့) နည်းခြင်း ၊ ၀မ်းချုပ်ခြင်း ၊၀မ်းဖောဝမ်းယောင်ခြင်းတို့မှာလည်း တစ်ခါတစ်လေအစာမကျေမှုကို ဖြစ်စေနိုင်ပါတယ်။

အစာမကျေခြင်းက အကောင်းဆုံး စွမ်းအင် ၊ကျန်းမာရေး နဲ့ ခန္ဓာကိုယ်ပြန်လည်ကျန်းမာအောင် ကောင်းကောင်းအလုပ်မလုပ်နိုင်မှာဖြစ်စေတဲ့အတွက် သင့်အတွက် ဆိုးကျိုးများပါလိမ့်မယ်၊ ဂျင်းရည်က ထိုရောဂါများမှသက်သာစေမှာ ဖြစ်ပြီး သူမတူတဲ့ စွမ်းရည်တစ်မျိုးလို ဝေဒနာကို ယူပစ်သလို ပျောက်ကင်းစေမှာ ဖြစ်ကြောင်း အောက်ပါအချက်များနဲ့  လေ့လာကြည့်ရအောင်။

ဂျင်းက အစာမကျေခြင်းကို အဓိက ပျောက်ကင်းစေနိုင်တာဖြစ်ပြီး ၀မ်းဖောဝမ်းရောင်နာတွေကိုလည်း သက်သာစေပါတယ်။ဂတ်စ်ကြောင့်ဖြစ်တဲ့ ဝေဒနာ ၊ အပူအစပ်နဲ့ အရက်နာတွေကို လျင်မြန်စွာ ကုသပေးမှာပါ။ခန္ဒာကိုယ် အပူချိန်ကို မြန်မြန်မြင့်တက်စေမှာ ဖြစ်ပြီး အဆီတွေကိုလောင်ကျွန်းစေမှာဖြစ်ပါတယ်။ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးမနိုင်တာလည်း မေ့လို့မရပါဘူး၊

ဘယ်လိုပြုလုပ်မလဲ

ဂျင်းမှုန့် လက်ဖက်ဇွန်းတစ်ဝက် နဲ့ ဂျင်းအနည်းငယ်ကို ခြစ်ထည့်ပါ။ရေတစ်ခွက် ၊ ပျားရည်ကြိုက်ရင်လည်း ထည့်အသုံးပြုနိုင်ပါတယ်။

မီးအနည်းငယ်နှင့် ရေကိုကြိုပါ။ခြစ်ထားတဲ့ ဂျင်းအနည်းငယ်နဲ့ ဂျင်းအမှုန့်တို့ကိုထည့်ပါ။ (၅) မိနစ်လောက်ကြိုချက်ပြီးပြှီဆိုပါက နွေးနေတုန်းသောက်လိုက်ပါ ။ အချိုကြိုက်ရင်တော့ ပျားရည်ထည့်နိုင်ပါတယ်။လက်ဖက်ခြောက်၊လီမွန်တို့လည်း ထည့်သောက်နိုင်ပါတယ်။

source:mingarbarmorning

MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။

Directory_Book_1.jpg

Read:အအေးမိ တုပ်ကွေးအတွက် ကုလား ၄ ကောင်

အအေးမိ တုပ်ကွေးအတွက် ကုလား ၄ ကောင်

Read times Last modified on Wednesday, 27 June 2018 15:33
Rate this item
(1 Vote)